Category: News
-
“နာမည်ကြီးပျူခေါင်းဆောင်ကြီးအတီးခံရပြီဟေ့အရေးပေါ်ခန်းမှာ အသက်လုနေရပြီ”
“နာမည်ကြီးပျူခေါင်းဆောင်ကြီးအတီးခံရပြီဟေ့အရေးပေါ်ခန်းမှာ အသက်လုနေရပြီ”
-
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန် ▪️အမ်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စခန်း ၈ခု သိမ်းထားပြီး နပခဌာနချုပ်အပါအဝင် လက်ကျန် တပ် ၁၀နေရာထိုးစစ်ဆင်နေဟု အသိပေး ▪️အာရက္ခပြည်သူ့တော်လှန်ရေးကာလတွင် ပုံစံမျိုးစုံဖြင့် အားပေးထောက်ခံကူညီသူအားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြ
စစ်ဆင်ရေးတစ်နှစ်အတွင်း မြို့ ၁၂မြို့သိမ်းပိုက်ထိန်းချုပ်၊ အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးဆက်လုပ်နေဟု AA ထုတ်ပြန် ▪️အမ်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စခန်း ၈ခု သိမ်းထားပြီး နပခဌာနချုပ်အပါအဝင် လက်ကျန် တပ် ၁၀နေရာထိုးစစ်ဆင်နေဟု အသိပေး ▪️အာရက္ခပြည်သူ့တော်လှန်ရေးကာလတွင် ပုံစံမျိုးစုံဖြင့် အားပေးထောက်ခံကူညီသူအားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြ ရှိုင်း/People’s Spring အာရက္ခနှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁)နှစ် ပြည့်အတွင်း အာရက္ခတပ်တော်(AA)က မြို့ ၁၂မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံ ချုပ်ငြိမ်းစေရေး ဆက်လုပ်နေကြောင်း AAက သတင်းထုတ်ပြန်သည်။ AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစတင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နှစ်ပြည်သည်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း အသိပေးသည်။ ထိုးစစ်စတင်သည့်ရက်မှ တစ်နှစ်ပြည့်သည်အထိ တစ်ရက်မှ…
-
လှော်ကားနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်
ရွှေပြည်သာ၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၁၄ မိနစ်ခန့်အချိန် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းရှိ ကင်းဂိတ်တွင် အရပ်ဝတ်ဖြင့် ရဲများ အရပ်ဝိုင်းဖွဲ့သောက်နေစဉ် မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း…
-
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂)ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ…
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂)ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ… နိုဝင်ဘာ ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်ခမ်းရွာက ဘုန်းကြီးကျောင်းနဲ့ စစ်ကောင်စီ အမြောက်တပ် (၃၅၄) တပ်စခန်းနေရာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ နောင်ချိုမြို့၊ တောင်ခမ်းရွာက ဘုန်းကြီးကျောင်းနေရာနဲ့ နေ့လည်ပိုင်းအချိန် စစ်ကောင်စီ အမတ(၃၅၄) တပ်စခန်းနေရာတွေမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့ မကျီးရေရွာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၁)ကြိမ် ဗုံး(၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်း…
-
ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗိုလ်နဂါး ဆို ◾️မြို့သိမ်းတိုက်ပွဲသုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်
ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗိုလ်နဂါး ဆို ◾️မြို့သိမ်းတိုက်ပွဲသုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက် ဒီးဒီ/People’s Spring အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မိုင်(၄၀)နီးပါးကွာဝေးသော ပုလဲမြို့ကို မြို့သိမ်း တိုက်ပွဲဆင်နွှဲနေရာ မြို့အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။ “အတိုင်အတာတစ်ခုအထိတော့ ကျနော်တို့မြို့ကို ထိန်းချုပ်ထားပြီးပါပြီ”ဟု ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။ ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA ဦးဆောင်ပြီး ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA)နှင့် YSOတပ် ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် တနင်္လာနေ့ နံနက်တွင် အပြင်းအထန် စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁၁ရက်တွင် စတင်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အစောပိုင်းကတည်းက တိုက်ခိုက်နေပြီး ထိုနေ့မှသာ အပြင်အထန်စတင်ခဲ့ခြငးဟု ဗိုလ်နဂါးက ရှင်းပြသည်။ တိုက်ပွဲ သုံးရက်မြောက်နေ့ ယနေ့(နိုဝင်ဘာ ၁၃ရက်)တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက…
-
TNLA တပ်ဖွဲ့ဝင် ၁၂၀၀ ကျော် အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်းဆင်းပြီး သိမ်းပိုက်ထားသော မြို့နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်ရန် TNLA ဗိုလ်မှူးချုပ် ညွှန်ကြား
TNLA တပ်ဖွဲ့ဝင် ၁၂၀၀ ကျော် အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်းဆင်းပြီး သိမ်းပိုက်ထားသော မြို့နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်ရန် TNLA ဗိုလ်မှူးချုပ် ညွှန်ကြား ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၁၂ ခု သိမ်းပိုက်ထားသော TNLA က တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်ကို အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်း ၃ လကျော်ကြာ သင်ကြားပေးပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်သင်တန်းဆင်းသွားပြီဖြစ်ကြောင်း TNLA က သတင်းထုတ် ပြန်သည်။ အမျိုးသား အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့ နယ်…
-
မိတ္ထီလာလေတပ်စခန်းတိုက်ခိုက်မှု စစ်သုံးလေယာဉ် ၆စီးပျက်စီးပြီး စစ်ဆင်ရေးထပ်ဖော်ဆောင်မည်ဟု ပကဖ သတိပေး
မိတ္ထီလာလေတပ်စခန်းတိုက်ခိုက်မှု စစ်သုံးလေယာဉ် ၆စီးပျက်စီးပြီး စစ်ဆင်ရေးထပ်ဖော်ဆောင်မည်ဟု ပကဖ သတိပေး MTO မန္တလေးတိုင်း၊မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်ကို ဒရုန်း၂၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်သုံးလေယာဉ်ခြောက်စီးပျက်စီးကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ဦးနောင်ချိုက မဇ္ဈိမကို ပြောသည်။ “အစောပိုင်းကရတဲ့ သတင်းတွေအရတော့ Y-12 လေယာဉ်နှစ်စီး အသေးစားပျက်စီးမှုတွေဖြစ်သွားတယ်လို့သိရပြီး အခုနောက်ပိုင်းသတင်းတွေအရ နောက်ထပ်လေ့ကျင့်ရေးလေယာဉ်သုံးစီး၊တိုက်ခိုက်ရေးလေယာဉ်တစီးပျက်စီးတယ်လို့ အတည်ပြုချက်ရတယ်” ဟု ဦးနောင်ချိုက ယနေ့(နိုဝင်ဘာလ ၁၃ရက်) ပြောသည်။ ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉)က်ို ၁၁၁၁ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု မိတ္ထီလာမြို့နယ်ပကဖ(Meiktila Revolution Force)က သတင်းထုတ်ပြန်ထားသည်။ ရှမ်းတဲလေတပ်စခန်းရှိ လေယာဉ်ထုတ်လုပ်ထိန်းသိမ်းရေးနေရာမှ လေယာဉ်ထားသည့်နေရာများ၊ အရာရှိရိပ်သာနှင့် တပ်မ(၉၉)ဌာနချုပ်ဝင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်သုံးလေယာဉ်များအပြင် အဆောက်အအုံနှင့် အခြား ပျက်စီးမှုများလည်းရှိကြောင်း ဦးနောင်ချိုကပြောသည်။…
-
မိုးကုတ်နှင့် နောင်ချို လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီး ၄ ဦးအပါအဝင် ၃၀ ကျော်သေဆုံး
မိုးကုတ်နှင့် နောင်ချို လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီး ၄ ဦးအပါအဝင် ၃၀ ကျော်သေဆုံး ရွှေနွယ် မဇ္ဈိမ။ ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တို့တွင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ အမျိုးသမီး ၄ ဦးအပါအဝင် ၃၁ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသခံများနှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)တို့၏ ပြောဆိုချက်အရ သိရသည်။ မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်နှင့် အနောက်ပိုင်း ကြပ်ပြင်ရပ်တို့ကို နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ အရပ်သားပြည်သူအရေအတွက်မှာ ယနေ့ (နိုဝင်ဘာ ၁၃ ရက်)…
-
လိုင်ဇာနယ်စပ်ဂိတ် အပါအဝင် လွယ်ဂျယ်နှင့် ကံပိုင်တည်ဂိတ်ကို KIA ဘက်က ပြန်ပိတ်
တရုတ် – မြန်မာနယ်စပ်၊ KIA ထိန်းချုပ်ရာ လိုင်ဇာနယ်စပ်ဂိတ် အပါအဝင် လွယ်ဂျယ်နဲ့ ကံပိုင်တည်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ပြန်ပိတ်ထားတယ်လို့ KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ လွယ်ဂျယ်ဂိတ်ကိုရော ကံပိုင်တည်နဲ့ လိုင်ဇာကိုပါ ကချင်ဘက်က ပိတ်လိုက်တာလို့ KIA နဲ့ နီးစပ်သူယောက်က ပြောပါတယ်။ “တရုတ်ဘက်က လွယ်ဂျယ်နဲ့ ကံပိုင်တည် ဖွင့်မယ်လို့ ပြောပေမဲ့ KIA ဘက်က ဖွင့်မယ်ဆိုရင် အကုန်ဖွင့်၊ မဖွင့်ဘူးဆိုရင် လုံးဝတဂိတ်မှ မဖွင့်ဘူးလို့ဆိုပြီး အကုန်ပိတ်ထားတယ်။” နယ်စပ်နေ ဒေသခံတယောက်ကလည်း “လိုင်ဇာ နယ်စပ်ဂိတ်က မဖွင့်ဘူး။ KIA ဘက်က ပိတ်လိုက်တာ။ တရုတ်တွေက တံခါးဖွင့်ထားတယ်” လို့ ပြောပါတယ်။ တရုတ်ဘက်ကတော့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က ထုတ်လိုက်ပြီး…