Category: News
-
နေပြည်တော်တွင် ပြိုကျပျက်စီးနေသည့် နေအိမ်များမှ ပစ္စည်းများကို နေ့ခင်းပိုင်းမှာပင် ခိုးယူမှုများရှိနေ
နေပြည်တော်တွင် ပြိုကျပျက်စီးနေသည့် နေအိမ်များမှ ပစ္စည်းများကို နေ့ခင်းပိုင်းမှာပင် ခိုးယူမှုများရှိနေ ဧရာဝတီတိုင်းမ် ဧပြီ ၆ ရက် နေပြည်တော်ကောင်စီနယ်မြေတွင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသည့် နေအိမ်များမှ ပစ္စည်းများကို ကားများဖြင့် ခိုးယူသယ်ထုတ်နေကြောင်း ဒေသခံများထံက သတင်းရရှိသည်။ နေပြည်တော်ကောင်စီနယ်မြေ MICC2၊ ကံကော်အိမ်ယာ၊ ခရေအိမ်ယာ အပါအဝင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသည့် နေအိမ်များအတွင်းရှိ ပစ္စည်းများကို ဝင်ရောက်၍ ဖောက်ထွင်းယူနေကြောင်း မြို့ခံများကပြောသည်။ “နေပြည်တော်မှာ မလုံခြုံတော့ဘူး ၊ ညဘက်တောင်ယူတာမဟုတ်ဘူး၊ နေ့ဘက်ကြီး ဘယ်သူ့ ဂရုမစိုက်ဘူး ပေါ်တင်ပဲ ကားတွေနဲ့သယ်ယူနေကြတာ။ အဲကွန်းကစပြီးဖြုတ်ယူနေကြတာ။ ဓားပြတိုက်တာတွေပါလုပ်လာကြတယ်။ အပျက်စီးတွေအနား လူတွေကလည်း အရင်လို သိပ်မရှိတော့ဘူး၊ ဟိုတစ်စုဒီတစ်စုပဲ နေနေကြရတယ်”ဟု Non CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ ထို့ပြင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသည့်…
-
ငလျင်ဘေးအတွက်ဒေါ်လာသန်းဆယ်ချီ နှင့် ကျပ်ဘီလီယံ၁၀၀ကျော်ရထားသည့် စစ်ကောင်စီက သေဆုံးသူ တဦးကျပ် ၁၀ သိန်းစီထောက်ပံ့မည်ဆိုခြင်းအပေါ်ပြည်သူများဝေဖန်
ငလျင်ဘေးအတွက်ဒေါ်လာသန်းဆယ်ချီ နှင့် ကျပ်ဘီလီယံ၁၀၀ကျော်ရထားသည့် စစ်ကောင်စီက သေဆုံးသူ တဦးကျပ် ၁၀ သိန်းစီထောက်ပံ့မည်ဆိုခြင်းအပေါ်ပြည်သူများဝေဖန် ဧပြီ-၆၊၂၀၂၅။ခွာညို/People’s Spring ငလျင်ဘေးအတွက် ပြည်ပနိုင်ငံများမှဒေါ်လာသန်းဆယ်ချီပမာဏအပြင် ပြည်တွင်း ခရိုနီများထံမှကျပ် ၁၁၆ ဘီလီယံကျော် အလှူ ငွေရရှိထားသည့် စစ်ကောင်စီက ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးသွားမည်ဟုအာဏာသိမ်း ခေါင်းဆောင်၏ ပြောစကားအပေါ်ပြည်သူများကဝေဖန်နေကြသည်။ နေပြည်တော်တွင် ဧပြီ ၅ ရက်၌ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ အာဏာသိမ်းခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တဦးလျှင်ကျပ် ၁၀ သိန်းစီ နှင့် နေအိမ်ပျက်စီးမှုကို ပျက်စီးမှုအပေါ်မူတည်ထောက်ပံ့ပေးမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။ “ကျမတို့က အလှူငွေမျှော်သူတွေမဟုတ်ဘူး။ ဒါပေမယ့် ထောက်ပံ့မယ်ဆိုတဲ့ ငွေပမာဏက တော် တော်ရုပ်ပေါက်တယ်။ နိုင်ငံတော်အဆင့် ကယ် ဆယ်ရေးမလုပ်ပေးလို့ သေတာက ပိုများတယ်”ဟု…
-
စစ်ကိုင်းမြို့ကို ကျော်လွန်၍ ငလျင်ဘေးကူညီကယ်ဆယ်ရေးသွားမည့် အဖွဲ့များနှင့် ယာဉ်တန်းများကို စစ်တပ်၊ပျူစောထီးနှင့်ပြည်သူ့စစ်များက တားဆီး၊ တော်လှန်ရေးအဖွဲ့များ စိုးမိုးသော ဒေသများသို့ ခွင့်ပြုချက်မရှိလျှင် သွား ရောက် ကူညီခွင့်မရှိဟုဆို
စစ်ကိုင်းမြို့ကို ကျော်လွန်၍ ငလျင်ဘေးကူညီကယ်ဆယ်ရေးသွားမည့် အဖွဲ့များနှင့် ယာဉ်တန်းများကို စစ်တပ်၊ပျူစောထီးနှင့်ပြည်သူ့စစ်များက တားဆီး၊ တော်လှန်ရေးအဖွဲ့များ စိုးမိုးသော ဒေသများသို့ ခွင့်ပြုချက်မရှိလျှင် သွား ရောက် ကူညီခွင့်မရှိဟုဆို ရန်ကုန် ၊ ဧပြီ ၇ စစ်ကိုင်းမြို့ကို ကျော်လွန်၍ ငလျင်ကူညီကယ်ဆယ်ရေးသွားမည့် အဖွဲ့များနှင့် ယာဉ်တန်းများကို စစ်တပ်၊ပျူစောထီးနှင့်ပြည်သူ့စစ်များက စတင်တားဆီးနေပြီး ခွင့်ပြုချက်မရှိလျှင် တော်လှန်ရေးအဖွဲ့များစိုးမိုးသော ဒေသများသို့ သွားရောက် ကူညီခွင့်မရှိဟု တရားဝင် ပြောဆိုပိတ်ပင်လာကြောင်း တားဆီးခံရသည့် ကူညီရေးအဖွဲ့တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၆ ရက်နေ့ငလျင်ဒဏ်သင့် မင်းကွန်းဒေသသို့ ကူညီကယ်ဆယ်ရေးသွားရောက်ကြိုးစားခဲ့သည့် ကူညီရေးအဖွဲ့တစ်ခုမှာ စစ်ကိုင်းမြို့အထွက်တွင် စစ်တပ်နှင့်ရဲများ၏ တားဆီးမှုခံခဲ့ရကြောင်း၊ သက်ဆိုင်ရာ မင်းကွန်းဒေသအာဏာပိုင်များနှင့် ချိတ်ဆက်ထားမှုမရှိခြင်း၊ ဆန်၊ ဆီ၊ ဆား အပါအဝင် ရိက္ခာနှင့်ရေသန့်၊ ဆေးဝါးများ၊ အမိုး…
-
ဂရိတ်ဝေါလ်ဟိုတယ် အပြီးသတ်ဖြိုချ ၊ ရုပ်အလောင်းအချို့ထပ်တွေ့
ရှာဖွေကယ်ဆယ်ရေး လက်မခံခဲ့တဲ့ ဂရိတ်ဝေါဟိုတယ်မှာ အလောင်း ၈၀ ရှာဖွေတွေ့ရှိတဲ့….. “Great Wall Hotel တခုလုံး မိုးရေကြောင့်ထပ်မံပြိုကျ” မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် Great Wall Hotel အဆောက်အအုံဟာ ဘေးကို တိမ်းစောင်းသွားခဲ့ပြီး ပိတ်မိနေတဲ့အတွင်းက အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရန်နှင့် ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူရန် ရက်အတန်ကြာ ကြိုးပမ်းခဲ့ရတယ်လိုဆိုပါတယ်။ ဒါပေမယ့် မနေ့ညက မိုးကြီးလေထန်ခဲ့တာကြောင့် ဒီကနေ့ ဧပြီ ၆ရက်နေ့မှာ Great Wall Hotel တခုလုံးထပ်မံပြိုကျသွားခဲ့ပြီးတော့ ကားတစ်စီးလည်းပျက်စီးခဲ့တယ်လိုသိရပါတယ်။ အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ပေမယ့် ကယ်ဆယ်ရေးသမားများနှင့် စေတနာ့ ဝန်ထမ်းတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။အပျက်အစီးများထဲမှ သေဆုံးသူ အလောင်း ၈၀ ထက်မနည်းကို ရှာဖွေတွေ့ရှိပြီး ဆယ်ယူရရှိထားတယ်လိုသိရပါတယ်။ ဂရိတ်ဝေါလ်ဟိုတယ် အပြီးသတ်ဖြိုချ ၊…
-
လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်ပြီး ငလျင်ဘေးသင့်ဒေသများအတွက် မိုးသတိပေး
လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်ပြီး ငလျင်ဘေးသင့်ဒေသများအတွက် မိုးသတိပေး ရောင်နီ (မဇ္ဈိမ)။ ။ဘင်္ဂလားပင်လယ်အော်တွင် နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းဖြစ်လာနိုင်ချေမြင့်တက်လာကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်က အသိပေးသည်။ ယနေ့(ဧပြီလ ၆ ရက်) မွန်းလွဲ ၁နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တခုဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်တိုင်းဖြစ်လာနိုင်ချေမြင့်တက်လာပြီး မြန်မာနိုင်ငံတွင် မိုးရွာနိုင်၍ ငလျင်ဘေးသင့်သူများအတွက် အမိုးအကာများစီစဉ်ဆောင်ရွက်သင့်ကြောင်းနှင့် ရုတ်တရက် မိုးများနိုင်မည့်အခြေအနေကြောင့် ရေကြီးနိုင်မည့်အန္တရာယ်ရှိလာနိုင်ကြောင်း ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။ ငလျင်ဘေးကြုံထားသည့် ဒေသမှမြေအောက်မြေထုလွှာသည် မိုးရွာပါက မြေပြို၊မြေကျွံနိုင်သည့် အခြေအနေများကို ကြိုတင်ထည့်သွင်းစဉ်းစားရန် ဦးဝင်းနိုင်က အကြံပြုထားသည်။…
-
“မြို့က တမြို့လုံးနီးပါး နံနေတာပဲ။ လူပိတဲ့နေရာတွေ မှန်သမျှနံတယ်” – စစ်ကိုင်း ကယ်ဆယ်ရေး လုပ်သား
ငလျင်ဒဏ် အများဆုံးခံရပြီး လူအသေအပျောက်များတဲ့ မြို့တွေထဲက တခုဖြစ်တဲ့ စစ်ကိုင်းမြို့မှာ ဧပြီ ၅ ရက်ညက ရွာသွန်းတဲ့မိုးကြောင့် အပုပ်နံ့တွေ ထွက်လာပြီး ကျန်မားရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။ မြို့ထဲကလူပိတဲ့နေရာတွေနဲ့ စစ်ကိုင်းတောင်ဘက်က ရှင်းဖို့ကျန်နေတဲ့ နေရာတွေကနေ အပုပ်နံ့တွေ ထွက်လာတာဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့အတွက် စိုးရိမ်စရာအနေအထားတော့ မရှိသေးဘူးလို့ လက်ရှိ ဆွမ်းဦးပုညရှင်ဘက်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေက ပြောပါတယ်။ စစ်ကိုင်းမြို့မှာ ကယ်ဆယ်ရေးလုပ်နေသူတယောက်က “မြို့က တမြို့လုံးနီးပါး နံနေတာပဲ။ လူပိတဲ့နေရာတွေ မှန်သမျှ နံတယ်။ အခု ကျနော်တို့ ပုညရှင်မှာလည်း အနံ့လေး နည်းနည်းထွက်လာတာပဲ၊ ဆိုးဆိုးဝါးဝါးကြီးတော့ လုံးဝမဖြစ်သေးဘူး။ မိုးက ရေရှည်ကြီးများ သွားရင်တော့ တမျိုး၊ အခုက ခဏလေးရွာလိုက်တာဆိုတော့ လုပ်ရကိုင်ရတာတော့…
-
“🛑စစ်ကိုင်းပြတ်ရွေ့ရဲ့ ဆွဲခေါ်မှုကြောင့် မြန်မာပြည်က နာမည်ကြီး နောက်ပြတ်ရွေ့ကြီးတစ်ခု စလာပြီတဲ့ ပြတ်ရွေ့ပေါ်က ဒီမြို့ကြီးတွေ အထူးသတိထားကြဖို့ ပညာရှင်တွေ သတိပေးပြီ”
“🛑စစ်ကိုင်းပြတ်ရွေ့ရဲ့ ဆွဲခေါ်မှုကြောင့် မြန်မာပြည်က နာမည်ကြီး နောက်ပြတ်ရွေ့ကြီးတစ်ခု စလာပြီတဲ့ ပြတ်ရွေ့ပေါ်က ဒီမြို့ကြီးတွေ အထူးသတိထားကြဖို့ ပညာရှင်တွေ သတိပေးပြီ”
-
■ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်
■ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၆ ရက် (ယနေ့) မွန်းလွဲ ၁ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀…
-
“နေရာအတိကျကိုပြောနေတာ”
“နေရာအတိကျကိုပြောနေတာ” ‘ညီမ အမျိုးသားက Sky Villa Condo (၅) လွှာမှာ ပိတ်မိနေတယ်၊ သူက မျောနေတယ်… သူ့ အနားမှာလည်း အသ-က်ရှင်တဲ့ သူတွေ ရှိသေးတယ် ဆိုပြီး ဝင်ပူးပြီး ပြောတယ်။ အမျိုးသား အသက်ရှင်မယ်လို့ မျှော်လင့် နေတုန်းပဲမို့ အမြန် ကယ်ပေးစေချင်တယ်’ လို့ ပြောလာတဲ့ Sky Villa Condo ဝန်ထမ်း ကိုသီဟနိုင် ရဲ့ ဇနီး နှင့် ခဏတာ။ #MyanmarCelebrity #ကိုသီဟနိုင် #KoThihaNaing #မန္တလေးငလျင် #SkyVillaCondo #SkyVillaCondoမန္တလေး
-
ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမည်ဟု စိုးဝင်းပြော
ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမည်ဟု စိုးဝင်းပြော ရန်ကုန်၊ ဧပြီ ၆ မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဘေးကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့မဆို သီးခြားလွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကာ စစ်ကောင်စီနှင့် ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအထူးအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက် ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ “ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင်ရွက်ခွင့်မရှိပဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထား သည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း…