နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်
အိမ်သွင်/People’s Spring
အမ်း-ပဒါန်းလမ်းပိုင်းအနီးရှိ နတ်ရေကန်ဗျူဟာအနီး၌ ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေရာမှ ယနေ့(ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။
အာရက္ခတပ်တော်(AA) ဦးဆောင်သော ပူးပေါင်းတပ်များနှင့်စစ်ကောင်စီစစ်တို့သည်နတ်ရေကန်
ဗျူဟာနှင့် ၁မိုင်၆ဖာလုံခန့်အကွာ၌ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်ပြီး လေယာဉ်ဝဲနေပါတယ်။ တိုက်ပွဲက ပြင်းထန်တဲ့အနေအထားရှိပါတယ်”ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီ၏ဗုံးကြဲလေယာဉ်တစ်စီးသည် နတ်ရေကန်ဗျူဟာဝန်းကျင်၌ဇွန် ၂၀ ရက် ညနေ ၃နာရီခန့်အထိပျံဝဲနေသည်ကို တွေ့ရသည်။
စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်သည့်တိုက်
ပွဲတွင် ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) ပါဝင်ကြောင်းသိရပြီး တိုက်ပွဲဖြစ်စဉ်ကို
မကြာမီသတင်းထုတ်ပြန်မည်ဟု CDF – Asho ပြောရေးဆိုခွင့်ရှိသူက People’s Spring အား ပြောသည်။
နတ်ရေကန်ဗျူဟာအနီးဇွန်လ ၁၂ရက်အထိ တိုက်
ပွဲပြင်းထန်ခဲ့ပြီး ယင်းကာလနောက်ပိုင်း တိုက်ပွဲခေတ္တငြိမ်သက်နေရာမှ ယနေ့ ပြန်လည်ဖြစ်ပွားခြင်းဟုဒေသခံသတင်းရင်းမြစ်အချို့ကပြော
သည်။
အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေး၊ နတ်ရေ
ကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကိုAAနှင့် ပူးပေါင်းတပ်များ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ခဲ့သည်။
မတ်လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်
ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း တပ်မ (၉၉)၏ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက် အား AAနှင့် ပူးပေါင်းတပ်များက ဖမ်းဆီးရရှိခဲ့သည်။ မေလနှောင်းပိုင်းက တိုက်ပွဲများတွင် နတ်ရေကန်ဗျူဟာအနီးရှိ အဓိက ကာကင်းစခန်းဖြစ်သော ဆက်သွယ်ရေးတာဝါတိုင်စခန်းကို
AAကထပ်မံသိမ်းယူခဲ့သည်။
နတ်ရေကန်ဗျူဟာနှင့် အမ်း-ပဒါန်းလမ်းတိုက်ပွဲခုခံစစ်၌တာဝန်အရှိဆုံးတပ်မ(၉၉) တပ်မမှူးဗိုလ်
မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် မေလကုန်တွင် ဖမ်းဆီးပြီး ရာထူးမှဖြုတ်ချကာ စစ်ဆေးနေသည်။ တပ်မ(၉၉)ယာယီတပ်မမှူးအသစ်အဖြစ် စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းကို အစားထိုး ခန့်အပ်ထားသည်။
တပ်မမှူးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းနတ်ရေ
ကန်ဗျူဟာမှ အမြောက်များနှင့်လက်နက်ကြီးအ
ချို့ကို အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်
ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)သို့ဇွန်လ ဒုတိယလပတ်အတွင်း စတင်ရွှေ့ပြောင်းနေသည်ကို တွေ့ရကြောင်း AAနှင့် နီးစပ်သော စစ်ရေးသတင်းရင်း
မြစ်များကပြောသည်။
(နတ်ရေကန် ဗျူဟာကို Google Earth
တွင်တွေ့ရစဥ်)
