Category: News

  • ကချင်အထူးဒေသ(၁)သတ်မှတ်ချက် KIA ဖျက်သိမ်းပြီး ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်

    ကချင်အထူးဒေသ(၁)သတ်မှတ်ချက် KIA ဖျက်သိမ်းပြီး ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်

    by

    in

    ကချင်အထူးဒေသ(၁)သတ်မှတ်ချက် KIA ဖျက်သိမ်းပြီး ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ် ရွှေနွယ် စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဌာ‌နေပြည်သူများနှင့်ရင်းနှီးမြုပ်နှံသူများအနေဖြင့် စိုးရိမ်စိတ်မထားဘဲ ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)က ဖိတ်ခေါ်လိုက်သည်။ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားချင်းစာနာထောက်ထားမှုအခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ပြန်လည်ကြိုးစားတည်ဆောက်သွားမည်ဟု ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ထုတ်ပြန်ချက်၌ KIO က ဖော်ပြထားသည်။ “မြေရှားသတ္ထုလည်းရှိပါတယ်။ ရေအားလျှပ်စစ်လုပ်ငန်းတွေ အခြားသတ္ထုတူးဖော်တာတွေလည်းရှိပါတယ်။ အဲ့တာကြောင့် အရင်ကတော့ အထူးဒေသ (၁) ဆိုတဲ့အဖွဲ့ကနဲ့ ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေ စီမံကိန်းတွေ အများကြီးရှိမှာပါ။ အဲ့တာတွေအနေနဲ့ သူတို့ရင်းနှီးမြုပ်နှံမှုတွေ ဆုံးရှုံးသွားမှာလားဆိုတာ စိတ်ပူနေသူတွေရှိမှာပါ။ ဒါကြောင့် ဘာမှ စိတ်ပူစရာမလိုတဲ့အကြောင်း ကျွန်တော်တို့နဲ့ပြန်ပြီးပူးပေါင်းလုပ်ကြဖို့ပြောတာဖြစ်ပါတယ်” ဟု KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။…

  • မုဒုံ-သံဖြူဇရပ်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အမြောက်တပ် ၃၁၈ ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို

    မုဒုံ-သံဖြူဇရပ်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အမြောက်တပ် ၃၁၈ ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို

    by

    in

    မုဒုံ-သံဖြူဇရပ်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အမြောက်တပ် ၃၁၈ ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၂၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင် မုဒုံ-သံဖြူဇရပ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ ဖောင်စိန်စစ်ဆေးရေးဂိတ်နှင့် အမြောက်တပ် ၃၁၈ ကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း…

  • စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မတ္တရာနှင့် သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲဟု မန္တလေး PDF ပြော

    စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မတ္တရာနှင့် သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲဟု မန္တလေး PDF ပြော

    by

    in

    စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မတ္တရာနှင့် သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲဟု မန္တလေး PDF ပြော ရန်ကုန်၊ နိုဝင်ဘာ ၂၈ အကြမ်းဖက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မန္တလေးတိုင်း၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း မန္တလေး PDF တပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၂၇ နေ့တွင် ထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့လက်လွှတ်ဆုံးထားသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရေးအတွက် အတင်းအဓမ္မစစ်သားစုဆောင်းကာ သင်တန်းပေးထားသော စစ်သားများ အသုံးပြုပြီး အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ မတ္တရာမြို့နယ် ၊ သပိတ် ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်း ဖက် စစ်ကောင်စီတို့ အကြား တိုက်ပွဲများ…

  • “အားကောင်းတဲ့ ဆိုက်ကလုံးမုန်တိုင်းအဝါရောင်အဆင့်တဲ့ဟေ့..မိုးမင်းသမီးလေး စုစုစံသတိပေး”

    “အားကောင်းတဲ့ ဆိုက်ကလုံးမုန်တိုင်းအဝါရောင်အဆင့်တဲ့ဟေ့..မိုးမင်းသမီးလေး စုစုစံသတိပေး”

    by

    in

    “အားကောင်းတဲ့ ဆိုက်ကလုံးမုန်တိုင်းအဝါရောင်အဆင့်တဲ့ဟေ့..မိုးမင်းသမီးလေး စုစုစံသတိပေး”

  • NUG ယာယီသမ္မတဒူဝါလရှီးလကမိန့်ခွန်းမှထူးခြားချက် ၅ ချက်

    NUG ယာယီသမ္မတဒူဝါလရှီးလကမိန့်ခွန်းမှထူးခြားချက် ၅ ချက်

    by

    in

    NUG ယာယီသမ္မတဒူဝါလရှီးလကမိန့်ခွန်းမှထူးခြားချက် ၅ ချက် -People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ နိုဝင်ဘာ၂၆ ရက်မှာပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်းမှ ထူးခြားချက် ငါးချက်ကို People’s Spring က ​ကောက်နှုတ်​​ဖော်ပြလိုက်ပါတယ် ။ ▪︎ “အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချိုကလည်း အပြောင်း အလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို အားလုံး သတိရဖို လိုပါတယ်။ အဲသည့် အပြောင်း အလဲ‌တွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အား လုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို ယူဆရပါတယ်။ ကျွန်တော်တိုဟာ အပြောင်းအလဲကို စိုးရိမ်လို မရပါဘူး။…

  • တောင်ကုတ်မြို့ အခြေစိုက် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ AAထံတွင် အလံဖြူထောင်လက်နက်ချ အညံ့ခံ

    တောင်ကုတ်မြို့ အခြေစိုက် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ AAထံတွင် အလံဖြူထောင်လက်နက်ချ အညံ့ခံ

    by

    in

    တောင်ကုတ်မြို့ အခြေစိုက် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ AAထံတွင် အလံဖြူထောင်လက်နက်ချ အညံ့ခံ ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အခြေစိုက် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အလံဖြူထောင်လက်နက်ချမှုများရှိနေကြောင်း ရခိုင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တို့မှ တပ်သားများစွာသည် အလံဖြူထောင်၍ AA ထံတွင် လက်နက်ချလာကြကြောင်း၊ လတ်တလော တောင်ကုတ်မြို့ကို AA က ထိန်းချုပ်ထားကြောင်း သိရှိရသည်။ “စကခ ၅ ထဲမှာတော့…

  • မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ်  ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်၍ အသိအမှတ်မပြုဟု အကြမ်းဖက် စစ်ကောင်စီက တုံ့ပြန်

    မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်၍ အသိအမှတ်မပြုဟု အကြမ်းဖက် စစ်ကောင်စီက တုံ့ပြန်

    by

    in

    မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်၍ အသိအမှတ်မပြုဟု အကြမ်းဖက် စစ်ကောင်စီက တုံ့ပြန် ရန်ကုန်၊ နိုဝင်ဘာ ၂၈ အကြမ်းဖက် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် စစ်ကောင်စီက မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်၍ အသိအမှတ်မပြုကြောင်း ယမန်နေ့ညပိုင်းတွင် တုံ့ပြန်ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေး အဖွဲ့က စစ်လော်ဘီသတင်းမီဒီယာအမည်ခံများနှင့် နိုင်ငံခြားသတင်းဌာနများသို့ ပေးပို့သော ဖြေကြားချက်တွင် အထက်ပါအတိုင်း တုံ့ပြန်ထားခြင်းဖြစ်ပြီး ယင်းတုံ့ပြန်ချက်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာနှင့် သတင်းဌာနများတွင် တရားဝင် ဖော်ပြခြင်း လုံး၀ မရှိပေ။ ရခိုင်ပြည်မှ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင်…

  • မင်းအောင်လှိုင်ကို အဖွဲ့ဝင် ၁၂၅ နိုင်ငံ ပါဝင်သော ကမ္ဘာ့ရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှု ကမ္ဘာ့ထိပ်တန်းသတင်းကြီးဖြစ်လာပြီး နိုင်ငံတကာအဖွဲ့များက အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် တိုက်တွန်းတောင်းဆို

    မင်းအောင်လှိုင်ကို အဖွဲ့ဝင် ၁၂၅ နိုင်ငံ ပါဝင်သော ကမ္ဘာ့ရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှု ကမ္ဘာ့ထိပ်တန်းသတင်းကြီးဖြစ်လာပြီး နိုင်ငံတကာအဖွဲ့များက အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် တိုက်တွန်းတောင်းဆို

    by

    in

    မင်းအောင်လှိုင်ကို အဖွဲ့ဝင် ၁၂၅ နိုင်ငံ ပါဝင်သော ကမ္ဘာ့ရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှု ကမ္ဘာ့ထိပ်တန်းသတင်းကြီးဖြစ်လာပြီး နိုင်ငံတကာအဖွဲ့များက အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် တိုက်တွန်းတောင်းဆို ရန်ကုန်၊ နိုဝင်ဘာ ၂၈ အကြမ်းဖက် မင်းအောင်လှိုင်ကို အဖွဲ့ဝင် ၁၂၅ နိုင်ငံပါဝင်သော နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုသတင်းမှာ ကမ္ဘာ့ထိပ်တန်းသတင်းကြီးဖြစ်လာပြီး နိုင်ငံတကာအဖွဲ့အစည်းများက အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် တိုက်တွန်းတောင်းဆိုလိုက်ကြသည်။ ရခိုင်ပြည်မှ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယမန်နေ့က…

  • ကရင်နီတွင် စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီးနောက် ဖမ်းဆီးခံရသည့် စစ်မှု ထမ်း အပတ်စဉ် ၂ မှ တပ်သားသစ် အောင်ဇော်မိုးကို အသက်ချမ်းသာ ပေးရန် ဆွေမျိုးများက မေတ္တာရပ်ခံ၊  တိုက်ပွဲကျသွားပြီဟု မိသားစုထံ စစ်တပ်က အကြောင်းကြား

    ကရင်နီတွင် စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီးနောက် ဖမ်းဆီးခံရသည့် စစ်မှု ထမ်း အပတ်စဉ် ၂ မှ တပ်သားသစ် အောင်ဇော်မိုးကို အသက်ချမ်းသာ ပေးရန် ဆွေမျိုးများက မေတ္တာရပ်ခံ၊ တိုက်ပွဲကျသွားပြီဟု မိသားစုထံ စစ်တပ်က အကြောင်းကြား

    by

    in

    ကရင်နီတွင် စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီးနောက် ဖမ်းဆီးခံရသည့် စစ်မှု ထမ်း အပတ်စဉ် ၂ မှ တပ်သားသစ် အောင်ဇော်မိုးကို အသက်ချမ်းသာ ပေးရန် ဆွေမျိုးများက မေတ္တာရပ်ခံ၊ တိုက်ပွဲကျသွားပြီဟု မိသားစုထံ စစ်တပ်က အကြောင်းကြား ရန်ကုန်၊ နိုဝင်ဘာ ၂၈ ကရင်နီပြည်တွင် စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီး ဖမ်းဆီးခံရသည့် စစ်မှု ထမ်းအပတ်စဉ် ၂ မှ တပ်သားသစ် အောင်ဇော်မိုးကို အသက်ချမ်းသာပေးရန် ဆွေမျိုးမိတ်ဆွေများ မေတ္တာရပ်ခံလိုက်သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော် ဖြင့် ချီတက်လာ သောအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက် အောက်ခံ ခလရ ၈၀ မှ စစ်ကြောင်းကို မိုးဗြဲမြို့၊…

  • အာရှလမ်းပိုင်း၌ ခံစစ်အနေအထားဖြင့်တိုက်ခိုက်ခံနေရသည့် အောင်ဇေယျစစ်ကြောင်းမှူး တိုက်ပွဲအတွင်း သေဆုံး ▪️စစ်ကောင်စီက အောင်ဇေယျစစ်ကြောင်း​အား စစ်မှုထမ်းဥပဒေမှ တပ်သားသစ်များဖြင့် အင်အားဖြည့်နေဟု ကရင်စစ်ရေးသတင်းရင်းမြစ်ပြော

    အာရှလမ်းပိုင်း၌ ခံစစ်အနေအထားဖြင့်တိုက်ခိုက်ခံနေရသည့် အောင်ဇေယျစစ်ကြောင်းမှူး တိုက်ပွဲအတွင်း သေဆုံး ▪️စစ်ကောင်စီက အောင်ဇေယျစစ်ကြောင်း​အား စစ်မှုထမ်းဥပဒေမှ တပ်သားသစ်များဖြင့် အင်အားဖြည့်နေဟု ကရင်စစ်ရေးသတင်းရင်းမြစ်ပြော

    by

    in

    အာရှလမ်းပိုင်း၌ ခံစစ်အနေအထားဖြင့်တိုက်ခိုက်ခံနေရသည့် အောင်ဇေယျစစ်ကြောင်းမှူး တိုက်ပွဲအတွင်း သေဆုံး ▪️စစ်ကောင်စီက အောင်ဇေယျစစ်ကြောင်း​အား စစ်မှုထမ်းဥပဒေမှ တပ်သားသစ်များဖြင့် အင်အားဖြည့်နေဟု ကရင်စစ်ရေးသတင်းရင်းမြစ်ပြော ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ကော့ကရိတ် – မြဝတီလမ်းပိုင်းကြား အာရှလမ်းမကြီးတွင် တိုက်ပွဲများဆက်လက်ဖြစ်နေရာ နိုဝင်ဘာ ၂၃ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကြောင်းမှူး၊ ဗိုလ်မှူးတစ်ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သည့် ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်ကတိုက်ပွဲအတွင်း သေဆုံးသူမှာ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(၉၄)မှ ဒုတပ်ရင်းမှူး၊ အောင်ဇေယျစစ်ကြောင်း(၂)မှ စစ်ကြောင်းမှူးဟု ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူကလည်း အတည်ပြုသည်။ ” တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။ နေ့တိုင်းတော့ ပစ်နေကြတာပဲ။ ပြီးခဲ့တဲ့ သုံးရက်လောက်က တိုက်ပွဲမှာ ဗိုလ်မှူးတစ်ယောက်ကျတယ်။ စစ်ကြောင်းမှူးအဆင့်၊ ခေါင်းထိသွားတယ်။ သူ့ဦးထုပ်ကျန်ခဲ့တယ်။ အလောင်းတော့ သူတို့လာကောက်သွားတယ်”ဟု…