အာဆီယံ နဲ့ မြန်မာစစ်ခေါင်းဆောင် ဧပြီ ၁၈ ရက် ဘန်ကောက်မှာ တွေ့ဆုံမည်

by

in

အာဆီယံ နဲ့ မြန်မာစစ်ခေါင်းဆောင် ဧပြီ ၁၈ ရက် ဘန်ကောက်မှာ တွေ့ဆုံမည်
~~~
◼ အာဆီယံခေါင်းဆောင်တွေဟာ အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ရှားရှားပါးပါး တွေ့ဆုံမှာဖြစ်ပြီး မြန်မာပြည်တွင်းစစ် နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ The Straits Times သတင်းက ဖော်ပြပါတယ်။
“အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်” လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကပြောပါတယ်။
ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံက ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာတွေပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်လို့ အန်နဝါ အီဘရာဟင်က ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့ မြန်မာစစ်အစိုးရကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ကြိုးပမ်းသွားမယ်လို့ အန်နဝါ အီဘရာဟင်ကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဧပြီ ၁၈ ရက်နေ့ ဘန်ကောက်မှာ တွေ့ဆုံချိန်မှာ မေတ္တာရပ်ခံသွားမယ်လို့လည်း ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီလ အစောပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ BIMSTEC ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာတော်လှန်ရေးအင်အားစုတွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မစ္စတာသက်ဆင်က စစ်ခေါင်းဆောင်ကို အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံနဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးမူတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် အာဆီယံက ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
_________
ဘန်ကောက်မြို့မှာ ကျင်းပတဲ့ BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဧပြီလ ၄ ရက်နေ့က တွေ့ရစဉ်။ Photo: The Nation

အာဆီယံခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင် ဧပြီလ ၁၇ ရက်နေ့ ဘန်ကောက်မှာ တွေ့ဆုံမယ့်ကိစ္စ ငလျင်ဘေး အကူအညီပေးရေး အဓိကလို့ မလေးရှားဝန်ကြီးချုပ် ကာကွယ် ပြောဆို
ရန်ကုန်၊ ဧပြီ ၁၄
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်​တွေ လာမယ့် ဧပြီလ ၁၇ ရက်နေ့ ကြာသာပတေးနေ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဖို့ရှိနေပြီး ဒီလို တွေ့ဆုံမှုဟာ ငလျင်ဘေးနဲ့ပတ်သက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေး အဓိက ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါက ပြောဆိုပါတယ်။
“ သူ (မင်းအောင်လှိုင်)နဲ့ အာဆီယံ ခေါင်းဆောင် တွေ ပထမဆုံး အကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အာဆီယံ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲထားပြီးတော့ အခုတွေ့ဆုံမယ့် ဒီအစည်းအဝေးကတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအတွက်သာ ဖြစ်ပါတယ်” လို့ မလေးရှားဝန်ကြီးချုပ်က​ ပြောဆိုပါတယ်။
လက်ရှိ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ စစ်ကောင်စီကို တိုက်တွန်းတာတွေ အပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မင်းအောင်လှိုင်နဲ့ ကြာသပတေးနေ့ ဘန်ကောက်၌ တွေ့ဆုံမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးက မကြာသေးမီက ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒုက္ခသည်တွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့ အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံမှာ မကြာသေးမီက ငလျင်လှုပ်ခတ်မှု ပြင်းထန်ခဲ့ပြီး မလေးရှားတပ်မတော်က ဦးစီးတဲ့ ယာယီဆေးရုံကနေတဆင့် မလေးရှားနိုင်ငံရဲ့ အကူအညီတွေ ဆက်လက်ပေးဖို့ သဘောတူထားပါတယ်”လို့ မလေးရှားဝန်ကြီးချုပ်က ဆက်လက်ပြောဆိုပါတယ်။
မင်းအောင်လှိုင်ကို ဖုန်းခေါ်ပြီးတဲ့နောက် ဧပြီလ ၁၇ ရက်နေ့ ဘန်ကောက်မှာ တွေ့ဆုံဖို့ သဘောတူညီခဲ့တာဖြစ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားမှသာ အကူအညီတွေ ပေးအပ်မှာဖြစ်တယ်လို့ သူက ရှင်းရှင်းလင်းလင်း ပြောကြားဆိုထားပါတယ်။
“ပြည်သူတွေ ဒုက္ခရောက်နေတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့တယ်၊ ၂ ရက်အကြာမှာတော့ မြန်မာဘက်က အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂၂ ရက်အထိ ကြေညာခဲ့ပါတယ်။ ဧပြီလ ၁၇ ရက်နေ့ သူနဲ့ တွေ့ဆုံချိန်မှာလည်း အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးဖို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” လို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုပြန်ပါတယ်။
Ref : BERNAMA