Category: News
-
ကြံခင်းမြို့နယ်မှာ သမက်ဖြစ်သူကသတ်လို့ ယောက္ခမ ၂ယောက်သေဆုံး
ကြံခင်းမြို့နယ်မှာ သမက်ဖြစ်သူကသတ်လို့ ယောက္ခမ ၂ယောက်သေဆုံး မေ ၊ ၂၆ ၊ ၂၀၂၅ SP(VOM) ဧရာ၀တီတိုင်း မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ် ၊ဆုံလဲကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာမှာ မေ၂၅ရက် မနေ့ ၁၁ နာရီခွဲ၀န်းကျင်က နှစ်လောင်းပြိုင်လူသတ်မှုတခုဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ” ဖြစ်စဥ်မှာ သမက်ဖြစ်သူက သူ့မိန်းမရဲ့ မိဘနှစ်ပါးကို ပြန်သတ်လိုက်တာပါ ၊ ဘာအတွက်ကြောင့် အခုလို သတ်လိုက်တာဖြစ်တယ်လို့ မသိရသေးဘူး ၊ သေဆုံးတဲ့သူတွေကတော့ ဦးဌေးမြင့်နဲ့ သူ့မိန်းမ ဒေါ်ယဥ်ရွှေတို့ဖြစ်တယ် ” လို့ ကြံခင်းမြို့မရဲစခန်းက တာ၀န်ရှိသူ တယောက်က ပြောပါတယ်။ “သူတို့သမက်က ကားနဲ့ရောက်လာပြီး ယောက္ခထီးနဲ့ ယောက္ခမဖြစ်သူကိုသတ်သွားတာဖြစ်တယ် ၊ သူ့ယောက္ခမကတော့ နေရာတင် ပွဲချင်းပြီးသေတယ်၊ သူ့ယောက္ခထီးဖြစ်သူက ဆိပ်သာဆေးရုံမှာရောက်မှသေတယ်၊ ပြစ်မှုကျူးလွန်သူက ဘက်ရဲမြို့…
-
AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီး အကျယ်စုဆောင်းပြီး စစ်သင်တန်းများနှင့် ရက်တို ပစ်ခတ်မှု သင်တန်းများ ဆက်တိုက်ပေးနေ
AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီး အကျယ်စုဆောင်းပြီး စစ်သင်တန်းများနှင့် ရက်တို ပစ်ခတ်မှု သင်တန်းများ ဆက်တိုက်ပေးနေ ရန်ကုန်၊ မေ ၂၆ ဧရာ၀တီတိုင်းတွင် AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီးအကျယ်စုဆောင်းပြီး စစ်သင်တန်းများ ဆက်တိုက်ပေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ AA နှင့် PDF များ ဝင်ရောက်လာ၍ လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ၊ ကွင်းကောက်တို့တွင် စစ်သားများ အကြီးအကျယ် စုဆောင်းနေပြီး ပြည်သူ့စစ်သင်တန်းများ ပို့ချလျက်ရှိကြောင်း၊ ကျေးရွာများတွင် နေ့စဉ် လူငယ်များ ဆက်တိုက်…
-
နေပြည်တော်တွင် Modular Office နှင့် House များ အပါအဝင် ယာယီအဆောက်အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ ဦးပိုင်နှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိ
နေပြည်တော်တွင် Modular Office နှင့် House များ အပါအဝင် ယာယီအဆောက်အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ ဦးပိုင်နှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိ ရန်ကုန်၊ မေ ၂၆ ငလျင်ဒဏ်သင့် နေပြည်တော်တွင် Modular Office နှင့် Modular House များ အပါအဝင် ယာယီအဆောက် အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ စစ်တပ်ဦးပိုင်ကုမ္ပဏီနှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိထားကြောင်း သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်တွင် ဝန်ကြီးဌာနရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ အများအပြား ပြိုကျပျက်စီးခဲ့ရာ စစ်ကောင်စီက ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ယာ ယီ အဆောက်အအုံများအဖြစ် Modular Office…
-
မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေ ယာယီရပ်နားထားဖို့ ဒေါက်တာဇော်ဝေစိုး ညွှန်ကြား
မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေ ယာယီရပ်နားထားဖို့ ဒေါက်တာဇော်ဝေစိုး ညွှန်ကြား BVJ/ထက်အောင် _ မေ ၂၅ ၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပူးပေါင်း ဖွင့်လှစ်ထားတဲ့ မြေပြင်မှာရှိတဲ့ စာသင်ကျောင်းအားလုံး ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့က မေလ ၂၅ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီက စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို လေကြောင်းကနေ နည်းလမ်းမျိုးစုံနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။ အပြစ်မဲ့ ကလေးသူငယ်တွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိစေဖို့အတွက်…
-
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားဖြစ်သူ ကိုထိန်လင်း လက်ခံ
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားဖြစ်သူ ကိုထိန်လင်း လက်ခံ ရန်ကုန်၊ မေ ၂၅ လူထုခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ မှာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဂုဏ်ရည်ဆုသည် မြန်မာပြည်တွင်းမှ ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူများကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုများမှ ဝိုင်းဝန်းဂုဏ်ပြုကြတဲ့ ဆု ဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့ဂုဏ်ရည် အသင်းက ၂၀၂၅ ခုနှစ်၊ ၁၆ ကြိမ်မြောက် ဂုဏ်ပြုသူအဖြစ် အကျဉ်းကျခံနေရတဲ့ ပြည်သူ့ခေါင်းဆောင်…
-
ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက အရေးပေါ် ပေါ်တာဆွဲ ဖမ်းဆီးမှုများပြုလုပ်နေ
ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက အရေးပေါ် ပေါ်တာဆွဲ ဖမ်းဆီးမှုများပြုလုပ်နေ ဧရာဝတီတိုင်းမ် မေ ၂၅ ရက် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ မသုံရွာ တဝိုက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြန်လည် ပြင်းထန်နေကြောင်း သိရသည်။ ညောင်ကျိုးမှနေ၍ မသုန်ဘက်သို့ ယခု မေလနောက်ဆုံးပတ်အတွင်းတွင် စစ်ရေးရောက်ရှိလာပြီး စစ်ကောင်စီ၏ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အတွင်းမှနေ၍ လက်နက်ကြီး များဖြင့် ပစ်ကူပေးနေပြီး စစ်ရေးမှာ ညောင်ခြေထောက်ဘက်သို့ တက်လာခြင်းမရှိဘဲ မသုံဘက်တွင် ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “ညောင်ခြေထောက်နဲ့ ဥသျှစ်ပင်ဘက်ကို တိုက်ပွဲရောက်လာမယ်ထင်ပြီး စစ်ပြင်ဆင်ထားတာ။ ကပစ ၁၆ ထဲမှာလည်း လူအင်အားတွေဖြည့်ပြီး လက်နက် ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်။ ဒါပေမဲ့ တိုက်ပွဲက…
-
တောင်ငူမြို့နယ် အမြန်လမ်းနှင့် ၁မိုင်အကွာ၌ တိုက်ပွဲပြင်းထန်နေ
တောင်ငူမြို့နယ် အမြန်လမ်းနှင့် ၁မိုင်အကွာ၌ တိုက်ပွဲပြင်းထန်နေ မေ ၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring တောင်ငူမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့(မေလ ၂၅ရက်)နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ၁မိုင်ခန့်သာဝေးသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။ အမြန်လမ်း (၁၇၄)မိုင်နှင့် ၆မ်ိုင်ခန့်အကွာရှိ စပါးကြွယ်ကျေးရွာအနီးတွင် မေလ ၂၃ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့(မေလ ၂၅ရက်)အထိ စစ်ရေးတင်းမာနေသလို အမြန်လမ်းနှင့် (၁)မိုင်ခန့်အကွာရှိ ကြက်တက်ညောင်ပင်ကျေးရွာတွင်လည်း ယနေ့နံနက်အစောပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု တောင်ငူမြို့ဒေသခံတစ်ဦးက ပြောသည်။ ” အမြန်လမ်းနဲ့ ပိုနီးလာတယ်။မနက်ကတည်းက သေနတ်သံတွေကြားရတယ်။လေယာဉ်က တမနက်လုံးဝဲနေတယ်။ ရွာတွေဘက်ကနေ မြို့ပေါ်ကိုပြေးလာတာအများကြီးပဲ”ဟု တောင်ငူမြို့ခံကပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ကြက်တက်ညောင်ပင်ကျေးရွာမှ စစ်ဘေးရှောင်များအား ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် အိမ်ခြေ၄၀၀ ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်ပြီး…
-
မန္တလေး စျေးချိုအနီး အင်းဝဘဏ်မှာ ဂိတ်အစောင့် စစ်အုပ်စု အချင်းချင်း ပစ်ခတ်မှုဖြစ်၊ စစ်အုပ်စုက ကားလမ်းပိတ်ထားပြီး စျေးသည်တချို့ ထိတ်လန့်ထွက်ပြေး၊
မန္တလေး စျေးချိုအနီး အင်းဝဘဏ်မှာ ဂိတ်အစောင့် စစ်အုပ်စု အချင်းချင်း ပစ်ခတ်မှုဖြစ်၊ စစ်အုပ်စုက ကားလမ်းပိတ်ထားပြီး စျေးသည်တချို့ ထိတ်လန့်ထွက်ပြေး၊ ဒေါ်လာ/MFP၊ မေ- ၂၅ မန္တလေးမြို့၊ စျေးချိုတော်နဲ့ နာရီစင်အနီး၊ ၈၄လမ်းနဲ့ ၂၆လမ်းထောင့်က စစ်အုပ်စုပိုင် အင်းဝဘဏ်မှာ ဂိတ်စောင့်နေရတဲ့ စစ်အုပ်စု အချင်းချင်း မေလ ၂၅ရက် ဒီကနေ့ မွန်းလွဲ ၁၂နာရီကျော်အချိန် သေနတ်ပစ်ခတ်မှု ဖြစ်ပွားတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ စစ်အုပ်စု အချင်းချင်း သေနတ်နဲ့ပစ်တာ ဖြစ်ပြီး ပထမ လေးချက်နဲ့ ဒုတိယအကြိမ် သုံးချက်၊ သေနတ်သံ ခုနှစ်ချက်ခန့် ကြားရတယ်လို့ ဆိုပါတယ်။ “သေသလား၊ ဒဏ်ရာရသလား မသိရဘူး၊ နာရေးကားနဲ့ လာတင်သွားတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။…
-
ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရ
ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရ ရန်ကုန်၊ မေ ၂၅ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကျေးရွာရှိ မင်္ဂလာ ဆောင်နေအိမ်ပေါ်သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲမှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး…
-
၀စီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံမှာ မင်းအောင်လှိုင် လင်မယားက လောက သရဖူ စေတီ ဘုရားဌာပနာ ယတြာချေပွဲနှင့် ဆေးရုံဖွင့်ပွဲတွေ လုပ်
၀စီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံမှာ မင်းအောင်လှိုင် လင်မယားက လောက သရဖူ စေတီ ဘုရားဌာပနာ ယတြာချေပွဲနှင့် ဆေးရုံဖွင့်ပွဲတွေ လုပ် ရန်ကုန်၊ မေ ၂၅ မင်းအောင်လှိုင်လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးခေါ်လို့ ကျိုင်းတုံထိသွားပြီး လောကသရဖူ စေ တီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုပါတယ်။ မေလ ၂၃ ရက်နေ့ကတည်းက ကျိုင်းတုံကို ရောက်ရှိခဲ့တဲ့ မင်းအောင်လှိုင် လင်မယားက ၀စီပိတ်ဘုန်းကြီးရဲ့ ခေါ်ယူမှုကြောင့် ဘုန်းကြီးကို အဓိက သွားရောက် တွေ့ဆုံတာဖြစ်ပြီး ၀စီပိတ်ဘုန်းကြီး ဦးဆောင် တည်ဆောက်နေတဲ့ ပန်းကွဲဗုဒ္ဓဥယျာဉ်တော်မှာ လောကသရဖူ စေတီ ဘုရားဌာပနာ ယတြာချေတာ၊ အဲဒီစေတီမှာ အစီအရင် အင်းပြားတွေ မြှုပ်နှံတာတွေ…