ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေဆုံး ၂၂ ဦးကို စစ်သုံ့ ပန်းအဖြစ် ဖမ်းဆီးရရှိ၊ လက်နက် ၂၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိထား

by

in

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေဆုံး ၂၂ ဦးကို စစ်သုံ့ ပန်းအဖြစ် ဖမ်းဆီးရရှိ၊ လက်နက် ၂၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိထား
ရန်ကုန်၊ ဇွန် ၂၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေဆုံး ၂၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန် ၂၆ ရက်နေ့ စစ်တောင်မြစ်ဝှမ်း စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်းကျောက် ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက တိုက် ခိုက်ခဲ့ရာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှာ အထိအခိုက်များစွာဖြင့် ကစဉ့်ကလျားဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကိုလည်း စစ် သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီး လက်နက်မျိုးစုံ ၂၈ လက်နှင့်ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးကို အမှတ် ၂ စစ်ဒေသခွဲ(JOC)၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၅ လက်အောက်ခံ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA)၊ တပ်ရင်း ၈ ၊တပ်ရင်း ၉ တို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။
စစ်ဆင်ရေးအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိသော စစ်သုံ့ ပန်းများကို ဂျနီဗာကွန်ဗန်းရှင်း နှင့်အညီ စနစ်တကျ ထိန်းသိမ်းထားကြောင်း သိရှိရသည်။