ဖားကန့်တွင်တိုက်ပွဲပြင်းထန်နေ၊ မြစ်ကြီးနားနှင့် မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်း နှင့်
လက်နက်ကြီးသုံးတိုက်ခိုက်
ဇွန်-၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring
ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။
ဖားကန့်မြို့နယ်၊ အင်မားယာန်သုသာန်အနီးနှင့် ရတနာပုံလုပ်ကွက်မြေစာပုံအနီး၌ ဇွန် ၂၆ ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံတစ်ဦးကပြောာသည်။
” မနေ့ကတည်းက ချတာ။ ဒီမနက်လည်း အရမ်းပြင်းထန်နေပါတယ်။ အင်မားယာန်နံ့ရတနာပုံလုပ်ကွက်ဖက် လုံးဝ စိတ်မချရဘူး။ မနေ့ညကဆို အပြေးမြန်လို့ မသေတာ”ဟု ၎င်းကပြောသည်။
အင်မားယာန်သုသာန်အနီးနှင့် ရတနာပုံလုပ်ကွက်မြေစာပုံအနီး၌ စစ်ရေးသတိပြကြရန် KIA နှင့် KPDF ရဲဘော်များက ဇွန်လ ၂၅ရက်နေ့မှစ၍ လူမှုကွန်ရက်မှတဆင့် သတိပေးခဲ့သည်။
” မဖြစ်ခင်ကြိုရှောင်၊ ဖြစ်ရင်တော့ ဗုံးခိုးကျင်းထဲပဲနေကြပါ။ ဖြစ်မှရှောင်ရင် အန္တရာယ်များတယ်”ဟု KPDF နှင့် နီးစပ်သူကပြောသည်။
မြစ်ကြီးနားမြို့တွင်လည်း ဇွန် ၂၅ ရက် ည၁၁ နာရီခန့်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှနေ၍ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ထို့အပြင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကိုလည်း ဇွန် ၂၅ ရက် ည၁၁နာရီခွဲခန့်တွင် လေ
ကြောင်းမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲပြီးစက်သေ
နတ်ဖြင့်ပါပစ်ခတ်သွားသည်ဟု သတင်းရရှိသည်။ မိုးကုတ်မြို့ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးကို ဗုံးကြဲခြင်းဖြစ်ပြီး လူထိခိုက်မှု့ရှိသည်ဟု ကနဦးသိရသည်။
လက်ရှိစစ်ရေးအခြေအနေများမှာ ဖားကန့်၌ တိုက်
ပွဲဖြစ်နေပြီး ကာမိုင်း-ဖားကန့်လမ်းပိုင်းရှိ နမ့်ယား
ရွာအနီးတွင်လည်း ဇွန်လ ၂၄ရက် နံနက်မှစ၍ စစ်ရေးတင်းမာနေသည်။ မြစ်ကြီးနားမြို့တွင်မူ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းပစ်နေခြင်းဟု ဒေသခံများကပြောသည်။
မြစ်ကြီးနားမြို့အနီး ဝိုင်းမော်မြို့နယ်၊လမြန်ရွာ၌
မူ စစ်တပ် နှင့် KIA၊KPDF တိုက်ပွဲဖြစ်နေပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်ကြီးများပစ်ကူပေးနေသည်။
မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီနှင့် TNLAသည် နောင်ချိုမြို့တွင် တိုက်ပွဲပြင်းထန်နေသည်။ TNLA ထိန်း
ချုပ်ထားသည့် ကျောက်မဲမြို့ကိုဇွန်လ ၂၄ရက်၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ အရပ်
သားလေးဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
(KIA နှင့် KPDF တပ်ဖွဲ့ဝင်များ )