Category: News
-
နောင်ချိုက ကံကြီးရွာနားမှာတိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဓနုတပ်ခေါင်းဆောင်ပြော
နောင်ချိုက ကံကြီးရွာနားမှာတိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဓနုတပ်ခေါင်းဆောင်ပြော ဇွန်-၁၆၊ ၂၀၂၅။ People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာစစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကလူထုနွေဦးကိုပြောပါတယ်။ ဒီကနေ့(ဇွန်လ ၁၆ရက်)မနက်မှာလည်း ကံကြီးရွာနဲ့ ကံကြီးရွာအရှေ့ဘက်က ရွှေသွန်းရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ DPLAခေါင်းဆောင် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ “အဲဒီဘက်မှာလည်းနောင်ချိုကြီးမြောက်ဘက်ဆို ရွှေသွန်းရွာပတ်ဝန်းကျင်မှာတော့တိုက်ပွဲဖြစ်တယ်။ မနေ့ကရော ဒီမနက်ဖြစ်သေးတယ်။ တိုက် ပွဲကမပြင်းတာပဲ။ မကြာမကြာ တော့ ဖြစ်တယ်။ မကြာမကြာပဲ နေ့တိုင်းလိုလိုဖြစ်တယ်”လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို တောင်းခမ်းဒေသကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေပြီး အဆိပ်ငွေ့ဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။ ဇွန်လ ၁၅ရက်ကလည်း စစ်ကောင်စီတပ်နဲ့ နောင်ချိုမြို့နယ်က ကျေးရွာသုံးရွာမှာ…
-
ဧရာ၀တီတိုင်းမှ စစ်မှုထမ်းစုဆောင်းခံရသောလူငယ်များကို အပါတ်စဥ် ၁၄ အဖြစ် သင်တန်းများသို့ပို့ဆောင်
ဧရာ၀တီတိုင်းမှ စစ်မှုထမ်းစုဆောင်းခံရသောလူငယ်များကို အပါတ်စဥ် ၁၄ အဖြစ် သင်တန်းများသို့ပို့ဆောင် ဧရာဝတီတိုင်းမ် ဇွန် ၁၆ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စုဆောင်းထားရှိသော လူငယ်များကို ပြည့်သူစစ်မှုထမ်းအမှတ်စဥ် ၁၄ အဖြစ် ဇွန် ၁၄ ရက်က သင်တန်းများသို့ စတင်စေလွှတ်ခဲ့ကြောင်းသိရှိရသည်။ တိုင်းအတွင်းမှအဓမ္မစုဆောင်းထားသည့် လူငယ် ၂၀၀ ခန့်ရှိပြီး ဧရာ၀တီ ၊ရန်ကုန်၊ ပဲခူး စသည့် စစ်သင်တန်းကျောင်းများသို့ စစ်ကောင်စီမှ လုံခြုံရေးရယူကာ ညနေပိုင်းတွင် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ “ခုက ပေါ်တာဆွဲခံရတဲ့သူရယ် အုပ်ကြီးတွေကိုငွေပေးပြီး အခြားဒေသက ငွေယူပြီးလိုက်တဲ့သူရယ်များတယ်”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။ သင်တန်းတက်ရောက်မည့်သူများကို ဧရာ၀တီတိုင်း၀န်ကြီးချုပ်နှင့်စစ်တိုင်းမှူးမှ လာရောက်တွေ့ဆုံကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီတွင် တပ်သားအင်အားလိုအပ်ချက်များလာသောကြောင့် ပြီးခဲ့သည့် မေလ ၁၈…
-
မြန်မာ့သစ်တောပြုန်းတီးမှု သိသိသာသာလျော့နည်းလာဟု စစ်ခေါင်းဆောင် ပြော
အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့နည်းလာခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇွန် ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “မိမိတို့တာဝန်ယူပြီးနောက်ပိုင်း သစ်ပင်စိုက်ပျိုးမှု၊ သစ်တောတွေ ပြုပြင်ထိန်းသိမ်းမှုကို အလေးထား ကြပ်မတ် ဆောင်ရွက်ခဲ့တဲ့အတွက် နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့နည်းကျဆင်းခဲ့တာကို တွေ့ရှိရတယ်။” မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းနဲ့ ၂၀၂၅ ခုနှစ် ပဏာမ အစီရင်ခံစာအရ ၄၂ ဒသမ…
-
ငွေပိုဖောင်းပွလာပြီးပြည်သူမျာပိုမိုကြပ်တည်းလာ ဟု ကမ္ဘာ့ဘဏ်ဖော်ပြ
ငွေပိုဖောင်းပွလာပြီးပြည်သူမျာပိုမိုကြပ်တည်းလာ ဟု ကမ္ဘာ့ဘဏ်ဖော်ပြ ဇွန်-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ပြည်သူများပိုမိုကြပ်တည်းလာကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော် ပြသည်။ စစ်တပ်အာဏာမသိမ်းမီ နောက်ဆုံးကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာ့ငွေကြေး ဖောင်းပွမှုသည် ဗဟိုဘဏ်အချက်အလက်များအရ ၂ ဒသမ ၆၁ ရာခိုင်နှုန်းသာရှိခဲ့သည်။ ငွေကြေးဖောင်းပွခြင်းသည်အချိန်ကာလတစ်ခုအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏စျေးနှုန်းများမြင့်တက်လာပြီးထိုအခြေအနေတွင် ငွေကြေး ပမာဏတစ်ခုသည်ပို၍ နည်းသောကုန်စည် နှင့်ဝန် ဆောင်မှုကိုသာ ရယူနိုင်ကာ ကုန်စျေးနှုန်းတက်၍ ငွေ၏ဝယ်အား လျော့ပါးပြီး ငွေတန်ဖိုးကျဆင်းခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်၏ နောက်ဆုံးထုတ်ပြန်ထားသည် ၂၀၂၄ ခုနှစ်တွင် ငွေကြေးဖောင်း ပွမှုနှုန်း သည် ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းသာရှိကြောင်းဆိုခဲ့သည်။ သို့သော် ဇွန်လ ၁၂ ရက်ကထွက်ရှိသော…
-
ကျောက်ဖြူအခြေစိုက် ခလရ ၃၄ ကို AA တပ်ဖွဲ့က လက်နက်ကြီးဖြင့် စတိုက်ခိုက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၄ ခြေလျင်တပ်ရင်းဌာနချုပ်ကို ဇွန် ၁၅ ရက် ညနေမှာ အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။ ဇွန် ၁၅ ရက် ညနေ ၇ နာရီကျော်ခန့်မှာ စစ်ကောင်စီရဲ့ ခလရ ၃၄ တပ်ရင်းကို အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရှေ့ဘက်ဝင်ပေါက်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျောက်ဖြူမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။ “မနေ့က ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၃၄ တပ်ရင်းကို AA က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာ။ လက်နက်ကြီးပေါက်ကွဲသံ ၃၊ ၄ ချက်လောက် ကြားလိုက်တယ်။ ခလရ ၃၄ တပ်ရင်းရဲ့…
-
AAရောက်ရှိလာပါက ခုခံမတိုက်ဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူး ညွှန်ကြားထား
AAရောက်ရှိလာပါက ခုခံမတိုက်ဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူး ညွှန်ကြားထား 15 June 2025 By MPA ဧရာ၀တီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း အာရက္ခတပ်တော်(AA) ရောက်ရှိလာပါက ခုခံတိုက်ခိုက်ခြင်း မပြုဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူးက ၎င်း၏လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကိုညွှန်ကြားထားကြောင်း ရေကြည်မြို့နယ်ရှိ ရဲသတင်းရင်းမြစ်တစ်ဦးက MPA သို့ပြောသည်။ ၂၀၂၅ခုနှစ် နှစ်စပိုင်းမှ စတင်ကာ AA နှင့် ပူးပေါင်းတပ်များသည် ရခိုင်နှင့် ဧရာ၀တီ နယ်စပ်ရှိ မြို့နယ်များကို ထိုးစစ်ဆင်လာပြီးနောက် ရေကြည်မြို့နယ် ရဲစခန်းမှူးက ၎င်း၏တပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ မှာကြားထားခြင်းဖြစ်သည်။ “လအတိအကျနဲ့ ပြောရရင်တော့ ဧပြီလမှ စခန်းမှူးက ကျတော်တို့တပ်ဖွဲ့ဝင်တွေကို မှာထားတာ၊ ကိုယ့်အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူး။ AA တပ်ဖွဲ့ဝင်တွေမြင်တာနဲ့…
-
မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး၊ နမခ စစ်ဌာနချုပ်တွင် ကြောက်လန့်နေကြပြီး ညအချိန် မီးများအားလုံးပိတ်ထားရန် အမိန့်ထုတ်
မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး၊ နမခ စစ်ဌာနချုပ်တွင် ကြောက်လန့်နေကြပြီး ညအချိန် မီးများအားလုံးပိတ်ထားရန် အမိန့်ထုတ် ရန်ကုန်၊ ဇွန် ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်လည်း မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၄ ရက် ည ၁၀ နာရီ…
-
အုန်းပင်စုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး ကျေးရွာကို ထိန်းချုပ်
အုန်းပင်စုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး ကျေးရွာကို ထိန်းချုပ် ဇွန် ၁၆ ၊ ၂၀၂၅ ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ် ၊ အုန်းပင်စုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ထုတ်လိုက်ပြီး အဆိုပါ ကျေးရွာကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း(P29914) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အုန်းပင်စုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဇွန် ၆ ရက် မှာ တော်လှန်ရေးပူးပေါင်းတပ် တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်းမြို့ နဲ့ ကျောက်ကြီးမြို့တွေမှာရှိတဲ့ စခန်းတွေ…
-
မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က ထိန်းချုပ် အခွန်ကောက်ခံနေမှုကို မင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များက ကျေနပ်မှုမရှိသော်လည်း တရုတ်၏ ဖိအားကြောင့် ဘာမှ လုပ်မရဟုဆို
မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က ထိန်းချုပ် အခွန်ကောက်ခံနေမှုကို မင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များက ကျေနပ်မှုမရှိသော်လည်း တရုတ်၏ ဖိအားကြောင့် ဘာမှ လုပ်မရဟုဆို ရန်ကုန်၊ ဇွန် ၁၆ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က သိမ်းပိုက်ထားသော မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်တွင် အခွန်ကောက်ခံနေမှုကို မင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များက ကျေနပ်မှုမရှိသော်လည်း တရုတ်ဖိအားကြောင့် မင်းအောင်လှိုင်နှင့် ဗိုလ် ချုပ် များက ဘာမှ လုပ်မရကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီက ကိုးကန့် MNDAA နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေး သဘောတူညီ ခဲ့ရာတွင် လားရှိုးမြို့ အပါအဝင်…
-
ကျောက်ဖြူသို့ တပ်ပြောင်းလာသော ခမရ ၂၁၁ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေ ဆုံး၊ AA နှင့် တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ် အများအပြားသေဆုံးပြီး စစ်သားရာချီ လက်နက်ချ
ကျောက်ဖြူသို့ တပ်ပြောင်းလာသော ခမရ ၂၁၁ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေ ဆုံး၊ AA နှင့် တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ် အများအပြားသေဆုံးပြီး စစ်သားရာချီ လက်နက်ချ ရန်ကုန်၊ ဇွန် ၁၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သို့ အပြောင်းအရွှေ့အဖြစ် ရာထူးတိုးပြောင်းရွှေ့လာသော ခမရ ၂၁၁ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်သည် တပ်ရင်းမှူးသို့ အပြောင်းအရွှေ့သတင်းပို့ပြီး အပြန် ရက္ခိုင့်တပ်တော် AA ပစ်ခတ်သည့် စနိုက်ပါကျည်ထိ၍ သေဆုံးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူး ဝင်းသန့်သည် ဦးစီးအရာရှိ ဒုတိယတန်း စစ်ရေး A2 အဖြစ် တာဝန်ထမ်းဆောင်နေရာမှ မေလ…