ဘာသာရေးသွေးထိုးလှုံ့ဆော်မှုဖြင့် ရွှေခေါင်းလောင်းဆရာတော်ကို ထောင် ၁၆ နှစ်ကျော် ချမှတ်

by

in

ဘာသာရေးသွေးထိုးလှုံ့ဆော်မှုဖြင့် ရွှေခေါင်းလောင်းဆရာတော်ကို ထောင် ၁၆ နှစ်ကျော် ချမှတ်
ဧရာဝတီ၊ မေ ၂၀၊ ၂၀၂၅
TikTok နှင့် လူမှုကွန်ရက်စာမျက်နှာများပေါ် ခရစ်ယာန်ဘာသာရေးနှင့်ပတ်သက်၍ ဟောပြောမှုများကြောင့် ဖမ်းဆီးခံခဲ့ရသည့် ရွှေခေါင်း လောင်းဆရာတော်ဟု လူသိများသော စိုင်းယီဆောင် (ခ) စိုင်းအေးကို စစ်ကောင်စီမှ အမှု ၆ မှုဖြင့် တရားစွဲကာ ၈ လကျော်ထိ စစ်ဆေးပြီးနောက် မေ ၁၅ တွင် ထောင်ဒဏ် ၁၆ နှစ်နှင့် ၃ လချမှတ်ခဲ့ကြောင်း ၎င်း၏ အမျိုး သမီးက ယမန်နေ့တွင် Live လွှင့်ပြောဆိုထားသည်။
၎င်းအား ၂၀၂၄ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ထိုင်း- မြန်မာ နယ်စပ်တံတား ၁ ၌ ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဘာသာရေးဆိုင်ရာ သွေးထိုးလှုံ့ဆော်မှုများနှင့်အတူ အကြည်ညို ပျက်စေမှုများကြောင့် ဟုဆိုကာ တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၁၂၉/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅- က အပါဝင် အခြား ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ခြင်း ဟု သိရသည်။
အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ရွှေခေါင်းလောင်းဆရာတော် ခေါ် စိုင်းအေး သည် ကမ္ဘာဧဝံဂေလိမိတ်သဟာအဖွဲ့ချုပ်၏ သင်းအုပ်ဆရာဖြစ်သလို ၂၀၁၂ ခုနှစ်ဝန်းကျင်တွင် ခရစ်ယာန်ဘာသာရေးနှင့်ပတ်သက်၍ ဝ၊ နာဂ၊ ကချင်၊ ရှမ်း စသည့် ဒေသများအပြင် တရုတ်နိုင်ငံအထိ သွားလာလှုပ်ရှားခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာရေးဆိုင်ရာ အယူအဆများမှတဆင့် လူငယ်များအား စည်းရုံးခြင်း၊ ဆင်းရဲနွမ်းပါးသူများကို ငွေလှူပြီးဘာသာရေး မဲဆွယ်ခြင်းတို့အပြင် အမျိုးသမီးငယ်လေးများအား အွန်လိုင်းပေါ်မှ ရောင်းဝယ်မှုများပြုလုပ်ပေးနေသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့အနီးရှိ ၎င်းတည် ထောင်ထားသည့် ဘာသာရေးအမည်ခံကျောင်းတွင် စစ်ဘေးသင့်ဒေသများမှ ကလေးငယ်များ၊ မိန်းကလေးများကို ခေါ်ယူထားပြီး လူ့အခွင့်ရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဒေသတွင်း သတင်းဌာနများက ထုတ်ဖော်ရေးသားကြသည်။
လက်ရှိတွင် ၎င်းအား စစ်ကောင်စီက ထောင်ဒဏ် ၁၆ နှစ်ကျော် ချမှတ်ပြီးနောက် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup