Category: News
-
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်သို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်သို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) ရန်ကုန်၊ ဇွန် ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၃ လုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက် ပျက်စီးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်က မုံရွာမြို့အခြေစိုက် အကြမ်းဖက်ကောင်စီ၏ အ နောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့်…
-
ကျောက်ဖြူတိုက်ပွဲ ဗိုလ်မှူးချုပ်တစ်ဦး သေဆုံးပြီးနောက်အရာရှိများအပါအဝင်စစ်သားများ AA ထံလက်နက်ချ
ကျောက်ဖြူတိုက်ပွဲ ဗိုလ်မှူးချုပ်တစ်ဦး သေဆုံးပြီးနောက်အရာရှိများအပါအဝင်စစ်သားများ AA ထံလက်နက်ချ ဇွန်-၁၅၊၂၀၂၅။အိမ်သွင်/People’s Spring ကျောက်ဖြူမြို့နယ်တွင်မေလကုန်ပိုင်းတိုက်ပွဲအတွင်းတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင် သေဆုံးပြီးနောက်ပိုင်း ရှေ့တန်းရောက်စစ်စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားပြီး အာရက္ခတပ်တော်(AA)ထံလက်နက်ချကြကြောင်း သတင်းရရှိသည်။ မေလ ၂၇ရက်နေ့က ကျောက်ဖြူမြို့၊ အမှတ်(၃၂) ရဲတပ်ရင်းကာကင်းစခန်းဖြစ်သောနှမ်းဖဲတောင် စခန်းသိမ်းတိုက်ပွဲ၌ဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့သည်။ တိုက်ပွဲသည် တပ်မ(၁၁) နှင့် တပ်မ (၉၉)ပူးပေါင်းစစ်ကြောင်း နှင့် AA ထိတိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မေ ၃၀ ရက်အထိ တိုက်ပွဲဖြစ်ခဲ့သည်။ ထိုနောက် မေ ၃၀ ရက်နွေညနေပိုင်းမှစကာ စစ်ကြောင်းလိုက်လက်နက်ချကြခြင်းဖြစ်သည်ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ “စစ်ကြောင်းက ဖရိုဖရဲဖြစ်ပြီး လက်နက်ချသူချ ၊ ဖမ်းမိသူဖမ်းမိနဲ့ ဖြစ်တာ။ ဖမ်းမိထားတာတွေမှာ ဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင်ပါတယ်။ လက်နက် ချကြတာများတယ်”ဟုအထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်သည်တိုင်းစစ် ဦးစီးမှူးဖြစ်ပြီး မေ ၃၀…
-
ပုလဲ၊ ကန်ဒေါင့်တိုက်ပွဲသို့ စစ်ကူလာရောက်သည့် စစ်တပ်မှ စစ်ကြောင်းမှူး မိုင်းထိဒဏ်ရာရထားပြီး စစ်ကြောင်း တပ်ပျက်နေ
ပုလဲ၊ ကန်ဒေါင့်တိုက်ပွဲသို့ စစ်ကူလာရောက်သည့် စစ်တပ်မှ စစ်ကြောင်းမှူး မိုင်းထိဒဏ်ရာရထားပြီး စစ်ကြောင်း တပ်ပျက်နေ ရန်ကုန်၊ ဇွန် ၁၅ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသို့ စစ်ကူလာရောက်သည့် စစ်တပ်မှ စစ်ကြောင်းမှူး မိုင်းထိ ကာ စစ်ကြောင်း တပ်ပျက်နေကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၂ – Guerilla Ranger တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့သူ စစ်သား ကိုထက်လင်းအောင်ခ(ခ) ကိုကျော်ကိုက ပြောဆိုသည်။ ပုလဲမြို့နယ်၊ ကန်ဒေါင့်တပ်စခန်း မကျစေရေး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က စစ်ကူပေးပို့ထားသော စစ်တပ်စစ် ကြောင်းမှာ လမ်းတစ်လျှောက်တိုက်ခိုက်ခံရကြောင်း၊ စစ်သား ၁ ဦးသေဆုံးထားကာ စစ်ကြောင်းမှူးမှာလည်း မိုင်းထိ ဒဏ်ရာရရှိထား သည်ဟု အလင်းဝင် စစ်သား ကိုထက်လင်းအောင် (ခ) ကိုကျော်ကို က…
-
ကျောက်ဖြူမှာ စစ်ကောင်စီ တပ်ရင်းလိုက် အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်လာ
ကျောက်ဖြူမှာ စစ်ကောင်စီ တပ်ရင်းလိုက် အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်လာ ၁၅၊ ဇွန်၊၂၀၂၅ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတွေဟာ တပ်ရင်းလိုက် အလင်း၀င်လာသည်ဟု AA နဲ့နီးစပ်တဲ့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ AA သိမ်းပိုက်ထားတဲ့နေမြေတွေကိုအတင်းထိုးစစ်ဆင်ခိုင်းပြီးစေလွှတ်ရာမှ အခုလိုAA နဲ့ဆက်သွယ်မူပြုလုပ်ပြီး စစ်ကြောင်းတစ်ကြောင်းလုံးအလင်း၀င်လာသည်ဟု လေး၀တီFM ကိုပြောပါတယ်။ “အလင်း၀င်တာက ဗိုလ်မူးအဆင့်ပါတယ် အင်အားက ၇၀ ဆယ်ခန့်မှန်းခြေရှိတယ်။”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကစဉ့်ကလျား ထွက်ပြေးလွတ်မြောက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အာရက္ခတပ်တော်က နေ့စဥ်နဲ့အမျှ ဖမ်းဆီးရမိထားတယ်လို့လည်း သူက ဆိုပါတယ်။ မေ ၃၀ ရက်နေ့၊ ညနေ ၃ နာရီလောက်ကလည်း ကျောက် ဖြူမြို့နယ်၊ မင်းတက်တောင်ရွာမြောက်ဖက် မီတာ…
-
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “ပန်းသပိတ်” နှင့် “အင်္ကျီပြာ” ၈ ရက်တာ လူထုလှုပ်ရှားမှု ၂ ခုတွင် ပြည်သူများပါဝင်ကြရန် နှိုးဆော်၊ မိမိ၏ လုံခြုံရေးက ဦးစားပေးပထမဖြစ်ပြီး လုံခြုံရေး အသိ၊ သတိ အပြည့်ဖြင့် ပါဝင်ရန် တိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “ပန်းသပိတ်” နှင့် “အင်္ကျီပြာ” ၈ ရက်တာ လူထုလှုပ်ရှားမှု ၂ ခုတွင် ပြည်သူများပါဝင်ကြရန် နှိုးဆော်၊ မိမိ၏ လုံခြုံရေးက ဦးစားပေးပထမဖြစ်ပြီး လုံခြုံရေး အသိ၊ သတိ အပြည့်ဖြင့် ပါဝင်ရန် တိုက်တွန်း ရန်ကုန်၊ ဇွန် ၁၅ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “ပန်းသပိတ်” နှင့် “အင်္ကျီပြာ” လှုပ်ရှားမှု ၂ ခုတွင် ပြည်သူများပါဝင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) ယနေ့ နှိုးဆော်ကြေညာသည်။ လာမည့် ဇွန်လ ၁၉ ရက်နေ့ ကျရောက်မည့်…
-
နောင်ချိုမြို့နယ်၊ နေရာ ၃ ခုသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေ
နောင်ချိုမြို့နယ်၊ နေရာ ၃ ခုသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေ ရန်ကုန်၊ ဇွန် ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာ၊ ကံကြီးကျေးရွာနှင့် ပိန္နဲကုန်းနှင့်ညောင်တောကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း တအာင်း TNLA က သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ၃၅ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၁၂ လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ပိန္နဲကုန်းနှင့် ညောင်တောကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီး ၄၁ လုံးနှင့်…
-
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်သို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ၃ လုံး ကျရောက်ပေါက်ကွဲ
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်သို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ၃ လုံး ကျရောက်ပေါက်ကွဲ ရန်ကုန်၊ ဇွန် ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၃ လုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက် ပျက်စီးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်က မုံရွာမြို့အခြေစိုက် အကြမ်းဖက်ကောင်စီ၏ အ နောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃…
-
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီး ထောင်ချထားတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို လုံးဝ မလေးစား မလိုက်နာတာဖြစ်ပြီး ချက်ချင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ဇွန် ၁၄ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ပြစ်မှုဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) စတဲ့ ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၃၃…
-
ရေကြည်အမြောက်တပ်ကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်နေ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ တပ်ဆုတ်ပြေးနေရ
ဧရာဝတီတိုင်းမ် ဇွန် ၁၃ ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စစ်ကောင်စီ၏မြောက်စမ်းအမြောက်တပ် အမတ-၃၄၄ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်နေကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ ညပိုင်းကစပြီး အမြောက်တပ် ၃၄၄ ၏ နှစ်ထပ်ဘန်ကာများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် စီးနင်းထားကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။ “၁၁ ရက်နေ့ညကတည်းက စစ်ကားတွေ အမြောက် တပ်ထဲ အဝင်အထွက်ရှိတယ်။ ၁၂ ရက်နေ့နဲ့ ဒီနေ့မနက်မှာ တိုက်ပွဲပိုပြင်းထန်လာပြီး စစ်တပ်ဘက်က အုပ်စုလိုက်ထွက်ပြေးလာတာ ရှိပါတယ်” ဟုစစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၁၂ ရက် နံနက် ၆ နာရီအချိန်မှစပြီး အမြောက်တပ်အတွင်းရှိ…
-
နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ…
နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ… ဇွန် ၁၄ ၊ ၂၀၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ရွှေသွန်းကျေးရွာ၊ ပိန္နဲကုန်းနဲ့ ညောင်တောကျေးရွာကြား စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၃၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိန္နဲကုန်းနဲ့ ညောင်တောကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၄၁)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၇)လုံးကိုလည်း ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA…