အာဏာသိမ်းစစ်အုပ်စု ပျော်ရွှင်စွာ သင်္ကြန်ပွဲ ကျင်းပသည့် နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်

by

in

အာဏာသိမ်းစစ်အုပ်စု ပျော်ရွှင်စွာ သင်္ကြန်ပွဲ ကျင်းပသည့် နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်
ဧပြီ ၁၄၊ ၂၀၂၅
သင်္ကြန်ပွဲ ပျော်ရွှင်စွာ ကျင်းပကြတဲ့ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းတွေတည်ရှိရာ နေပြည်တော်ကို ဗဟိုပြုပြီး သင်္ကြန်အကျနေ့ မနက်အစောပိုင်းမှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က ဝန်ထမ်းအိမ်ရာအများစုမှာ ငလျင်ဒဏ်ကို သိသာခံစားခဲ့ရပြီး အထက်မြင့် အဆောက်အဦးတွေပေါ်ကနေ အချိန်မီပြေးဆင်းခဲ့ရတယ်လို့ သိရပါတယ်။
နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်အနီး မြေအောက်အနက် ၇.၆ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူ ထောင်နဲ့ချီသေဆုံးခဲ့ပြီး အပျက်အစီးကြီးမားခဲ့ပေမယ့် နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်အုပ်စုဟာ မနေ့က ဧပြီလ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။