Category: News
-
ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် NUG ကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေး…
ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် NUG ကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေး… ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ အဖွဲ့ဝင်တွေဟာ တောင်ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ အီယုန်ဆွန်းနဲ့ ဒီနေ့မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်အမတ် အီယုန်ဆွန်းက တောင်ကိုရီးယားနိုင်ငံမှာ မကြာခင်ကာလအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်လာမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အခုနှစ်အတွင်း နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်လာမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကိုရီးယားလွှတ်တော်အမတ်က ကိုရီးယား – မြန်မာ ဒီမိုကရေစီတည်ဆောက်ရေးတွေမှာ လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း မြန်မာပြည် လက်ရှိအခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီး တောင်ကိုရီးယားနေ…
-
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ၉ ရုံကို စစ်ကောင်စီဖိအားပေး ပိတ်သိမ်းခိုင်းဟုသတင်းထွက်ပေါ်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ၉ ရုံကို စစ်ကောင်စီဖိအားပေး ပိတ်သိမ်းခိုင်းဟုသတင်းထွက်ပေါ် ရဲခေါင်/People’s Spring အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များဖောက်ဖျက်သည်ဆိုသော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။ စစ်ကောင်စီအရေးယူခဲ့သည့် ဆေးရုံကိုးခုတွင် ဂရန်းဟံသာ၊ဆာကူရာ၊OSC၊ ကောင်း၊သမိုင်း၊ချမ်းမြေ့၊ မြတ်တော်ဝင် ၊ချမ်းသာသုခ နှင့် ကောင်းစုအောင်ဆေးရုံတို့ပါရှိသည်ဟု ဆိုသည်။ ထိုအပြင် ချမ်းမြေ့၊မြတ်တော်ဝင် နှင့် ကျန်းမာသုခ ဆေးရုံတို့ကို အပြီးတိုင်ပိတ်သိမ်းပြီး ကျန်ရှိသော ဆေးရုံများမှာ (၃)လမှ (၂)နှစ်အထိ ယာယီပိတ်သိမ်းရမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဖေဖော်ဝါရီ ၁၄ ရက်ကစ၍ လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည်။ “ညွှန်ကြားစာ ရောက်လာတယ်ပဲ သိရတယ်။ဘယ်နေ့ကစ ပိတ်မလဲဆိုတာတေ့ မသိသေးဘူး”ဟု အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ကောင်းဆေးရုံနှင့်နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။ ယာယီဆေးရုံပိတ်သိမ်းခံရမည့် စာရင်းပါရှိသော…
-
တရုတ်လက်ထောက် လုံခြုံရေးဝန်ကြီး နေပြည်တော်တွင် စစ်ကောင်စီနှင့်တွေ့ဆုံပြီး အွန်လိုင်းငွေလိမ်လည်မှုများကို နှိမ်နင်းရေး ဆွေးနွေး၊ ရွှေက္ကိုလ်မှ BGF က ခေါ်ဆောင်လာသော လူကုန်ကူးခံရသည့် တရုတ် ၂၀၀ ဦးကို စစ်ကောင်စီက စိစစ် 🟥 ရွှေက္ကိုလ်တွင် ဒုတိယနေ့အဖြစ် BGF က လူကုန်ကူးခံရသူများကို ဆက်လက်ရှာဖွေနေ
တရုတ်လက်ထောက် လုံခြုံရေးဝန်ကြီး နေပြည်တော်တွင် စစ်ကောင်စီနှင့်တွေ့ဆုံပြီး အွန်လိုင်းငွေလိမ်လည်မှုများကို နှိမ်နင်းရေး ဆွေးနွေး၊ ရွှေက္ကိုလ်မှ BGF က ခေါ်ဆောင်လာသော လူကုန်ကူးခံရသည့် တရုတ် ၂၀၀ ဦးကို စစ်ကောင်စီက စိစစ် 🟥 ရွှေက္ကိုလ်တွင် ဒုတိယနေ့အဖြစ် BGF က လူကုန်ကူးခံရသူများကို ဆက်လက်ရှာဖွေနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ တရုတ်လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာလျှိုကျုံးရီမှာ နေပြည်တော်သို့ ရောက်ရှိပြီး စစ်ကောင်စီနှင့်တွေ့ဆုံကာ အွန်လိုင်းငွေလိမ်လည်မှုများကို နှိမ်နင်းရေး ယမန်နေ့ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံက အွန်လိုင်းအသုံးပြု လောင်းကစားမှုများနှင့်ဆက်သွယ်ရေး လိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများကို နှစ်နိုင်ငံ တားဆီးရေး အဓိက ဆွေးနွေးကြောင်း၊ နှစ်နိုင်ငံအကြား ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ၊…
-
အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သော TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိ
အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သော TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ တရုတ်အစိုးရ၏စီစဉ်ချက်အရ အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေကြောင်း TNLA က သတင်းထုတ်ပြန်သည်။ TNLA ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး ပါဝင်ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ကစထ ၁ မှူးဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် ၁၆ ရက် ဖေဖော်ဝါရီလတွင်…
-
AA ၏ ထိုးစစ်က ငသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိနေပြီး အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားဟုဆို
AA ၏ ထိုးစစ်က ငသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိနေပြီး အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ အာရက္ခတပ်တော် AA ၏ ထိုးစစ်က ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နယ်နှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိနေပြီး အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူတို့ထံမှ သိရှိရသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း ငသိုင်းချောင်းမြို့နယ်၊ မြောက်စမ်းကျေးရွာအနီး အမှတ် ၃၄၄ အမြောက်တပ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ငသိုင်းချောင်းမြို့နှင့် ၂၀ ဝန်းကျင် ကွာဝေးကြောင်း၊ ယမန်နေ့တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ “ရခိုင်ဘက်က လာရင် လမ်းကြောက အမှတ် ၃၄၄ အမြောက်တပ် ပြီးရင် မြောက်စမ်းကျေးရွာရှိတယ်။ တိုက်ပွဲတွေ…
-
ငါးသိုင်းချောင်း အမြောက်တပ်အနီးကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ
ငါးသိုင်းချောင်း အမြောက်တပ်အနီးကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၄ ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ မြောက်စမ်းရွာရှိ အမှတ် (၃၄၄) အမြောက်တပ်နှင့် ၅ မိုင်ခန့်ကွာဝေးသည့် စာဥစမ်းကျေးရွာတွင် စစ်ကောင် စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီခွဲအချိန်မှစ၍ တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားနေပြီး ယနေ့ ၁၄ ရက်နေ့ နံနက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ “မနေ့က မနက်ကတည်းက လက်နက်ကြီး၊ လက်နက် ငယ်သံတွေ ဆူညံနေတာ။ စစ်တပ်က ကျုံပျော်ဘက်ကနေစစ်ကူတွေ တောက်လျှောက်ပို့နေတာရှိတယ်”ဟု ငါးသိုင်းချောင်းနေ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။ ကျုံပျော်မြို့အခြေစိုက်…
-
ထိုင်း-မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်ထဲသို့ အမျိုးအမည်မသိလေယာဉ် ကျူးကျော်ပျံသန်း
ထိုင်း-မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်ထဲသို့ အမျိုးအမည်မသိလေယာဉ် ကျူးကျော်ပျံသန်း Khaosod ထိုင်း-မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမျိုးအမည်မသိ လေယာဉ်တစင်းကို ကြားဖြတ်ဟန့်တားရန်နှင့် ထိုင်းလေပိုင်နက်အတွင်းမှ ထွက်ခွာသွားရေး သတိပေး အချက်ပြရန် F-16 တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပွန်ပက်ဒီးပတ္တနာကူးက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။ အဆိုပါလေယာဉ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ငါးမိုင်အကွာအဝေးအထိ ကျူးကျော်ပျံသန်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုင်းလေတပ်သည် မိမိ၏လေပိုင်နက်အား ပြည်ပမှ ကျူးကျော်ဝင်ရောက်မှုများကို ကာကွယ်ရန်အသင့်ပြင်ထားကြောင်းနှင့် စစ်လေယာဉ်များအနေဖြင့် သတိပေးနေသည့်ကြားမှ ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ပါက ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပွန်ပက်ဒီးပတ္တနာကူးက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ မြန်မာဘက်မှ ထိုင်းလေပိုင်နက်အတွင်းသို့ အမျိုးအမည်မသိလေယာဉ်တစင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊…
-
ဗန်းမော်ရှိ စစ်ကောင်စီဆေးတပ်ကို KIAပူးပေါင်းတပ် သိမ်းပိုက်ထားဟု သတင်းရင်းမြစ်ပြော
ဗန်းမော်ရှိ စစ်ကောင်စီဆေးတပ်ကို KIAပူးပေါင်းတပ် သိမ်းပိုက်ထားဟု သတင်းရင်းမြစ်ပြော ဟန်နွေ/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြိုရှိ စစ်ကောင်စီဆေးတပ်ကို သိမ်းပိုက်ရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၁၄ရက်ညပိုင်းတွင် ပြောသည်။ ဗန်းမော်မြို့ရှိ စစ်ကောင်စီ ဆေးတပ်ကျပြီဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင် ယမန်နေ့ကရေးသားထားရာ ကချင်သတင်းရင်းမြစ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သိမ်းရထားခြင်းဖြစ်ကြောင်း ပြောပြသည်။ ဗန်းမော်တွင် အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်း(မဆရ-၁၁)တည်ရှိသည်။ ” အခုဗန်းမော်ဘက်မှာ အချို့နေရာတွေသိမ်းထားတယ်။ သို့သော်လည်း သူကအသံမထွက်ဘူး။အသံမထွက်ဘူးဆိုတာက ထွက်လို့မရလို့ မထွက်ဘူး။ အဲဒါ ပြောလိုက်တာနဲ့ လေယာဉ်က တန်းလာတယ်။ ဘာဖြစ်လို့လဲဆို ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သူတို့က ကိုယ့်ထက်ပိုသိတာပေါ့။ အဲဒါသိမ်းတာ ၂ရက်လောက်ရှိပြီ။ သို့သော်ငြားလည်း သတင်းမထုတ်ပြန်ဘူး။ လေယာဉ်က ခဏခဏလာတယ်။ ပြီးတော့ ဒရုန်းတွေရော”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က…
-
ဒလမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရရှိမည်ဟုဆိုကာ အမျိုး သမီးတစ်ဦးက ခေါ်ဆောင်သွားပြီးနောက် သတင်းအစအနပင်မရတော့ဘဲ ပျောက်ဆုံးနေ
ဒလမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရရှိမည်ဟုဆိုကာ အမျိုး သမီးတစ်ဦးက ခေါ်ဆောင်သွားပြီးနောက် သတင်းအစအနပင်မရတော့ဘဲ ပျောက်ဆုံးနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅. ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရမည်ဟုဆိုကာ အမျိုးသမီးတစ် ဦးက ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဒလမြို့နယ် ဘုရင့်နောင်ရပ်ကွက်၊ မလိခ ၃ လမ်းထိပ်တွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်သည် ကျောင်းသို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။…
-
ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဟောင်း ဦးထင်ကျော်တို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ဖမ်း၀ရမ်းထုတ်ခံရ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄/ ၂၀၂၅ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်တို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့နှင့် အတူ အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်ခံရကြောင်းVOA သတင်း အရသိရသည်။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်စစ်ခေါင်းဆောင် ၂၂ ဦးနှင့် အတူသမ္မတတာဝန်ယူထားခဲ့သည့် ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်းအာဂျင်တီးနားတရားရုံးက ရာဇသတ်ကြီးဥပဒေအရ ကျူးလွန်ခဲ့တဲ့ပြစ်မှုများနှင့်အတူဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဝရမ်း ထုတ်ခဲ့သည်ဟု BROUK ကိုကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။ “ အခုလို စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ ရိုဟင်ဂျာတွေအပါအဝင် စစ်တပ် လက်အောက်ခံစားနေရသူတွေအတွက် တရားမျှတမှုရဖို့ သမိုင်းဝင်ခြေလှမ်းတခု ဖြစ်တဲ့အကြောင်း” UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုသည်ဟုလည်း…