စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီပြန်လည်မှတ်ပုံတင်ရန် ပါတီဝင်အချို့ကြိုး
ပမ်းမှု ဒေါ်အောင်ဆန်းစုကြည် လက်မခံခဲ့
ဧပြီ ၁၄၊ ၂၀၂၅။ အီယိုရီ/People’s Spring
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ ပြန်လည်မှတ်ပုံတင်ရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့်တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက်တွင် Al Jazeera သ
တင်းဌာနက စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ
ဗိုလ်ချုပ်ဇော်မင်းထွန်းကို နေပြည်တော်၌ သွား
ရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ပြည်တွင်းထဲရှိ NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် ကြိုးစားခဲ့သည့် အခြေအနေကို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြည်တွင်းထဲမှာ NLD ပါတီဝင်တွေ ရှိတယ်။ သူတို့သည် မှတ်ပုံတင်ချင်တယ်။ မှတ်ပုံတင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ခွင့်တောင်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သဘော
တူတယ်လို့လည်း မပြောခဲ့ဘူး။ သဘောမတူဘူးလို့လည်းမပြောခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာ သူတို့ မှတ်ပုံတင်ဖို့ ကြိုးစားခဲ့တယ်” ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက Al Jazeera သို့ ပြောသည်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီပြန်လည်မှတ်
ပုံတင်ရေး ကြိုးပမ်းသည့် ပြည်တွင်းရှိ NLD ပါတီဝင်များ၏ အမည်များ၊ သွားရောက်ခွင့်တောင်းခံသည့် အချိန်ကာလ တို့ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
သို့သော်NLD ဗဟိုအလုပ်ကော်မတီဝင်ဖြစ်ခဲ့သူ ဒေါ်စန္ဒာမင်းက ၂၀၂၂ နိုဝင်ဘာလတွင် စစ်ကောင်စီက ခွင့်ပြု၍ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း ၊ထိုသို့တွေ့ဆုံစဥ် ပါတီအခြေအနေကို ပြောကြားခဲ့ကြောင်း သတင်းမီဒီယာအချို့ကိုဖြေကြားထားသည်။ ပါတီကို စစ်ကောင်စီလက်အောက်တွင် ပြန်လည်မှတ်ပုံတင်ရန် ပြောခဲ့ကြောင်းကိုမူမီဒီယာများသို့ဖြေကြားခဲ့ခြင်းမရှိပေ။ ယခုအခါ စစ်ကောင်စီပြောခွင့်ရ ပြောကြားချက်တွင် ပါတီဝင်အချို့က ဒေါ်အောင်ဆန်းစုကို ပါတီမှတ်ပုံတင်ရန် ပြောကြားခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်က မည်သည့်မှတ်ချက်မျှမပေး ခဲ့ခြင်းဖြစ်ကြောင်း တရာဝင်မှတ်တမ်းထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်အုပ်စု၏ မတရားဖမ်းဆီးမှုခံနေရဆဲဖြစ်၍ ဇော်မင်းထွန်းပြောကြားချက်ရော ၊ ဒေါ်စန္ဒာမင်း မီဒီယာအချို့ကိုဖြေကြားချက်ပါမည်မျှမှန်သည်ကိုမသိနိုင်ပေ။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လွတ်မြောက်လာပြီး ပြောကြားပါမှပြည့်စုံမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်
မတီကလည်း ၂၀၂၃ မတ်လ ၃ရက်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များဖြစ်သည့် ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကို ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။
NLD ဗဟိုအလုပ်ကော်မတီက အထက်ပါ လေးဦးကိုထုတ်ပယ်ကြောင်း ကြေညာချက်တွင် ဥပဒေချိုးဖောက်အကြမ်းဖက်အာဏာလုစစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ခုဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကို လှည့်စားရန် ကြံဆောင်နေချိန်တွင် NLD ပါတီဝင်အချို့က ပြည်သူဆန္ဒသဘောထားကို လေးစားလိုက်နာမှုမရှိသည့်အပြင် ပါတီ၏ ရပ်တည်ချက်တို့ကို ဆန့်ကျင့်၍လည်း
ကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်
ဆောင်၍ လည်းကောင်း၊ စစ်အာဏာရှင်အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားသည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် NLD ပါတီသည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မည်သူ့ကိုမျှ တာဝန်ပေးထားခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုကြိုးပမ်းမှုများသာ ရှိကြောင်း ဗဟိုအလုပ်ကော်မတီနှင့် နီးစပ်သူသတင်းရင်းမြစ်က ပြောသည်။
“ပါတီအနေနဲ့ ပြည်သူလူထုနဲ့ တသားတည်းရှိတယ်ဆိုတာ ပြောချင်ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြား
ကာလပဥ္စမအကြိမ်အစည်းအဝေးအပြီး ကြေညာ
ချက်တွင် အာဏာလုစစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်း မတည်ငြိမ်မှုများပိုမိုပေါ်ပေါက်လာစေမည်ဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်
ရွက်ခြင်းမပြုရန် အချက်အပါအဝင် ဆုံးဖြတ်ချက် ၉ရပ်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ဓါတ်ပုံ- Annie Leibovitz)
