-
ရခိုင်ပြည်တွင် စစ်တပ်နှင့်ဆက်နွယ်သော စီးပွား ရေးသမားများ၏ ဟိုတယ်၊ မိုတယ်၊ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို AA က ချိတ်ပိတ်၊ စစ်တပ်၏ ခရိုနီ ဦးကျောက်တောင်၏ ပိုင်ဆိုင်မှုများလည်း ပါသွား 🟥 သံတွဲမြို့၊ငပလီကမ်းခြေရှိ ဟိုတယ်များနှင့်အိမ်ရာစီမံကိန်းများ AA လက် အောက် သို့ ကျရောက်မှု စစ်ကောင်စီနှင့်ခရိုနီသူဌေးများအတွက် အထိနာဆုံး
ရခိုင်ပြည်တွင် စစ်တပ်နှင့်ဆက်နွယ်သော စီးပွား ရေးသမားများ၏ ဟိုတယ်၊ မိုတယ်၊ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို AA က ချိတ်ပိတ်၊ စစ်တပ်၏ ခရိုနီ ဦးကျောက်တောင်၏ ပိုင်ဆိုင်မှုများလည်း ပါသွား 🟥 သံတွဲမြို့၊ငပလီကမ်းခြေရှိ ဟိုတယ်များနှင့်အိမ်ရာစီမံကိန်းများ AA လက် အောက် သို့ ကျရောက်မှု စစ်ကောင်စီနှင့်ခရိုနီသူဌေးများအတွက် အထိနာဆုံး ရန်ကုန်၊ မတ် ၁၁ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် မြို့နယ်များအတွင်းရှိ စစ်တပ်နှင့်ဆက်သွယ်နေသော ဟိုတယ်များ၊ မိုတယ်များ၊ လုပ်ငန်းများ၊ နေအိမ်များနှင့် စစ်တပ်ဘက်တော်သား စီးပွားရေးသမားများ၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအားလုံးကို AA က ချိပ်ပိတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ရခိုင်ပြည်က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်အပါအဝင် အာဏာသိမ်း စစ်ကောင်စီနှင့် ကူးလူးဆက်သွယ် ပေါင်းသင်းနေသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကို AA…
-
ငပလီကမ်းခြေက စစ်ခေါင်းဆောင်မိသားစုတွေ ပိုင်ဆိုင်တဲ့ ကြယ်ငါးပွင့် ဟိုတယ်တွေကို ULA က ချိတ်ပိတ်
ငပလီကမ်းခြေက စစ်ခေါင်းဆောင်မိသားစုတွေ ပိုင်ဆိုင်တဲ့ ကြယ်ငါးပွင့် ဟိုတယ်တွေကို ULA က ချိတ်ပိတ် ငြိမ်းချမ်းစေ ၊ လေးဝတီ FM ၁၀ ၊ မတ် ၊ ၂၀၂၅ စစ်ခေါင်းဆောင်မင်းလှိုင် နဲ့ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေး ရဲ့ မိသားစုတွေ ပိုင်ဆိုင်တဲ့ ငပလီက ဟိုတယ်တွေ နဲ့ မြန်မာအစိုးရ နဲ့ ခေတ်အဆက်ဆက် လက်ဝါးချင်းရိုက်ခဲ့တဲ့ ခရိုနီတွေ ပိုင်ဆိုင်တဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွေကို ULA က ချိိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ငပလီကမ်းခြေ ဟိုတယ်ဇုံ ကို ၂၀၂၄ ဇူလိုင်လ ကတည်းက သိမ်းပိုက်ခဲ့ပြီး ရှစ်လတာ ကာလ လွန်မြောက်ပြီးနောက်မှာ တချို့ဟိုတယ် တွေကို အာရက္ခပြည်သူ့ အစိုးရ ပိုင်အဖြစ် တရားဝင်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း…
-
မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး၊ သာစည်တွင် ရဲနှင့်အုပ်ကြီးများပေါင်း၍ ပြည်သူများကို ဖမ်းဆီးငွေညှစ်နေ
မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး၊ သာစည်တွင် ရဲနှင့်အုပ်ကြီးများပေါင်း၍ ပြည်သူများကို ဖမ်းဆီးငွေညှစ်နေ ရန်ကုန်၊ မတ် ၁၁ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူ၏ ဆွေးမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊မှော်ဘီမြို့၊ဆပ်သွားတောကျေးရွာအုပ်စုတွင် နေထိုင်သော မောင်ပြည့်ဖြိုးလှိုင်ကို ကျေးရွာ ရာအိမ်မှူး စန်းလွင်နှင့် စစ်သားများက ဝင်ရောက်ဖမ်းဆီးကြောင်း၊ မောင်ပြည့်ဖြိုးလှိုင်သည် မျက်စိခွဲစိတ်မှု ခံယူထားရသော ဝေဒနာရှင်တစ်ဦးဖြစ်ပြီး အိမ်ထောင်သည်တစ်ဦးလည်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရချိန် နေအိမ်တွင် ဇနီးဖြစ်သူနှင့် အသက် ၃ နှစ်အရွယ် သားငယ်လေး…
-
EAO များ ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနှင့်ဖြစ်နိုင်တာကို ပြောရန် မင်းအောင်လှိုင် ပြောပြန် 🟥 မင်းအောင်လှိုင်နှင့်စစ်တပ်မှာ တရားမဝင် ဖက်ဆစ် အဖွဲ့အစည်း ဖြစ်၍ တိုင်းရင်းသားများအရေး ပြောဆိုပိုင်ခွင့်မရှိဟု KNU တုံ့ပြန်
EAO များ ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနှင့်ဖြစ်နိုင်တာကို ပြောရန် မင်းအောင်လှိုင် ပြောပြန် 🟥 မင်းအောင်လှိုင်နှင့်စစ်တပ်မှာ တရားမဝင် ဖက်ဆစ် အဖွဲ့အစည်း ဖြစ်၍ တိုင်းရင်းသားများအရေး ပြောဆိုပိုင်ခွင့်မရှိဟု KNU တုံ့ပြန် ရန်ကုန်၊ မတ် ၁၁ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO များအနေဖြင့် ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနှင့်ဖြစ်နိုင်တာကို ပြောရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ မတ်လ ၉ ရက်နေ့ ရုရှားခရီးစဉ်မှ အပြန် လေယာဉ်ပေါ်တွင် စစ်တပ်လက်အောက်ခံ မီဒီယာများနှင့်တွေ့စဉ် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းပြောဆိုချက်ကို ယနေ့ မတ်လ ၁၁ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် အကျယ်တဝင့်ဖော်ပြထားသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က…
-
မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော
မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော မတ် ၁၀၊ ၂၀၂၅ အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ “ထရမ့်မှာ မြန်မာပြည်အတွက် မူဝါဒ ရှိမရှိတော့ မသိရသေးပေမယ့် မြန်မာပြည်ကို လျစ်လျူရှုလိုက်သလို ဖြစ်နေတာတော့ ရှင်းပါတယ်၊ ဒါက သဘောသဘာဝအရ မြန်မာကို တရုတ်ဆီကို လက်လွှတ်လိုက်တာဖြစ်ပြီး တရုတ်အနေနဲ့ လေဟာနယ်တည်ဆောက်ဖို့ ဝင်ရောက်လာမှာဖြစ်တယ်” လို့ SAC-M တည်ထောင်သူ အဖွဲ့ဝင် Yanghee Lee က ကုလသမဂ္ဂ…
-
ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ခွင့်ပြုစာရင်းကို လေဆိပ်သို့ ကြိုတင်ပေးပို့မည်
ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ခွင့်ပြုစာရင်းကို လေဆိပ်သို့ ကြိုတင်ပေးပို့မည် 🟥စစ်ကောင်စီ၏ အတည်ပြုအလုပ်ခေါ်စာများနှင့် ကျွမ်းကျင်အလုပ်များအတွက် OWIC ကတ် ပြန်ထုတ်ပေးပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်အမျိုးသားများကို ပြည်ပအလုပ် လုပ်ခွင့် ဆက်ပိတ် ရန်ကုန်၊ မတ် ၁၁ မြန်မာနိုင်ငံမှ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများအားလုံးအနေဖြင့် အလုပ် သမားဝန်ကြီးဌာန၏ ခွင့် ပြုချက် ရယူရမည်ဖြစ်ပြီး ခွင့်ပြုသည့် အလုပ်သမားစာရင်းကိုလည်း လေဆိပ်သို့ ကြိုတင်ပေးပို့ထားမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ကြေညာသည်။ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ်အကိုင် သွားရောက်မည့်သူများသည် OWIC ပြည်ပအလုပ်အကိုင် သက်သေခံကတ် လက်ဝယ်ရရှိပြီးနောက်…
-
စစ်တပ်အတွင်း ပုန်ကန်မှု မဖြစ်ရေး မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်ရာထူးပေးသည့် စနစ်ကြောင့် ဗိုလ်ချုပ်များအကြား အုပ်စုကွဲများစွာ ဖြစ်နေပြီး ညီညွတ်မှုမရှိဘဲ အားပြိုင်နေ
စစ်တပ်အတွင်း ပုန်ကန်မှု မဖြစ်ရေး မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်ရာထူးပေးသည့် စနစ်ကြောင့် ဗိုလ်ချုပ်များအကြား အုပ်စုကွဲများစွာ ဖြစ်နေပြီး ညီညွတ်မှုမရှိဘဲ အားပြိုင်နေ ရန်ကုန်၊ မတ် ၁၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အတွင်း ပုန်ကန်မှုများ မဖြစ်စေရေးအတွက် စီနီယာ၊ ဂျူနီယာအစဉ် အတိုင်းမဟုတ်ဘဲ ၎င်းယုံကြည်စိတ်ချရသူများကို ရာထူးနှင့်တာဝန်များ တိုးမြှင့် ပေးအပ်နေခြင်းကြောင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များအကြား မတူညီသော အုပ်စုကွဲများစွာဖြစ်ပေါ်နေကာ အားပြိုင်ဆိုင်နေကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ မင်းအောင်လှိုင်က ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားချိန် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး ရာထူးနှင့်တာဝန်ပေးအပ်မှုများ ကို စီနီယာ၊ ဂျူနီယာအစဉ်အတိုင်းမဟုတ်တော့ဘဲ ၎င်း၏ စိတ်တိုင်းကျ အပြောင်းအရွှေ့များ လုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ဘက်ရာထူးနှင့်အရပ်ဘက်တာဝန်များကို ၎င်းကို သစ္စာခံသည့်…
-
ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ မတ် ၁၀၊ ၂၀၂၅ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့က ဒရုန်း (၂) စင်းနဲ့ မနေ့က မတ်လ ၉ ရက် မနက်ပိုင်းမှာ အချိန်ခြားပြီး ဗုံး (၃) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့…
-
စစ်ခေါင်းဆောင်၏သားပိုငိဆိုင်သည့် ဟိုတယ်များနှင့် ခရိုနီးများ၏ ဟိုတယ်များကို ULA/AA ချိပ်ပိတ် သိမ်းဆည်း
စစ်ခေါင်းဆောင်၏သားပိုငိဆိုင်သည့် ဟိုတယ်များနှင့် ခရိုနီးများ၏ ဟိုတယ်များကို ULA/AA ချိပ်ပိတ် သိမ်းဆည်း ဧရာဝတီတိုင်းမ် မတ် ၁၀ ရက် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် စိုးမိုးနယ်မြေများမှ စစ်ခေါင်းဆောင်နှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်နှင့် လုပ်ငန်းများကို AA က ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေမှ စစ်ခေါင်းဆောင်နှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်များအပြင် စစ်အုပ်စုက သိမ်းပိုက်ထားသည့် မြေဧကများကိုပါ AA က ချိပ် ပိတ်လိုက်ကြောင်း သိရသည်။ “စစ်ခေါင်းဆောင်ရယ်၊ ဒုစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုနဲ့ လက်ဝါးရိုက်ကြီးပွားနေတဲ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေကို အခုရက်ပိုင်းမှာ AA က ချိပ်ပိတ်နေတယ်။ မြောက်ဦးနဲ့ မင်းပြားက လုပ်ငန်းတွေလည်း ချိပ်ပိတ်ခံရတဲ့အထဲပါတယ်လို့ သိရပါတယ်”ဟု ရခိုင်သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။…
-
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ်
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ် ရဲခေါင်၊ ကဖေး /People’s Spring ရန်ကုန်မြို့၊ တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အမျိုးသ မီး အား လူတစ်စုကကြိုးတုပ်ပြီး ဓားဖြင့်ထိုးကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။ ယနေ့(မတ်လ ၁၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကဖြစ် ပွားခဲ့သည့် အဆိုပါဖြစ်စဥ်ကြောင့် အဆိုပါလမ်း နေထိုင်သူများ တုန်လှုပ်ခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။ “တိုက်ရဲ့ပထမထပ်မှာ ဖြစ်တာ။အိမ်ရှင် အမျိုး သမီးကို ကြိုးတွေတုပ် ဓားတွေနဲ့ မွှန်းထိုးထားပြီး ပစ္စည်းတွေယူသွားကြတယ်”ဟု ဖြစ်စဥ်ကို သိရှိသည့် မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ အိမ်ရှင်အမျိုးသမီး၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်မရှိတော့ဘဲ အနုကြမ်းစီးသူများလည်း လွတ် မြောက်နေကြောင်း ၎င်းက ပြောသည်။ ကျူးလွန်မှုတွင် လူဦးရေမည်မျှပါဝင်သည်ကိုမှု မသိရသေးပေ။…