Category: News
-
ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏တပည့်များ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရသည့်အပြင် တပ်ပြေးများပြားမှုကြောင့် စိုးမြတ်ထွဋ် တိုင်းမှူး ရာထူးတိုးရေး အဟန့်အတားဖြစ်နေ
ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏တပည့်များ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရသည့်အပြင် တပ်ပြေးများပြားမှုကြောင့် စိုးမြတ်ထွဋ် တိုင်းမှူး ရာထူးတိုးရေး အဟန့်အတားဖြစ်နေ ရန်ကုန်၊ ဇွန် ၂၁ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏ ကိုယ်ရေးအရာရှိ ဗိုလ် ကြီး ၁ ဦး နှင့် တပည့် ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်တို့မှာ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးလည်းဖြစ်၊ ပြင်ဦးလွင်တပ်နယ်မှူးလည်းဖြစ်သူ ဗိုလ်ချုပ် စိုးမြတ်ထွဋ်၏ တပည့် ၁ ဦးဖြစ်သော ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်မှာ ပြင်ဦးလွင်တပ်နယ် လုံခြုံရေးအတွက် တပ်ဂိတ်များတွင် တာ ဝန်ချထားစဉ် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့ကြောင်း တိုင်ကြားမှုများကြောင့်…
-
စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရသူများတွင် အသက်အငယ်ဆုံး ၄ နှစ်မှ အသက်အကြီး ဆုံး ၈၄ နှစ် အထိ ပြည်သူများ ပါဝင်ဟု ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်းပြော
စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရသူများတွင် အသက်အငယ်ဆုံး ၄ နှစ်မှ အသက်အကြီး ဆုံး ၈၄ နှစ် အထိ ပြည်သူများ ပါဝင်ဟု ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်းပြော ရန်ကုန်၊ ဇွန် ၂၀ အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရသူများတွင် အသက် အငယ် ဆုံး ၄ နှစ်မှ အကြီးဆုံး ၈၄ နှစ်အထိ ပြည်သူများ ပါဝင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ် သည့် ၁၁ ကြိမ်မြောက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး…
-
နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်
နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန် အိမ်သွင်/People’s Spring အမ်း-ပဒါန်းလမ်းပိုင်းအနီးရှိ နတ်ရေကန်ဗျူဟာအနီး၌ ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေရာမှ ယနေ့(ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ အာရက္ခတပ်တော်(AA) ဦးဆောင်သော ပူးပေါင်းတပ်များနှင့်စစ်ကောင်စီစစ်တို့သည်နတ်ရေကန် ဗျူဟာနှင့် ၁မိုင်၆ဖာလုံခန့်အကွာ၌ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ “တိုက်ပွဲဖြစ်ပြီး လေယာဉ်ဝဲနေပါတယ်။ တိုက်ပွဲက ပြင်းထန်တဲ့အနေအထားရှိပါတယ်”ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ စစ်ကောင်စီ၏ဗုံးကြဲလေယာဉ်တစ်စီးသည် နတ်ရေကန်ဗျူဟာဝန်းကျင်၌ဇွန် ၂၀ ရက် ညနေ ၃နာရီခန့်အထိပျံဝဲနေသည်ကို တွေ့ရသည်။ စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်သည့်တိုက် ပွဲတွင် ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) ပါဝင်ကြောင်းသိရပြီး တိုက်ပွဲဖြစ်စဉ်ကို မကြာမီသတင်းထုတ်ပြန်မည်ဟု CDF – Asho ပြောရေးဆိုခွင့်ရှိသူက People’s Spring အား ပြောသည်။ နတ်ရေကန်ဗျူဟာအနီးဇွန်လ ၁၂ရက်အထိ တိုက် ပွဲပြင်းထန်ခဲ့ပြီး ယင်းကာလနောက်ပိုင်း တိုက်ပွဲခေတ္တငြိမ်သက်နေရာမှ…
-
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် တော်လှန်နေသူများအပေါ် နားလည်စာနာ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် တော်လှန်နေသူများအပေါ် နားလည်စာနာ ရန်ကုန်၊ ဇွန် ၂၀ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ရေးမူကို စွဲစွဲမြဲမြဲကိုင်ခဲ့သော်လည်း လက်နက်ကိုင် တော်လှန်နေသူများအပေါ် နားလည်စာနာမှုရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောဆိုထားသည်။ ဇွန်လ ၁၇ ရက်နေ့ Public Voice Television-PVTV သတင်းဌာန၏ ဆောင်းပါးကဏ္ဍတွင် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က “ဒေါ်အောင်ဆန်းစုကြည်နှင့် လက်နက်ကိုင်တော်လှန်ရေး” ဆိုသော ဆောင်းပါးကို ရေးသားဖော်ပြခဲ့ပြီး ယင်းဆောင်း ပါးတွင် ဦးဟံသာမြင့်က အထက်ပါအတိုင်း ပြောဆိုရေးသားထားခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ထားသော်လည်း လက်နက်ကိုင်ပြီး တော်လှန်နေသူများအပေါ် စာနာနားလည်မှုရှိသည်ကို ပြသခဲ့ကြောင်း ဦးဟံသာမြင့်၏ ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။ “ဒေါ်အောင်ဆန်းစုကြည်အပေါ် ရခဲ့တဲ့…
-
ကျောက်ဖြူ ရေတပ်ဌာနချုပ်သို့ တိုက်ပွဲနီးကပ်လာ
ကျောက်ဖြူ ရေတပ်ဌာနချုပ်သို့ တိုက်ပွဲနီးကပ်လာ ဓာတု (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ် သွားရာလမ်းဖြစ်သည့် သစ်ပုတ်တောင်လမ်းခွဲတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တိုက်ပွဲမှာ ရေတပ်ဌာနချုပ်သို့ တမိုင် နီးပါးအထိ နီးကပ်လာ ပြီဖြစ်ပြီး ယနေ့ (ဇွန်လ ၂၀ ရက်) မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ “ သစ်ပုတ်တောင်ကို ကျော်နေပြီလို့ သိရတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ သစ်ပုတ်တောင်ကြားထဲမှာအထိ အာရက္ခတပ်တော်ဘက်က ခြေကုပ်ယူထားတယ်လို့ ကျွန်တော်တို့ဘက်က ကနဦးစုံစမ်းသိရှိရပါတယ်။ “ ဟု CDM ဗိုလ်ကြီး ဇင်ယောက်ကပြောသည်။ ကျောက်ဖြူတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့် ကြားမှ AA က တိုက်စစ်ဖော်ဆောင်နေခြင်းဖြစ်ပြီး ဇွန်လ ၁၆ ရက်ကလည်း ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း…
-
ကော်သူးလေအစိုးရ ဖွဲ့ရန် လုပ်ငန်းစဥ် ၈၀ ရာခိုင်နှုန်းကျော်ပြီးနေပြီဟု KNU ပြော ■ပြည်ထောင်စုထဲ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သေချာဟု KNU ထပ်မံအသိပေး
ကော်သူးလေအစိုးရ ဖွဲ့ရန် လုပ်ငန်းစဥ် ၈၀ ရာခိုင်နှုန်းကျော်ပြီးနေပြီဟု KNU ပြော ■ပြည်ထောင်စုထဲ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သေချာဟု KNU ထပ်မံအသိပေး ဇွန်-၂၀၊၂၀၂၅။ထားမြတ်/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU)ကဦးဆောင် ပြီး ကော်သူးလေအစိုးရဖွဲ့စည်းရန် စိုင်းပြင်းနေပြီး ၂၀၂၅ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောကြား သည်။ ကော်သူးလေ အစိုးရ ကို ကြေညာမည့် အချိန်ကာလ၊ ကော်သူးလေပြည် တည်ဆောက်ရာတွင် လူငယ်များအား ဖိတ်ခေါ်မှုအကြောင်းစသည်တို့နှင့်ပတ်သက်သည့် ဇွန် ၁၄ ရက်နေ့တွင် ကျရောက်သောကော်သူးလေနေ့ တွင်ရှင်းလင်းပြောကြားချက်ကို KNU ဗဟို က ဇွန်လ ၁၉ရက်တွင် ထပ်မံဖော်ပြထားသည်။ “ကော်သူးလေအစိုးရကို ဘယ်တော့တည်ဆောက်မယ်ဆိုတာကတော့တည်ဆောက်ဖို့ လုံး၀ စိုင်းပြင်းနေတယ်ဆိုတာ မှန်တယ်။ ဒါက လုပ်ငန်းစဉ်ထဲမှာပဲရှိတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်က ၈၀…
-
ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိထားသော ဓာတ်ပုံများ ထုတ်ပြန်လိုက်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့်အတူ PLA အမျိုးသမီးရဲဘော်များပါ ပါဝင်တိုက်ခိုက်ဟု သတင်းထုတ်ပြန်
ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိထားသော ဓာတ်ပုံများ ထုတ်ပြန်လိုက်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့်အတူ PLA အမျိုးသမီးရဲဘော်များပါ ပါဝင်တိုက်ခိုက်ဟု သတင်းထုတ်ပြန် ရန်ကုန်၊ ဇွန် ၂၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိထားသော ဓာတ်ပုံများ ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များနှင့်အတူ PLA အမျိုးသမီးရဲဘော်များပါ ပါဝင်တိုက်ခိုက်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဇွန်လ ၂ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာ…
-
ချင်းတော်လှန်ရေးလက်နက်ကိုင်အားလုံး စုစည်းညီညွတ်ဖြင့် ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန် ချင်းတပ်ဖွဲ့ ၁၈ ခုက ပူးတွဲကြေညာ
ချင်းတော်လှန်ရေးလက်နက်ကိုင်အားလုံး စုစည်းညီညွတ်ဖြင့် ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန် ချင်းတပ်ဖွဲ့ ၁၈ ခုက ပူးတွဲကြေညာ ရန်ကုန်၊ ဇွန် ၂၀ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ခုက ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က ပူးတွဲကြေညာလိုက်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ပြည်သူ့အာဏာကို လုယူသိမ်းပိုက် သော ကြောင့် ပြည်သူလူထုတို့မှ ဦးဆောင်သည့် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သော အ ကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချုပ် ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ် ပေါက်လာရေး ၊ မိမိတို့နယ်မြေ / လူမျိုးကို…
-
မြန်မာ-တရုတ်နယ်စပ်၊ မိုင်းပေါက်တွင် UWSA က မြေရှားသတ္တုတူးဖော်မှု ၈ ဆတိုးချဲ့ လုပ်ဆောင်လာ
မြန်မာ-တရုတ်နယ်စပ်၊ မိုင်းပေါက်တွင် UWSA က မြေရှားသတ္တုတူးဖော်မှု ၈ ဆတိုးချဲ့ လုပ်ဆောင်လာ ရန်ကုန်၊ ဇွန် ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ်၊ မိုင်းပေါက်တွင် UWSA က မြေရှားသတ္တုတူးဖော်မှုများ ၈ ဆ တိုးချဲ့ လုပ် ဆောင်လာနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ယမန်နေ့ သတင်းထုတ်ပြန်သည်။ လက်ရှိ ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများအရ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်း ချုပ်ရာဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ် အနီး မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှုများမှာ ၂၀၂၅ ခုနစ်ကထက် ၈ ဆများပြားလာကြောင်း၊ ထိုသို့ မြင့်တက်လာမှုကြောင့် ဒေသတွင်းရေအရင်းအမြစ်ကို အန္တရာယ်ရှိ ညစ်ညမ်းစေနိုင်ဖွယ်ရှိနေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။ ၂၀၁၅ ခုနစ်တွင် မိုင်းပေါက်ဒေသတွင် မြေရှားသတ္တုတွင်း ၃…
-
ရှေ့တန်းတိုက်ပွဲတွင် သေဆုံးသွားခဲ့သော တပ်သား မောင်ဆုရှင်၏ သေဆုံးမှုသတင်းကို ၆ လကြာမှ စစ်တပ်က မိသားစုကို အသိပေး၍ ၆ လနောက်ကျ နာရေးအမျှဝေမှု လုပ်ဆောင်ရ ၊ တိုက်ပွဲတွင် သေဆုံးမှုကို ၉၆ ပါးရောဂါဖြင့် သေဆုံးဟု နာရေးကြော်ငြာတွင်
ရှေ့တန်းတိုက်ပွဲတွင် သေဆုံးသွားခဲ့သော တပ်သား မောင်ဆုရှင်၏ သေဆုံးမှုသတင်းကို ၆ လကြာမှ စစ်တပ်က မိသားစုကို အသိပေး၍ ၆ လနောက်ကျ နာရေးအမျှဝေမှု လုပ်ဆောင်ရ ၊ တိုက်ပွဲတွင် သေဆုံးမှုကို ၉၆ ပါးရောဂါဖြင့် သေဆုံးဟု နာရေးကြော်ငြာတွင် လိမ်လည်ဖော်ပြရ ရန်ကုန်၊ ဇွန် ၂၀ မကွေးတိုင်း၊ ရှေ့တန်းတိုက်ပွဲတွင် သေဆုံးသွားခဲ့သော တပ်သား မောင်ဆုရှင်၏ သေဆုံးမှုသတင်းကို ၆ လကြာမှ စစ်တပ်က မိသားစုကို အသိပေး၍ ၆ လနောက်ကျ နာရေးအမျှဝေမှု လုပ်ဆောင်ရကြောင်း ကျန်ရစ်သူ မိသားစုထံမှ သိရှိရသည်။ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း) ၁၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် မောင်ဆုရှင်(ခ) ဖိုးခွားက အထည်ချုပ်အလုပ်လုပ်ကိုင်နေရာမှ စစ်သားအဖြစ် မိမိသဘောဖြင့်ဝင်ရောက်သွားခဲ့ကြောင်း၊…