Category: News
-
အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ
အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ၊အမရပူရမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်ထဲကို နိုဝင်ဘာလ ၁၇ ရက် က အမျိုးသားတစ်ဦး သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။ ထုံးဘို-ပြင်ဦးလွင် လမ်းဘေး နတ်ရေကန် ကျေးရွာအုပ်စု ၊မုတ်ပုလဲကျေးရွာမှာဖွင့်လှစ်ထားတဲ့ Denko စက်သုံးဆီအရောင်းဆိုင်ထဲကို မနေ့ နိုဝင်ဘာလ ၁၇ရက် နေ့ခင်း ၂နာရီခန့်က အမျိုးသားတစ်ဦးဟာ သေနတ်ကိုင်ဆောင်ပြီး ဝင်ရောက်လာတာလို့ သိရပါတယ်။ အဲဒီအမျိုးသားဟာ ဆိုင်ကယ်နဲ့ရောက် လာပြီး သေနတ်အရှည်နဲ့ ၅ ချက်ခန့် ပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။ ” နေ့ခင်းအချိန်ကြီး ဆီထည့်နေတဲ့သူတွေလည်းရှိတယ်၊ သေနတ်သံတော်တော်ကျယ်တယ်”လို့ ဆီဆိုင်အနီးနေသူတစ်ဦးကပြောပါတယ်။ အဲဒီနောက် ကောင်တာအတွင်းက စက်သုံးဆီရောင်းရငွေကျပ် ၁၂သိန်းကျော်ကို ယူဆောင်ပြီး…
-
မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ရွာမည်
မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ရွာမည် ~~~ ■ ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း မန်ရီရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ နေရာကွက်ကြား မိုးရွာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေသ၀နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေရာကွက်ကြားမိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တနင်္သာရီတိုင်းအတွင်း မိုးတိမ်တောင်တွေလည်း ဖြစ်ထွန်းနေတာကြောင့် မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာတာအပြင် လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ မိုး/ဇလက…
-
မတ္တရာမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်၊ ရေပြင်မှလည်း စစ်သင်္ဘော ၂ စီး ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
မတ္တရာမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်၊ ရေပြင်မှလည်း စစ်သင်္ဘော ၂ စီး ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ ရန်ကုန်၊ နိုဝင်ဘာ ၁၇ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ပြီး ရေပြင်မှလည်း စစ်သင်္ဘော ၂ စီး ရောက်ရှိနေကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီခန့်မှ စတင်ကာ ဆောက်ချုံပေါက်ရွာ၊…
-
ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ
ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ည သန်းခေါင်အချိန်ဖြစ်သော ည ၁၁ နာရီ ၄၇ မိနစ်အချိန် ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ်…
-
မင်းလှနှင့် အုတ်ဖိုတွင် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေပြီး ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ၊ ထွက်ပြေးသော လူငယ်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ
မင်းလှနှင့် အုတ်ဖိုတွင် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေပြီး ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ၊ ထွက်ပြေးသော လူငယ်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာလ ၁၈ ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရပြီး ထွက်ပြေး တိမ်းရှောင်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် တပ်သားသစ်စုဆောင်းရေးအဖြစ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ မင်းလှမြို့နယ်နှင့်…
-
အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဘက်စုံသုံး ဒရုန်းများ ထပ်မံဝယ်ယူဦးမည်
အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဘက်စုံသုံး ဒရုန်းများ ထပ်မံဝယ်ယူဦးမည် ရန်ကုန်၊ နိုဝင်ဘာ ၁၈ အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် စိုက်ပျိုးရေး၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဘက်စုံသုံးဒရုန်းများ ဝယ်ယူဦးမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သ တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၈ ရက်နေ့ တရုတ်နိုင်ငံ၊ ချုံချင်းပြည်နယ်ရှိ စိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်စက်ရုံနှင့် ဒရုန်းထုတ်လုပ်ရေး စက်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် စိုက်ပျိုးရေး၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါ ဒရုန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေး၊ ဒရုန်းလေ့လာရေးနှင့် ဒရုန်းဝယ်ယူရေးများကို စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ မင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ချုံချင်းပြည်နယ်သို့ရောက်ရှိနေစဉ် Zhongyue Aviation UAV Firefighting-Drone Co.Ltd ၊ Weima Agricultural Machinery…
-
ကော့ကရိတ်မြို့တွင်တိုက်ပွဲဆက်လက်ဖြစ်၊ စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်ရေးပိုသုံးလာ၊ လှိုင်ဝအမြောက်ကုန်းမကျရေးပြင်ဆင်နေရ
ကော့ကရိတ်မြို့တွင်တိုက်ပွဲဆက်လက်ဖြစ်၊ စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်ရေးပိုသုံးလာ၊ လှိုင်ဝအမြောက်ကုန်းမကျရေးပြင်ဆင်နေရ အောင်လေး ၊ Salween Press နိုဝင်ဘာလ ၁၇ ရက်နေ့၊ ၂၀၂၄။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရန်ကုတ်ဘက်ခြမ်းနှင့်အာရှလမ်းပိုင်းတွင် နိုဝင်ဘာ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲထိတွေ့မှုဆက်လက်ဖြစ်ပွားနေတယ်လို့နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။ “ထိတွေမှုဖြစ်တာတော့ နေ့လယ်၁နာရီမှာ ရန်ကုတ်ဘက်ခြမ်းမှာဖြစ်တယ်။ မနက်အစောပိုင်းကျတော့ အာရှလမ်းပိုင်းမှာလည်းထိတွေ့မှုရှိတယ်လို့သိရတယ်။ ရန်ကုတ်ဘက်မှာထိတွေ့မှုပြီးတဲ့နောက်မှာ ၉၇တပ်ကနေလက်နက်ကြီး၇လုံးရမ်းသမ်းပစ်ခတ်နေတယ်။ ဒါကလည်းပစ်နေကျထုံးစံအတိုင်ပါဘဲ” ဟု အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိတွင် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းအားသာမှုရှိသော်လည်း လူအင်အားကထင်သလောက် မရရှိနိုင်တော့သည့်အတွက်နီးစပ်ရာအတင်းဝင်ဆွဲတာရှိလာတယ်လို့ဆိုပါတယ်။ “တိုက်ခိုက်ရေးမှာလည်း ဒရုန်းတွေပိုအသုံးပြုလာတာတွေ့ရတယ်။ အခုသူတို့(စစ်ကောင်စီ)ဘက်မှာ ဒရုန်းတစ်ခါတက်ရင် ၆ စီးအထိလွှတ်ပြီးတိုက်ခိုက်ရေးမှာပိုသုံးလာတာတွေ့ရတယ်။ လှိုင်ဝအမြောက်ကုန်း မကျရေးအတွက်ပြင်ဆင်မှုများလုပ်ဆောင်နေပြီး သံချပ်ကား၊မစ်ဇိုင်းများရှိတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ လှိုင်ဝအမြောက်ကုန်းကျပါကပြန်ဆုတ်ရန်အနီးဆုံးတပ်သို့လှိုင်ခေါင်းများတူးထားသည်ဟုလည်းသတင်းရင်းမြစ်ကဆိုပါသည်။ ဒါ့အပြင် ကျုံဒိုးမြို့တွင်း ရဲစခန်းအနီးရှိဗျူဟာကုန်းအား နိုဝင်ဘာလ ၁၃ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၁၂၀မမ ပြင်းအားရှိဒရုန်းဗုံးသီးတစ်လုံးပစ်ချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါသည်။ ပုံေဟာင်း #Salweenpress
-
“ရပြန်ပြီဟေ့❤️🔥 ဒါကြီးကတော့ ခများတို့မြင်ရင် အံ့ဩသွားလောက်တယ်😍”
“ရပြန်ပြီဟေ့❤️🔥 ဒါကြီးကတော့ ခများတို့မြင်ရင် အံ့ဩသွားလောက်တယ်😍” အဘရဲ့~ကားအလှူ~ကားထက် စျေးကြီးတာတွေ…
-
အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ
အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ နိုဝင်ဘာ ၁၇၊ ၂၀၂၄ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာ ၁၆ရက်မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တဲ့ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းကတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အခက်အခဲတွေကြားကနေ ပြီးမြောက်အောင်မြင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အခြေခံစစ်ပညာအပတ်စဥ် ၂ ကို သြဂုတ်လ ၂၂ရက်နေ့က ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့တာပါ။ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တာကြောင့် သင်တန်းကို ယာယီပိတ်ထားခဲ့ရပါတယ်။ ခက်ခက်ခဲခဲ သင်ယူခဲ့ပြီး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်” လို့ သင်တန်းသား ရဲဘော်တစ်ယောက်က ပြောပါတယ်။…