ဗန်းမော်တွင် KIA က ပစ်ချ၍ စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျသွားသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်

by

in

ဗန်းမော်တွင် KIA က ပစ်ချ၍ စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျသွားသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်
ရန်ကုန်၊ မေ ၂၀

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ် ၁ စီး ဗန်းမော်မြို့တွင် ပျက်ကျသွားကြောင်း စစ်ကောင်စီက ယနေ့ညပိုင်း ဝန်ခံသော်လည်း KIA က ပစ်ချသည်ကို စက်ချို့ယွင်း၍ ပျက်ကျသည်ဟု လိမ်လည်သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယနေ့ နေ့လယ်ပိုင်း ဗန်းမော်မြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့် ရှေ့တန်းစခန်းသို့ ထောက်ပို့ ပစ္စည်းများ သွားရောက်ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာစဉ် ဗန်းမော်မြို့၏ အနောက်တောင်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာတွင် ရုတ်တရက်စက်ချို့ယွင်း၍ ပျက်ကျသွားကြောင်း ရေးသားထားသည်။
အမှန်တကယ်မှာမူ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသော ရဟတ် ယာဉ် ၃ စီးကို KIA ပူးပေါင်းအဖွဲ့က ယနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ပျက်ကျသွားခဲ့ပြီး ပျက်ကျသွားသော ရဟတ်ယာဉ် ၁ စီးကို ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲ စည်ငန်းရွာ အနောက်ဘက်ရှိ တောထဲတွင် တွေ့ရှိခဲ့ကြောင်း၊ ယင်းရ ဟတ်ယာဉ်ပျက်နေရာသို့ KIA တပ်ဖွဲ့ဝင်များ ရောက်ရှိသွားပြီး ရဟတ်ယာဉ် အပျက် အစီးများနှင့် လေယာဉ်မှူး ကပ္ပတိန် မျိုးထက်အောင်၏ ရုပ်အ‌လောင်းကို ရှာတွေ့ခဲ့ကြောင်း သိရှိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော် စကခ ၂၁ သို့ စစ်ကူလာပို့သော စစ်ရဟတ်ယာဉ် ၃ စီးကို KIA ပူး ပေါင်းတပ်များက ပစ်ချခဲ့ခြင်းဖြစ်ပြီး ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်လိုက်နိုင်သော ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့ ၊ ဧရာ၀တီမြစ်အနောက်ဘက်အခြမ်း KIA တပ်ရင်း ၅ နယ်မြေထဲသို့ ပျက်ကျသွားကြောင်း၊ ယင်းရဟတ်ယာဉ်ပျက်နေရာသို့ KIA တပ်ဖွဲ့ဝင်များ ရောက်ရှိသွားခဲ့ပြီး ရဟတ်ယာဉ်ပျက်နှင့် ရုပ်အလောင်းများကို မှတ်တမ်းတင် သတင်းထုတ်ပြန် နိုင်ခဲ့သည်။