■ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်

by

in

■ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၆ ရက် (ယနေ့) မွန်းလွဲ ၁ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်၌ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
စစ်ကိုင်းမြို့တွင် ယနေ့(ဧပြီ ၆ ရက်)နံနက် ၆ နာရီခန့်ကလည်း မိုး ထပ်မံ ရွာသွန်းခဲ့ကြောင်းသိရသည်။
ဧပြီ ၅ ရက် ညပိုင်းတွင် စစ်ကိုင်း ၊ မန္တလေး နှင့် ကျောက်ဆည် မြို့တို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့သဖြင့် ငလျင်ဒဏ်ကြောင့် အဆောက်အအုံ၊ နေအိမ်ထိခိုက် ပြိုကျမှုကြောင့် လမ်းမများပေါ်တွင် ယာယီရွှေ့ပြောင်းနေထိုင်သူများမှာ အခက်အခဲများ ထပ်မံ ဖြစ်ပေါ်ခဲ့သည်။