လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန်ချိုးကာ အောင်မြင်ခဲ့သည်ဟု ကိုထိန်လင်း ပြော (ရုပ်/သံ)
ဇွန် ၂၅၊ ၂၀၂၅
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဆိုပါတယ်။
”မေမေ့အတွက် မွေးနေ့ဆုတောင်းဗီဒီယိုတွေ ၁ သိန်းကျော်နီးပါး ပေးပို့ပြီး မနှစ်က ဂင်းနစ်စံချိန်ကို ချိုးနိုင်ခဲ့တာတွေက စည်းလုံးမှုနဲ့ အားပေးမှုကို အပြည့်အဝ ဖော်ပြလိုက်သလိုပါပဲ။ ဒါဟာ ကျနော် မျှော်လင့်ထားတာနဲ့ အများကြီးသာလွန်ပါတယ်”လို့ ဆိုပါတယ်။
မွေးနေ့ဆုတောင်းဗီဒီယို ပေးပို့ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။
Video-Kim Aris – Htein Lin