MYIA MM

    • Sample Page
Illustration of a bird flying.
  • တရုတ်လက်နက်ကိုင်ကြေးစားတပ်များ မြန်မာပြည်ဝင်လာနိုင်ရန် စစ်ကောင်စီက ဥပဒေသစ် ပြဋ္ဌာန်း

    တရုတ်လက်နက်ကိုင်ကြေးစားတပ်များ မြန်မာပြည်ဝင်လာနိုင်ရန် စစ်ကောင်စီက ဥပဒေသစ် ပြဋ္ဌာန်း

    တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမရောက်မီ လက်နက်ကိုင်ဆောင်ခွင့်ပါတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေသစ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပါတယ်။ အခုနှစ် ဇန်နဝါရီအစောပိုင်းကတည်းက တရုတ်လုံခြုံရေးကုမ္မဏီတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေကြားပြီးကတည်းက စစ်ကောင်စီက ဒီဥပဒေကို ရေးဆွဲနေတာလို့ နေပြည်တော်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ “ကျောက်ဖြူ ရေနက်စီမံကိန်းနဲ့ ပိုးလမ်းမစီမံကိန်းကို တရုတ်တွေက ကိုယ်တိုင် လုံခြုံရေးယူချင်တယ်။ တရုတ်တွေ လက်နက်နဲ့ဝင်လာရင် ပြည်သူတွေအထိန့်တလန့်ဖြစ်မယ်။ ဒါကို ကြိုကာတဲ့အနေနဲ့ ဒီဥပဒေထုတ်တာ။” ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကွဲရေး ဗဟိုကော်မတီကို ၁၆ ယောက်နဲ့ ဖွဲ့စည်းထားပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ နယ်လုံဝန်ကြီးက ဦးဆောင်ကာ ၁၄ ယောက်နဲ့ဖွဲ့ စည်းထားပါတယ်။ ဒီဥပဒေမှာတော့ စစ်ကောင်စီက သတ်မှတ်ထားတဲ့…

    February 20, 2025
  • တိုင်းရင်းသားများက နိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်၊ အမှန်တိုင်း ရှုမြင်မှုမရှိဘဲ မတည်ငြိမ်မှုကို အခွင့် ကောင်းယူ၊ အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေဟု မင်းအောင်လှိုင် ပြော

    တိုင်းရင်းသားများက နိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်၊  အမှန်တိုင်း ရှုမြင်မှုမရှိဘဲ  မတည်ငြိမ်မှုကို အခွင့် ကောင်းယူ၊ အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေဟု မင်းအောင်လှိုင် ပြော

    တိုင်းရင်းသားများက နိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်၊ အမှန်တိုင်း ရှုမြင်မှုမရှိဘဲ မတည်ငြိမ်မှုကို အခွင့် ကောင်းယူ၊ အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေဟု မင်းအောင်လှိုင် ပြော ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ မြန်မာနိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့များက အခြေအနေကို အမှန်တိုင်းရှုမြင်ခြင်းမရှိဘဲ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ အတွက် ပေးပို့သော စာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုနေခြင်းဖြစ်သည်။ လက်ရှိ ကြုံတွေ့နေရမှုများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှု ရလဒ်ကို ပယ်ဖျက်ခဲ့သည့် အခြေအနေများကို တိုင်းရင်းသားများက…

    February 20, 2025
  • တပ်မ(၈၈)လက်အောက်ခံစစ်ကြောင်းကို နေပြည် တော်နှင့်သရက်ခရိုင်PDFများပူးပေါင်းတိုက်ခိုက်

    တပ်မ(၈၈)လက်အောက်ခံစစ်ကြောင်းကို နေပြည် တော်နှင့်သရက်ခရိုင်PDFများပူးပေါင်းတိုက်ခိုက်

    တပ်မ(၈၈)လက်အောက်ခံစစ်ကြောင်းကို နေပြည် တော်နှင့်သရက်ခရိုင်PDFများပူးပေါင်းတိုက်ခိုက် ကျော်ဇော၊က​ဖေး/People’s Spring မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသရက်ခရိုင်အမှတ်(၁)တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။ စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ ထုတ်နှုတ်အင်အားများနှင့် ပျူများဖြင့် ဖွဲ့စည်းထားသည့် အင်အား ၉၀ ခန့်ပါစစ်ကြောင်းသည် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းအား နယ်မြေရှင်းလင်းရန် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှစတင်ကာ ၇ ရက်ကြာစစ်ကြောင်းထိုးလာခြင်းဟုအမှတ် (၁)တပ်ရင်းက အသိပေးသည်။ စစ်ကောင်စီဗိုလ်မှူးအောင်ဇော်ဖြိုး ဦးဆောင်သည့် အဆိုပါစစ်ကြောင်းသည် ကိုးပင်-သာဂရလမ်းပိုင်းပေါ်ရှိဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာမှစတင်ကာဘန်းကုန်းကျေးရွာအထိ နယ်မြေရှင်းလင်းရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များကထိုစစ် ကြောင်းအား ကိုးပင်-သာဂရလမ်းပေါ်ရှိ ဝါးစိမြောင်ကျေးရွာနှင့် ကြက်မွေးနှုတ်ကျေးရွာအ ကြားတွင် ပဒေသာမိုင်းနှစ်တွဲအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သရက်ခရိုင် အမှတ်(၁)တပ်…

    February 19, 2025
  • ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

    ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

    ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာရှိ ကွမ်းသီးတောဘုရားကုန်း နှင့် ကွမ်းသီးခြံတစ်ခုတွင် အခြေစိုက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်ဆေးရေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ရေးဘီဘူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…

    February 19, 2025
  • အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ

    အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ

    အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်မှာ ငဖဲမြို့နယ်အပိုင်၊ နတ်ရေကန်ဗျူဟာကုန်းစခန်း အနီးဝန်းကျင်မှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ နတ်ရေကန် ခံစစ်စခန်း အနီးဝန်းကျင်မှာ ထိတွေ့မှု အနည်းငယ်ရှိတာကလွဲရင် တိုက်စစ်ကြီးကြီးမားမား မရှိသေးပေမယ့် မကွေးလေတပ်ကတော့ ရဟတ်ယာဉ် တစ်လှည့် လေယာဉ်ပျံ တစ်လှည့်နဲ့ ကင်းထောက်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။ “နတ်ရေကန်စခန်းက အမ်းမကျခင်ကတုန်းကတော့ ရေတာစခန်းပေါ့နော်၊ အမ်းကျပြီးနောက်ပိုင်းမှ…

    February 19, 2025
  • ပေါက်ခေါင်းတွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ စစ်ကားများနှင့်ခဲယမ်းများ မီးလောင်ပျက်စီး (ရုပ်/သံ)

    ပေါက်ခေါင်းတွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ စစ်ကားများနှင့်ခဲယမ်းများ မီးလောင်ပျက်စီး (ရုပ်/သံ)

    ပေါက်ခေါင်းတွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ စစ်ကားများနှင့်ခဲယမ်းများ မီးလောင်ပျက်စီး (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadowက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါင်းတလည်အကြား၊ တောင်ဆင်းဝဂွေအနီး စစ်တပ်၏ ရိက္ခာနှင့်ခဲယမ်းပို့ဆောင်နေသော…

    February 19, 2025
  • ရန်ကုန်တွင် ပြည်ပအလုပ်ကိုင်ရှာဖွေးရေး လုပ်ငန်းရှင်တစ်ဦး ကြိုးဆွဲချ သတ်သေ

    ရန်ကုန်တွင် ပြည်ပအလုပ်ကိုင်ရှာဖွေးရေး လုပ်ငန်းရှင်တစ်ဦး ကြိုးဆွဲချ သတ်သေ

    ရန်ကုန်တွင် ပြည်ပအလုပ်ကိုင်ရှာဖွေးရေး လုပ်ငန်းရှင်တစ်ဦး ကြိုးဆွဲချ သတ်သေ AAMIJ / ဖေဖော်ဝါရီ ၁၈ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၃ ရပ်ကွက်၊ သုခလမ်းမှာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးဟာ ၄င်းနေအိမ်မှာ ကြိုးဆွဲချပြီးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါသတ်သေသူဟာ ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့၊ မနက် ၉နာရီကျော်မှာ ဘေးတွဲမောင်းသူကို လက်ဖက်ရည်ဆိုင် လိုက်ပို့ဖို့အတွက် ပြောဆိုထားတာကြောင့် ဘေးတွဲမောင်သူဟာ သူနေထိုင်တဲ့ သုခလမ်းက နေအိမ်ကို သွားရောက်ခေါ်ဆောင်ရာ နေအိမ်ရဲ့ လှေကားအဆင်းမှာ ကြိုးဆွဲချပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း စစ်တပ်မီဒီယာတွေက သတင်းဖော်ပြထားပါတယ်။ ကြိုးဆွဲချသတ်သေတဲ့ အမျိုးသားဟာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ ပတ်စပိုစ့်စာအုပ် ၇၀တွေ့ခဲ့ရပါတယ်။ ၄င်းအမျိုးသားရဲ့ အသက်အရွယ်မှာ ၄၇ နှစ်ရှိပြီဖြစ်ပါတယ်။…

    February 19, 2025
  • ရေကြည်မြို့နယ် မြောက်စမ်း အမြောက်တပ် ၃၄၄ အနီးရှိ လယ်ကွင်းထဲသို့ လက်နက်ခဲယမ်းများ လွှင့်ပစ်၍ စစ်ကောင်စီတပ်သားအချို့ ထွက်ပြေး

    ရေကြည်မြို့နယ် မြောက်စမ်း အမြောက်တပ် ၃၄၄ အနီးရှိ လယ်ကွင်းထဲသို့ လက်နက်ခဲယမ်းများ လွှင့်ပစ်၍ စစ်ကောင်စီတပ်သားအချို့ ထွက်ပြေး

    ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၈ ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာရှိ အမှတ်(၃၄၄) အမြောက်တပ် (အမတ -၃၄၄) အနီးရှိ လယ်ကွင်းထဲသို့ လက်နက်ခဲယမ်းများလွှင့်ပစ်ထားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးသွားကြကြောင်း ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်သားများသည် ယခုရက်ပိုင်းအတွင်းက ငါးသိုင်းချောင်းမြို့နှင့် ၁၂ မိုင်သာ ဝေးကွာ သည့် မြောက်စမ်းအမြောက်တပ် ၃၄၄ အနီးရှိ ကျေးရွာအချို့၏ လယ်ကွင်းထဲတွင် လက်နက် ခဲယမ်းအမြောက်အများကို စွန့်ပစ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။ “ကျွန်တော်တို့ လယ်ထဲသွားရင်း သေနတ်တွေရော ကျည်ဆံတွေပါ အများကြီးတွေ့ရတယ်။ စစ်မတိုက်ချင်လို့ လက်နက်တွေကို လွှင့်ပစ်ပြီး ထားခဲ့ကြတာနေမယ်။ ဒါတွေတွေ့လို့ လယ်ကွင်းထဲ သိပ်မသွားရဲဘူး။ လောလောဆယ်တော့ အသံငြိမ်နေတယ်။ ပစ်ခတ်သံမကြားရဘူး”ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို…

    February 19, 2025
  • ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်… စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ…

    ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်… စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ…

    ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်… စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆ က်လက်ထိုးစစ်ဆင်နေ… ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က KIA ပူးပေါင်း တပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တဲ့ အမတ ၃၆၆ တပ်ရင်းကို ပြန်လည်ထိုးစစ်ဆင်လာတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်…

    February 19, 2025
  • တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

    တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

    တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ် ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅ ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။ ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approach နဲ. တော်လှန်ရေးကာလ ကြားကာလမှ စတင်ပြီးတော့ အတူတကွ နိုင်ငံကို တည်ဆောက်သွားနိုင်ဖို့ သဘောတူညီချက် ရရှိထားပြီလို့ ဦးကျော်ဇော်က ဆိုပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ“ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ်မှာ ဦးကျော်ဇော်က ထည့်သွင်းပြောကြား လိုက်တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက…

    February 19, 2025
←Previous Page
1 … 140 141 142 143 144 … 201
Next Page→

MYIA MM

Proudly powered by WordPress