ထိုင်း-မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်ထဲသို့ အမျိုးအမည်မသိလေယာဉ် ကျူးကျော်ပျံသန်း

by

in

ထိုင်း-မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်ထဲသို့ အမျိုးအမည်မသိလေယာဉ် ကျူးကျော်ပျံသန်း
Khaosod
ထိုင်း-မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမျိုးအမည်မသိ လေယာဉ်တစင်းကို ကြားဖြတ်ဟန့်တားရန်နှင့် ထိုင်းလေပိုင်နက်အတွင်းမှ ထွက်ခွာသွားရေး သတိပေး အချက်ပြရန် F-16 တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပွန်ပက်ဒီးပတ္တနာကူးက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါလေယာဉ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ငါးမိုင်အကွာအဝေးအထိ ကျူးကျော်ပျံသန်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းလေတပ်သည် မိမိ၏လေပိုင်နက်အား ပြည်ပမှ ကျူးကျော်ဝင်ရောက်မှုများကို ကာကွယ်ရန်အသင့်ပြင်ထားကြောင်းနှင့် စစ်လေယာဉ်များအနေဖြင့် သတိပေးနေသည့်ကြားမှ ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ပါက ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပွန်ပက်ဒီးပတ္တနာကူးက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ မြန်မာဘက်မှ ထိုင်းလေပိုင်နက်အတွင်းသို့ အမျိုးအမည်မသိလေယာဉ်တစင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင်လည်း ထိုင်း-မြန်မာနယ်စပ်အနီး တာ့ခ်ခရိုင်သို့ အမျိုးအမည်မသိ လေယာဉ်တစင်းကို ရေဒါတွင် ထောက်လှမ်းတွေ့ရှိခဲ့သောကြောင့် ကြားဖြတ်ဟန့်တားရန် ထိုင်းတော်ဝင်လေတပ်မှ F-16 တိုက်လေယာဉ်များကို ပျံတက်စေခဲ့သည်။
ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပွန်ပက်ဒီးပတ္တနာကူး / Photo – Khaosod English