ငလျင်ဘေးအတွက်ဒေါ်လာသန်းဆယ်ချီ နှင့် ကျပ်ဘီလီယံ၁၀၀ကျော်ရထားသည့် စစ်ကောင်စီက သေဆုံးသူ တဦးကျပ် ၁၀ သိန်းစီထောက်ပံ့မည်ဆိုခြင်းအပေါ်ပြည်သူများဝေဖန်
ဧပြီ-၆၊၂၀၂၅။ခွာညို/People’s Spring
ငလျင်ဘေးအတွက် ပြည်ပနိုင်ငံများမှဒေါ်လာသန်းဆယ်ချီပမာဏအပြင် ပြည်တွင်း ခရိုနီများထံမှကျပ် ၁၁၆ ဘီလီယံကျော် အလှူ ငွေရရှိထားသည့် စစ်ကောင်စီက ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးသွားမည်ဟုအာဏာသိမ်း
ခေါင်းဆောင်၏ ပြောစကားအပေါ်ပြည်သူများကဝေဖန်နေကြသည်။
နေပြည်တော်တွင် ဧပြီ ၅ ရက်၌ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ အာဏာသိမ်းခေါင်း
ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တဦးလျှင်ကျပ် ၁၀ သိန်းစီ နှင့် နေအိမ်ပျက်စီးမှုကို ပျက်စီးမှုအပေါ်မူတည်ထောက်ပံ့ပေးမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။
“ကျမတို့က အလှူငွေမျှော်သူတွေမဟုတ်ဘူး။ ဒါပေမယ့် ထောက်ပံ့မယ်ဆိုတဲ့ ငွေပမာဏက တော်
တော်ရုပ်ပေါက်တယ်။ နိုင်ငံတော်အဆင့် ကယ်
ဆယ်ရေးမလုပ်ပေးလို့ သေတာက ပိုများတယ်”ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးကပြောသည်။
“စစ်တပ်က ထုတ်ထားတာက ငလျင်ကြောင့် သေ
ဆုံးသူ ၃၀၀၀ ကျော်ပေါ့။ သူထောက်ပံ့မယ်ဆိုတဲ့ ငွေအမောင့်နဲ့ တွက်ရင် သိန်း ၃၀၀၀ဝ ကျော်ပေါ့။ ဟို မင်းသမီးခိုင်နှင်းဝေတောင် တစ်ဦးတည်း သိန်း ၄၀၀၀၀ လှူထားတာ။ မင်းအောင်လှိုင် ရှက်တတ်ရင် ထမိန်ဝတ်ထားသင့်တယ်” ဟု နေပြည်တော်မှ ငလျင်ဘေးသင့် ဒေသခံတစ်ဦးကပြောသည်။
ငလျင်ကြောင့်သေဆုံးသူ ၃၃၅၄ဦးရှိပြီဖြစ်
ကြောင်းစစ်ကောင်စီက ဧပြီလ ၅ရက်ည၌
ထုတ်ပြန်ထားသည်။
“နိင်ငံတကာကလှူထားတဲ့ငွေတွေ။တစ်ယောက်သေမှဆယ်သိန်းတဲ့လား။ကျန်တဲ့ငွေတွေကို အပြစ်မဲ့ပြည်သူတွေကိုသတ်ရန်အတွက် လက်နက်နဲ့ လေယာဉ်ဆီဝယ်ဖို့သိမ်းထားမယ်”ဟု ပြည်သူတဦးကပြောသည်။
အခြားပြည်သူတဦးကလည်း “ပေးမနေနဲ့ရတယ်လို့ပြောပေးကြပါအုံး။ ငါတိူ့ပြည်သူတွေအချင်း
ချင်းထောက်ပံပေးတာက ပိုရသေးတယ် ။သူများနိူင်ငံက ပေးသမျှကမ်းသမျှကို ကိုယ့်အိတ်ထဲကိုသာထည့်ကြပါလို့အဝေမတည့်ပဲလဲနေကြအုံးမယ်”ဟုပြောသည်။
“သဂြိုလ်စရိတ်တောင်၁၀သိန်းမကပေမယ့်ငါ့ မိန်း
မ ရဲ့ LV အိတ် အသစ် ကသိန်း၃၆၀ဆိုတော့ နည်းနည်း ထပ် ခိုးပါရစေအုန်း”ဟုပြည်သူတဦးကလည်းမှတ်ချက်ပြုသည်။
ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲအား နေပြည်တော်တွင် ဧပြီလ ၁ရက်နေ့က ပြုလုပ်ခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် များထံမှ အလှူငွေ ကျပ် ၁၀၄ ဒသမ ၄၄ ဘီလီယံနှင့် အလှူပစ္စည်းတန်ဖိုး ကျပ် ၁၂ ဒသမ ၄ ဘီလီယံခန့် ရရှိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများကဖော်
ပြခဲ့သည်။
စစ်ကောင်စီသည် ငလျင်လှုပ်ပြီး ညနေပိုင်း၌ ဘေးသင့်ဒေသများကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အလှူခံခဲ့သည်။နိူင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၀ ကျော်မှအမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် ကူညီမည်ဟုကတိပြုထားသည်။သို့သော် သြစတြေးလျ ၊ဗြိတိန် ၊အမေရီကန် စသောနိုင်ငံတို့မှာစစ်ကောင်စီကို တိုက်ရိုက်အကူအညီပေးမည်မဟုတ်ဘဲ ၎င်းတို့ ယုံကြည်ရသောအဖွဲ့များမှတ ဆင့်ကူညီမည်ဖြစ်သည်။ ထိုကြောင့် နိုင်ငံတကာမှပေးသောအကူအညီတွင်စစ်ကောင်စီကတဆင့်ကူညီခြင်းရှိသလို ၊စစ်ကောင်စီမခံဘဲ ကြားမှအကူအညီပေးသောအဖွဲ့များမှတဆင့်ကူညီခြင်းလည်းရှိသည်။
စစ်ကောင်စီက ငလျင်ကြောင့် သေဆုံးသူများကို ၁ ဦးလျင် ကျပ် ၁၀ သိန်းပေးမည်ဆိုပါက စစ်ကောင်စီ၏ ဧပြီ ၅ ရက် သေဆုံးသူစုစုပေါင်းစာရင်းအရ ကျပ် ၃.၅ ဘီလီယံကျော်(ကျပ်သိန်း သုံးသောင်းငါးထောင်ကျော်)သာရှိသည်။ပြည်
တွင်းခရိုနီ လုပ်ငန်းရှင်များထံကပင် အလှူငွေဘီလီယံ ၁၀၀ ကျော်ရရှိပြီ သေဆုံးသူများအတွက်ပေးမည့်ပမာဏမှာ ဘီလီယံ ခုဂဏန်းသာရှိ၍ များစွာကွဟနေသည်။ဒေါ်လာနှင့်ဆိုပါက သေဆုံးသူများပတွက်ပေးမည့်ပမာဏ မှာ တစ်သန်းပင်မရှိပေ။
ထိုအပြင်စစ်ကောင်စီသည်သေဆုံးပျောက်ဆုံးစာရင်းများကို ထိန်းချန်ထားပြီးမြေပြင်တွင်သေ
ဆုံးသူမှာ အဆိုပါစာရင်းထက်ပိုများကြောင်းငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်ရေးလုပ်
ကိုင်နေသူများကပြောသည်။
ဘေးသင့်သူများသည် အရေးပေါ်ကယ်ဆယ်ရေးအကူအညီများလိုအပ်နေသော်လည်း စစ်ကောင်စီထံမှထိရောက်သည့်ကူညီမှုမရကြောင်းငလျင်ဘေးကြုံခဲ့သည့် မြို့နယ်များမှ ဒေသခံများက ပြောသည်။
(SKY VILLA အဆောက်အအုံပျက်အောက်မှ ရုပ်အလောင်းတစ်ခုကိုကယ်ဆယ်ရေးအဖွဲ့များသယ်လာစဥ်။ဓါတ်ပုံ-MFSD)