Category: News

  • နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

    နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

    by

    in

    နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ) စစ်ကောင်စီရဲ့ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းတွေအရ မေလ ၁၈ ရက်နေ့အထိ နောက်ဆက်တွဲ ငလျင် ၁၇၆ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။ ဒါဟာအထပ်မြင့်အဆောက်အအုံတွေရှိနေတဲ့ ရန်ကုန်မြို့မှာလှုပ်ခတ်နေတဲ့ ငလျင်လှုပ်ခတ်မှုအခြေအနေတွေကို ထည့်သွင်းထားခြင်းမရှိပါဘူး။ ရန်ကုန်မြို့မှာလှုပ်ခတ်နေတဲ့ငလျင်တွေဟာ စစ်ကိုင်းပြတ်ရွေ့ကြော ကြောင့်မဟုတ်ဘဲ အခြားပြတ်ရွေ့ကြောအငယ်တွေကြောင့်ဖြစ်တဲ့ ငလျင်တွေလို့ ဒေါက်တာမျိုးသန့်က ဆိုပါတယ်။ ဒါ့အပြင် မေလ ၁၉ ရက်နေ့ က ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ်မှာလည်း အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။ နောက်ဆက်တွဲငလျင်တွေအပြင် ဆက်တိုက်လှုပ်ခတ်နေတဲ့ ငလျင်တွေကြောင့် ပြည်သူတွေအကြားစိုးရိမ်ပူပန်မှုတွေရှိနေတဲ့အပေါ် ငလျင်သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး Myanmar Institute of Earth and Planetary Sciences က ဘူမိဗေဒပါမောက္ခ…

  • ဗန်းမော်တွင် KIA က ပစ်ချ၍ စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျသွားသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်

    ဗန်းမော်တွင် KIA က ပစ်ချ၍ စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျသွားသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်

    by

    in

    ဗန်းမော်တွင် KIA က ပစ်ချ၍ စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျသွားသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန် ရန်ကုန်၊ မေ ၂၀ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ် ၁ စီး ဗန်းမော်မြို့တွင် ပျက်ကျသွားကြောင်း စစ်ကောင်စီက ယနေ့ညပိုင်း ဝန်ခံသော်လည်း KIA က ပစ်ချသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု လိမ်လည်သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယနေ့ နေ့လယ်ပိုင်း ဗန်းမော်မြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့် ရှေ့တန်းစခန်းသို့ ထောက်ပို့ ပစ္စည်းများ သွားရောက်ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာစဉ် ဗန်းမော်မြို့၏ အနောက်တောင်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာတွင် ရုတ်တရက်စက်ချို့ယွင်း၍ ပျက်ကျသွားကြောင်း ရေးသားထားသည်။ အမှန်တကယ်မှာမူ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့…

  • KIA က ပစ်ချလိုက်သည့် ရဟတ်ယာဉ် ၁ စီးကို ရွှေကူမြို့နယ်၊ စည်ငန်းရွာ အနောက်ဘက်ရှိ တောထဲတွင် တွေ့ရှိခဲ့ပြီး လေယာဉ်မှူး မိုးထက်အောင်၏ ရုပ်အ‌လောင်းကို ရှာတွေ့ (ရုပ်/သံ)

    KIA က ပစ်ချလိုက်သည့် ရဟတ်ယာဉ် ၁ စီးကို ရွှေကူမြို့နယ်၊ စည်ငန်းရွာ အနောက်ဘက်ရှိ တောထဲတွင် တွေ့ရှိခဲ့ပြီး လေယာဉ်မှူး မိုးထက်အောင်၏ ရုပ်အ‌လောင်းကို ရှာတွေ့ (ရုပ်/သံ)

    by

    in

    ဗန်းမော်တွင် ပစ်ချခံရသည့် အကြမ်းဖက်စစ်တပ်၏ Mi17 ရဟတ်ယာဉ်အပျက်အစီးနှင့် ရုပ်အလောင်း ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ) မေ ၂၀၊ ၂၀၂၅ ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ ပစ်ချခံရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်ဟာ ဗန်းမော်မြို့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ -၂၁) ကို စစ်ကူလာရောက်ပို့ဆောင်တဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကူလာရောက်တဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၃စင်းကို KIA က ပစ်ချခဲ့ပြီး ၂စင်း ထိမှန်ခဲ့တာကြောင့် ၁စင်း ပျက်ကျကာ ၁စင်းကတော့ အရေးပေါ်…

  • အိန္ဒိယစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပကဖ ရဲ‌‌ဘော် ၁၀ဦး သေဆုံးမှု အိန္ဒိယအစိုးရနှင့် NUG တို့ တွေ့ဆုံမည်

    အိန္ဒိယစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပကဖ ရဲ‌‌ဘော် ၁၀ဦး သေဆုံးမှု အိန္ဒိယအစိုးရနှင့် NUG တို့ တွေ့ဆုံမည်

    by

    in

    အိန္ဒိယစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပကဖ ရဲ‌‌ဘော် ၁၀ဦး သေဆုံးမှု အိန္ဒိယအစိုးရနှင့် NUG တို့ တွေ့ဆုံမည် ရန်ကုန်| မေ ၂၀ ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) က ရဲဘော် ၁၀ဦးခန့်ကို အိန္ဒိယအာသံရိုယ်ဖယ်တပ်များက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပေါ် အိန္ဒိယ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်သွားမည် NUG အစိုးရက ကပြောသည်။ အိန္ဒိယ -မြန်မာနှစ်နိုင်ငံ နယ်စပ် စစ်ကိုင်းတမူးမြို့နယ်မှာ အိန္ဒိယ အာသံရိုယ်ဖယ်တပ်များက တမူးခရိုင်က ပကဖရဲ ဘော် ၁၀ဦးကို ပြီးခဲ့သည့် မေလ ၁၄ရက် နေ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ အဆိုပါ ပစ်ခတ်ခဲ့၍ သေဆုံးသွားရသည် ရဲဘော်များအတွက် အမှုမှန် ပေါ်ပေါက်ရေးကို…

  • ဘာသာရေးသွေးထိုးလှုံ့ဆော်မှုဖြင့် ရွှေခေါင်းလောင်းဆရာတော်ကို ထောင် ၁၆ နှစ်ကျော် ချမှတ်

    ဘာသာရေးသွေးထိုးလှုံ့ဆော်မှုဖြင့် ရွှေခေါင်းလောင်းဆရာတော်ကို ထောင် ၁၆ နှစ်ကျော် ချမှတ်

    by

    in

    ဘာသာရေးသွေးထိုးလှုံ့ဆော်မှုဖြင့် ရွှေခေါင်းလောင်းဆရာတော်ကို ထောင် ၁၆ နှစ်ကျော် ချမှတ် ဧရာဝတီ၊ မေ ၂၀၊ ၂၀၂၅ TikTok နှင့် လူမှုကွန်ရက်စာမျက်နှာများပေါ် ခရစ်ယာန်ဘာသာရေးနှင့်ပတ်သက်၍ ဟောပြောမှုများကြောင့် ဖမ်းဆီးခံခဲ့ရသည့် ရွှေခေါင်း လောင်းဆရာတော်ဟု လူသိများသော စိုင်းယီဆောင် (ခ) စိုင်းအေးကို စစ်ကောင်စီမှ အမှု ၆ မှုဖြင့် တရားစွဲကာ ၈ လကျော်ထိ စစ်ဆေးပြီးနောက် မေ ၁၅ တွင် ထောင်ဒဏ် ၁၆ နှစ်နှင့် ၃ လချမှတ်ခဲ့ကြောင်း ၎င်း၏ အမျိုး သမီးက ယမန်နေ့တွင် Live လွှင့်ပြောဆိုထားသည်။ ၎င်းအား ၂၀၂၄ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ထိုင်း- မြန်မာ နယ်စပ်တံတား…

  • Update News- KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၂ စီး ပျက်မှုတွင် စစ်ကောင်စီ ဗျူဟာမှူးနှင့်အဖွဲ့  သေဆုံး၊ ရွှေကူအနီး တောထဲတွင် ပျက်ကျသည့် ရဟတ်ယာဉ်ပျက်ကို KIA တပ်ဖွဲ့များက ရှာဖွေတွေ့ရှိပြီဟုဆို

    Update News- KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၂ စီး ပျက်မှုတွင် စစ်ကောင်စီ ဗျူဟာမှူးနှင့်အဖွဲ့ သေဆုံး၊ ရွှေကူအနီး တောထဲတွင် ပျက်ကျသည့် ရဟတ်ယာဉ်ပျက်ကို KIA တပ်ဖွဲ့များက ရှာဖွေတွေ့ရှိပြီဟုဆို

    by

    in

    Update News- KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၂ စီး ပျက်မှုတွင် စစ်ကောင်စီ ဗျူဟာမှူးနှင့်အဖွဲ့ သေဆုံး၊ ရွှေကူအနီး တောထဲတွင် ပျက်ကျသည့် ရဟတ်ယာဉ်ပျက်ကို KIA တပ်ဖွဲ့များက ရှာဖွေတွေ့ရှိပြီဟုဆို ရန်ကုန်၊ မေ ၂၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသော ရဟတ်ယာဉ် ၃ စီးကို KIA ပူး ပေါင်းအဖွဲ့က ယနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ပျက်ကျသွားခဲ့ပြီး ပျက်ကျသွားသော ရဟတ်ယာဉ် ၁ စီးတွင် လိုက်ပါလာသော စစ်ကောင်စီဗျူဟာမှူးနှင့်အဖွဲ့ သေဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော် စကခ ၂၁ သို့ စစ်ကူလာပို့သော စစ်ရဟတ်ယာဉ်…

  • ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်နိုင်ခဲ့ပြီး ထိမှန်ပျက်ကျမှု ရှိဟု KIA ရှေ့တန်းက ပြောဆိုသော်လည်း KIA ပြောခွင့်ရ ဗိုလ်မှူး ကြီးနော်ဘူက မသိရှိရသေးဟုဆို

    ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်နိုင်ခဲ့ပြီး ထိမှန်ပျက်ကျမှု ရှိဟု KIA ရှေ့တန်းက ပြောဆိုသော်လည်း KIA ပြောခွင့်ရ ဗိုလ်မှူး ကြီးနော်ဘူက မသိရှိရသေးဟုဆို

    by

    in

    ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်နိုင်ခဲ့ပြီး ထိမှန်ပျက်ကျမှု ရှိဟု KIA ရှေ့တန်းက ပြောဆိုသော်လည်း KIA ပြောခွင့်ရ ဗိုလ်မှူး ကြီးနော်ဘူက မသိရှိရသေးဟုဆို ရန်ကုန်၊ မေ ၂၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၂ စီးကို KIA ပူးပေါင်းတပ်များက ယနေ့ ပစ်ခတ်ခဲ့ရာ ထိမှန်ပျက်ကျမှုရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော်မြို့ စကခ ၂၁ အတွင်းသို့ လာဆင်းသည့် စစ်တပ် ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁…

  • ကျောက်တံတားတွင် ညဘက် အပြင်ထွက်သည့် လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံပစ်ခတ်

    ကျောက်တံတားတွင် ညဘက် အပြင်ထွက်သည့် လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံပစ်ခတ်

    by

    in

    📌ယနေ့ မေလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ BPI ဆေးဝါးစက်ရုံအနီးသို့ စစ် DC ၂ စီးဖြင့် အကြမ်းဖက်စစ်သားများ ရောက်ရှိလာပြီး အိမ်စီးကား ၁ စီးကို တားစစ်ကာ ကားပေါ်ပါသည့် ယောကျ်ားလေး ၄ ဦးကို ရို*-က်နှက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ သ နတ်ဒင်များဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး Thway များပါ လမ်းပေါ် ပေကျံနေခဲ့ကြောင်း သိရသည်။ အိမ်စီးကားကိုလည်း အကြမ်းဖက်စစ်သားများ မောင်းယူသွားခဲ့ကြောင်း သိရှိရသည်။ ” Thawy တွေတောင် လမ်းပေါ်ကျန်ခဲ့တယ်။ မင်းတို့ဘာကောင်တွေလဲဆိုပြီး သ နတ်တွေနဲ့ရိုက်ပြီး ဆွဲတင်သွားတယ်။ ကောင်လေးတွေက 19/20 ဝန်းကျင်လေးတွေ။ တစ်ယောက်ကိုပဲ လက်ထိပ်ခက်ပြီး…

  • အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် AA နှင့်PDF ပူးပေါင်းတပ်များကို ခုခံရန် စစ်သင်တန်းပေးနေပြီး စီးပွားလုပ်ငန်းရှင်များထံမှ တစ်ဦးလျှင် ၃ သိန်း၊ အိမ်ထောင်တစ်စုလျှင် ၁ သောင်း စစ်တပ်က ကောက်ခံ ၊ မဲဇလီကုန်းကို ခံစစ်မြို့အဖြစ် အသွင်ပြောင်း

    အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် AA နှင့်PDF ပူးပေါင်းတပ်များကို ခုခံရန် စစ်သင်တန်းပေးနေပြီး စီးပွားလုပ်ငန်းရှင်များထံမှ တစ်ဦးလျှင် ၃ သိန်း၊ အိမ်ထောင်တစ်စုလျှင် ၁ သောင်း စစ်တပ်က ကောက်ခံ ၊ မဲဇလီကုန်းကို ခံစစ်မြို့အဖြစ် အသွင်ပြောင်း

    by

    in

    အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် AA နှင့်PDF ပူးပေါင်းတပ်များကို ခုခံရန် စစ်သင်တန်းပေးနေပြီး စီးပွားလုပ်ငန်းရှင်များထံမှ တစ်ဦးလျှင် ၃ သိန်း၊ အိမ်ထောင်တစ်စုလျှင် ၁ သောင်း စစ်တပ်က ကောက်ခံ ၊ မဲဇလီကုန်းကို ခံစစ်မြို့အဖြစ် အသွင်ပြောင်း ရန်ကုန်၊ မေ ၁၉ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် AA နှင့်PDF ပူးပေါင်းတပ်များ ဝင်ရောက်လာပါက ခုခံကာကွယ်ရေးစစ်သင်တန်းပေးရန် စစ်ကောင်စီက ပြင်ဆင်နေပြီး စီးပွားလုပ်ငန်းရှင်များထံမှ တစ်ဦးလျှင် ၃ သိန်း၊ အိမ်ထောင်တစ်စုလျှင် ၁ သောင်း စစ်တပ်က ကောက်ခံလျက်ရှိကြောင်း မဲဇလီကုန်းမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုမေလဆန်းပိုင်းမှစတင်ပြီး အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့သို့ စစ်ကောင်စီတပ်တချို့ ရောက်ရှိလာပြီး ပြည်သူ များ ကို အတင်း…

  • NLD အစိုးရကို စစ်တပ်က အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ကာ/လုံမခေါ်သည့်အပြင် ဥပဒေနှင့်မညီသော ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့၍ “ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်ခဲ့ရဟု မင်းအောင် လှိုင်ပြော

    NLD အစိုးရကို စစ်တပ်က အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ကာ/လုံမခေါ်သည့်အပြင် ဥပဒေနှင့်မညီသော ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့၍ “ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်ခဲ့ရဟု မင်းအောင် လှိုင်ပြော

    by

    in

    NLD အစိုးရကို စစ်တပ်က အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ကာ/လုံမခေါ်သည့်အပြင် ဥပဒေနှင့်မညီသော ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့၍ “ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်ခဲ့ရဟု မင်းအောင် လှိုင်ပြော ရန်ကုန်၊ မေ ၂၀ ၂၀၁၅ ခုနှစ် တွင် အာဏာရယူလာခဲ့သော NLD အစိုးရကို စစ်တပ်က အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့သော်လည်း ကာ/လုံမခေါ်သည့်အပြင် ဥပဒေနှင့်မညီသော ကိစ္စရပ်များ လုပ်ဆောင်ခဲ့၍ “ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်ခဲ့ရကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့…