နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)
စစ်ကောင်စီရဲ့ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းတွေအရ မေလ ၁၈ ရက်နေ့အထိ နောက်ဆက်တွဲ ငလျင် ၁၇၆ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။
ဒါဟာအထပ်မြင့်အဆောက်အအုံတွေရှိနေတဲ့ ရန်ကုန်မြို့မှာလှုပ်ခတ်နေတဲ့ ငလျင်လှုပ်ခတ်မှုအခြေအနေတွေကို ထည့်သွင်းထားခြင်းမရှိပါဘူး။
ရန်ကုန်မြို့မှာလှုပ်ခတ်နေတဲ့ငလျင်တွေဟာ စစ်ကိုင်းပြတ်ရွေ့ကြော ကြောင့်မဟုတ်ဘဲ အခြားပြတ်ရွေ့ကြောအငယ်တွေကြောင့်ဖြစ်တဲ့ ငလျင်တွေလို့ ဒေါက်တာမျိုးသန့်က ဆိုပါတယ်။
ဒါ့အပြင် မေလ ၁၉ ရက်နေ့ က ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ်မှာလည်း အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။
နောက်ဆက်တွဲငလျင်တွေအပြင် ဆက်တိုက်လှုပ်ခတ်နေတဲ့ ငလျင်တွေကြောင့် ပြည်သူတွေအကြားစိုးရိမ်ပူပန်မှုတွေရှိနေတဲ့အပေါ် ငလျင်သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး Myanmar Institute of Earth and Planetary Sciences က ဘူမိဗေဒပါမောက္ခ ဒေါက်တာမျိုးသန့်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။