ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စစ်ကောင်စီ၏မြောက်စမ်းအမြောက်တပ် အမတ-၃၄၄ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်နေကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ ညပိုင်းကစပြီး အမြောက်တပ် ၃၄၄ ၏ နှစ်ထပ်ဘန်ကာများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် စီးနင်းထားကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။
“၁၁ ရက်နေ့ညကတည်းက စစ်ကားတွေ အမြောက် တပ်ထဲ အဝင်အထွက်ရှိတယ်။ ၁၂ ရက်နေ့နဲ့ ဒီနေ့မနက်မှာ တိုက်ပွဲပိုပြင်းထန်လာပြီး စစ်တပ်ဘက်က အုပ်စုလိုက်ထွက်ပြေးလာတာ ရှိပါတယ်” ဟုစစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၁၂ ရက် နံနက် ၆ နာရီအချိန်မှစပြီး အမြောက်တပ်အတွင်းရှိ လက်နက်ကြီးနှင့် ဟောင်ဝစ်ဇာများကိုပါ တွဲကားများဖြင့်တင် ဆောင်ပြီး ကျုံပျော် ခလရ ၃၆ အတွင်းသို့ ပြောင်းရွှေ့ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အမြောက်များအပါအဝင် လက်နက်ကြီး ၅ လက်ကို ကျုံပျော်သို့ ပြောင်းရွှေ့ထားသည့်အပြင် အမြောက် တပ်အတွင်း လက်နက်ကြများနှင့်တိုက်ခိုက်ခံရကာ စခန်းပိတ်ဆို့ခံထားရသည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ကျုံပျော်ဘက်သို့ ကစဉ့်ကလျားထွက်ပြေးရကြောင်း သိရသည်။
စစ်ကောင်စီသည် အမြောက်တပ် ၃၄၄ စီးနင်းတိုက်ခိုက်ခံနေရသည့်အတွက် လက်နက်ကြီးများကို တော်လှန် ရေးတပ်ဖွဲ့များ သိမ်းယူမည်ဆိုသဖြင့် ကျုံပျော်ဘက် သို့ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။