ဧရာဝတီ မြစ်ကြော ပြောင်းနေတယ်။
အရင်က အာ့လောက် မသိသာပေမယ့် အခု ငလျင် အပြီးကို ပို သိသိသာသာကို ပြောင်းလာတယ်။
မြေကြီးအပေါ်ကတော့ မျက်မြင်မို့လို့ သိသိသာသာမြင်ရပေမယ့်၊ မြစ်ကြမ်းပြင် အောက်ဘက်ကတော့ မမြင်ရနိုင်ဘူး။
အခုပြောင်းလာတဲ့ မြစ်ကြော အရဆိုရင် မန်းလေးနဲ့ အင်းဝ က ရေအောက်ရောက်သွားနိုင်တယ်။ အခု နွေရာသီ ရေမတက်သေးဘူး။ မိုးရာသီ ရေတက်လာရင် မန်းလေး ရဲ့ အမရပူရ နဲ့ အင်းဝ၊ စစ်ကိုင်း အစပ်က ရေအောက် ရောက်သွားနိုင်တယ်။
ဒုတ္ထဝတီ ရဲ့ မြစ်ကြောကိုပါ ကျတော်တို့ လေ့လာနေပါတယ်။ အဲ့ မြစ်ကြောသာ ပြောင်းခဲ့ရင် အမြန်လမ်း တလျောက် ရုတ်တရက် မြေနိမ့်ဆင်းသွားတာနဲ့ ရုတ်ချည်း ရေကြီးလာတာတွေ ဖြစ်လာနိုင်တယ်။
မကွေးတိုင်းထဲက ပွင့်ဖြူ ဘက် မှာလည်း ဒီနှစ် မိုးတွင်း ရေမြုပ်ပီး လယ် ဧက ရာချီ ပျက်စီးနိုင်တယ်။
အခု ငလျင်ကြောလေ့လာနေတဲ့ ဘူမိ ပညာရှင်တွေက မြေကြီးကို လေ့လာကြပေမယ့် မြစ်ကြောကို ဘယ်သူမှ လေ့လာနေတာ မမြင်ရဘူး။
မြစ်က နွေမို့ မကြောက်ရသေးပေမယ့် မိုးအတွက် ပြင်ဆင်သင့်ပြီ။
အခုတည်းက စပြင်ရင်တောင် ရက်ပေါင်း ၅၀ လောက်ပဲ အချိန်ရတော့မယ်။
မြစ်လက်တက်၊ မြစ်လယ်ပိုင်း နဲ့ မြစ်အောက်ပိုင်းမှာ ရှိတဲ့ မြို့ရွာနဲ့ ဒေသ ခံတွေကို ပြောင်းရွှေ့သင့်နေပြီ။
ပုံတွေနဲ့ ဥပမာပြပေးထားပါတယ်။
ဒီလမ်းကြောင်းပြောင်းသွားတဲ့ မြေသားကို မြစ်အောက်မှာလိူ့ တွေးကြည့်လိုက်ပါ။ အခုလက်ရှိ ရေလမ်းကြောင်း သွားလာရေးမှာတင် လမ်း အသစ်ထွင်သွားနေရတာမျိုးတွေ ရှိလို့ ပြောပြတာပါ။
Paing Thit