ကျောက်တံတားတွင် ညဘက် အပြင်ထွက်သည့် လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံပစ်ခတ်

by

in

📌ယနေ့ မေလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ BPI ဆေးဝါးစက်ရုံအနီးသို့ စစ် DC ၂ စီးဖြင့် အကြမ်းဖက်စစ်သားများ ရောက်ရှိလာပြီး အိမ်စီးကား ၁ စီးကို တားစစ်ကာ ကားပေါ်ပါသည့် ယောကျ်ားလေး ၄ ဦးကို ရို*-က်နှက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သ နတ်ဒင်များဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး Thway များပါ လမ်းပေါ် ပေကျံနေခဲ့ကြောင်း သိရသည်။ အိမ်စီးကားကိုလည်း အကြမ်းဖက်စစ်သားများ မောင်းယူသွားခဲ့ကြောင်း သိရှိရသည်။

” Thawy တွေတောင် လမ်းပေါ်ကျန်ခဲ့တယ်။ မင်းတို့ဘာကောင်တွေလဲဆိုပြီး သ နတ်တွေနဲ့ရိုက်ပြီး ဆွဲတင်သွားတယ်။ ကောင်လေးတွေက 19/20 ဝန်းကျင်လေးတွေ။ တစ်ယောက်ကိုပဲ လက်ထိပ်ခက်ပြီး ကျန်တာတွေက ဆွဲတင်သွားတယ်။” ဟု ဒေသခံမှ ပြောပြသည်။

20 May 2025
#RangoonScoutNetwork

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ထဲမှာ အပြင်ထွက်တဲ့ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ပေမဲ့ လွတ်မြောက်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေဆီကနေ သိရပါတယ်။

ကားနဲ့ကင်းပတ်နေတဲ့ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

မျက်​မြင်တွေ့သူတယောက် “ကျောက်တံတားမြို့နယ် ၁ ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၃၄ လမ်းမှာ ကားပေါ်ကဆင်းပြီး သေနတ်နဲ့လိုက်ပစ်တာ။ ကံကောင်းလို့ လွတ်သွားတာ” လို့ ပြောပါတယ်။

လူငယ်တွေအနေနဲ့ ခုကာလမှာ အပြင်မထွက်သင့်တော့ကြောင်း၊ ကင်းပတ်တာနဲ့ မတူဘဲ စစ်ကြောင်းထိုးနေသလိုဖြစ်ပြီး မသင်္ကာတာနဲ့ အမေးအမြန်းမရှိ ကားပေါ်တင်သွားတာလို့ ဆိုပါတယ်။