Category: News

  • တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရရှိ

    တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရရှိ

    by

    in

    တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရရှိ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၈ ရက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်‌ဒေသတွင် ပြီးခဲ့သည့် ‌‌‌ဖေဖော်ဝါရီ ၁ ရက် မှ ၇ ရက်နေ့အထိ တစ်ပတ်တာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီတပ်ဖွဲ့များကို ယခုတစ်ပတ်အတွင်း (၁၈) ကြိမ်ခန့်သွား ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအနေဖြင့် မဲပလီဗျူဟာစခန်းကို စခန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်‌ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။ မဲပလီဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စခန်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အရှင် ဖမ်းဆီး ရမိခဲ့သည့်…

  • မဲပလီဗျူဟာမှ ထွက်ပြေးသည့်  စစ်ကောင်စီတပ်သား ၁၉ဦး KNU ပူးပေါင်းတပ် ဖမ်းမိ ▪️မဲပလီစခန်း စစ်ဆင်ရေးမှ စစ်သုံ့ပန်း ၅၀နီးပါးဖမ်းမိထား

    မဲပလီဗျူဟာမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၉ဦး KNU ပူးပေါင်းတပ် ဖမ်းမိ ▪️မဲပလီစခန်း စစ်ဆင်ရေးမှ စစ်သုံ့ပန်း ၅၀နီးပါးဖမ်းမိထား

    by

    in

    မဲပလီဗျူဟာမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၉ဦး KNU ပူးပေါင်းတပ် ဖမ်းမိ ▪️မဲပလီစခန်း စစ်ဆင်ရေးမှ စစ်သုံ့ပန်း ၅၀နီးပါးဖမ်းမိထား ဟန်နွေ/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။ မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီ အနည်းငယ်အကြာတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်။ အဆိုပါ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများလည်းရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းမိထားကြောင်း သထုံ(ဒူးသထူ)ခရိုင် ဥက္ကဋ္ဌ ပဒိုစိုးမြင့် ပြောကြားချက်ကို ကိုးကားပြီး ကေအိုင်စီ…

  • အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ် အားပြုရပ်တည်နေရသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအပေါ် အမြင် မတိမ်း စောင်းရန်   NUG ယာယီသမ္မတ သတိပေး

    အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ် အားပြုရပ်တည်နေရသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအပေါ် အမြင် မတိမ်း စောင်းရန် NUG ယာယီသမ္မတ သတိပေး

    by

    in

    အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ် အားပြုရပ်တည်နေရသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအပေါ် အမြင် မတိမ်း စောင်းရန် NUG ယာယီသမ္မတ သတိပေး ရန်ကုန်၊ ဖေဖော်ဝါရီ ၈ စစ်အာဏာရှင်ကို တော်လှန်နေသော တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့များမှာ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ်တွင် အားပြုကာ ရပ်တည်နေရသဖြင့် တိုင်းရင်းသား တော်လှန်ရေးတပ်များအပေါ် အမြင်မတိမ်းစောင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပန်ကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု – (CDM လှုပ်ရှားမှု) ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။ “တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သဘောထားအမြင်တွေကို မတိမ်းစောင်းရအောင် အနည်းငယ် လက်တို့ သတိပေးချင်တာ ရှိပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း…

  • မိုးဗြဲတိုက်ပွဲတွင် စစ်သား အလောင်း ၅ လောင်းနှင့် လက်နက်ငယ်အချို့သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်က  အမျိုးသမီးစစ်သည်တချို့ကိုပါ ရှေ့တန်းတွင် အသုံးပြု

    မိုးဗြဲတိုက်ပွဲတွင် စစ်သား အလောင်း ၅ လောင်းနှင့် လက်နက်ငယ်အချို့သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်က အမျိုးသမီးစစ်သည်တချို့ကိုပါ ရှေ့တန်းတွင် အသုံးပြု

    by

    in

    မိုးဗြဲတိုက်ပွဲတွင် စစ်သား အလောင်း ၅ လောင်းနှင့် လက်နက်ငယ်အချို့သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်က အမျိုးသမီးစစ်သည်တချို့ကိုပါ ရှေ့တန်းတွင် အသုံးပြု ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ကရင်နီပြည်နယ်၊ ရှမ်း -ကယားနယ်စပ်မိုးဗြဲမြို့တိုက်ပွဲတွင် စစ်သားအလောင်း ၅ လောင်းနှင့် လက် နက်ခဲယမ်းအချို့သိမ်း ဆည်းရရှိခဲ့ပြီး စစ်တပ်က တိုက်ပွဲတွင် အမျိုးသမီးစစ်သည်တချို့ကိုပါ အသုံးပြုနေသည်ကို မြင်တွေ့ရကြောင်း KNDF ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ကရင်နီပြည်နှင့် ရှမ်းပြည်အစပ် မိုးဗြဲမြို့တွင် စစ် ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ကြား တနေကုန်နီးပါးအပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အမျိုးသမီးစစ်သည်တချို့ကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပြည် သူ့နေအိမ်…

  • ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးပျူစခန်းနှင့် စစ်တပ် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ခန့် သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ

    ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးပျူစခန်းနှင့် စစ်တပ် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ခန့် သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ

    by

    in

    ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးပျူစခန်းနှင့် စစ်တပ် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ခန့် သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၈ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးပျူစခန်းနှင့် စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် -BNRA က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီအချိန် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာ ပျူစောထီးစခန်းကို အညာ ညီနောင် စစ်ရေးလှုပ်ရှားမှုအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး အများအပြား သေဆုံးခဲ့ပြီး ကာဘိုင် အမျိုးအစား သေနတ် ၄…

  • အမျိုးသမီးများကို စစ်မှုထမ်း ခေါ်ယူရန် အစီအစဉ် မရှိသေးသော်လည်း ခြိမ်းခြောက်မှုများရှိနေဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို 🟥 ခြိမ်းခြောက်သူများမှာ စစ်တပ်၊ ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည်ကို ဇော်မင်းထွန်းက ထည့်မပြောဘဲ ချန်ထားခဲ့

    အမျိုးသမီးများကို စစ်မှုထမ်း ခေါ်ယူရန် အစီအစဉ် မရှိသေးသော်လည်း ခြိမ်းခြောက်မှုများရှိနေဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို 🟥 ခြိမ်းခြောက်သူများမှာ စစ်တပ်၊ ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည်ကို ဇော်မင်းထွန်းက ထည့်မပြောဘဲ ချန်ထားခဲ့

    by

    in

    အမျိုးသမီးများကို စစ်မှုထမ်း ခေါ်ယူရန် အစီအစဉ် မရှိသေးသော်လည်း ခြိမ်းခြောက်မှုများရှိနေဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို 🟥 ခြိမ်းခြောက်သူများမှာ စစ်တပ်၊ ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည်ကို ဇော်မင်းထွန်းက ထည့်မပြောဘဲ ချန်ထားခဲ့ ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ အမျိုးသမီးများသည်လည်း စစ်မှုထမ်းရန် အကျုံးဝင်နေပြီး အမျိုးသမီးများကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေးသော်လည်း ခြိမ်းခြောက်မှုများရှိနေကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာနှင့် မီဒီယာများမှတစ်ဆင့် အကြမ်းဖက် ဇော်မင်းထွန်းက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ “ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသား အသက်ဘယ်လောက် ဆိုတာပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကို မူတည်ပြီးတော့ အမျိုးသမီးတွေကို ခြိမ်းခြောက်နေမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး…

  • မြန်မာဆယ်လီ ဖြန့်ဖြူးရောင်းချနေသည့် Toki အဆီကျဆေးသကြားလုံးကို တရားမဝင်ဆေးဖြစ်ကြောင်းနှင့် သုံးစွဲရန်မသင့်ကြောင်း ဂျပန်အစိုးရထုတ်ပြန်

    မြန်မာဆယ်လီ ဖြန့်ဖြူးရောင်းချနေသည့် Toki အဆီကျဆေးသကြားလုံးကို တရားမဝင်ဆေးဖြစ်ကြောင်းနှင့် သုံးစွဲရန်မသင့်ကြောင်း ဂျပန်အစိုးရထုတ်ပြန်

    by

    in

    မြန်မာဆယ်လီ ဖြန့်ဖြူးရောင်းချနေသည့် Toki အဆီကျဆေးသကြားလုံးကို တရားမဝင်ဆေးဖြစ်ကြောင်းနှင့် သုံးစွဲရန်မသင့်ကြောင်း ဂျပန်အစိုးရထုတ်ပြန် ကီရာ မဇ္ဈိမ။ ။ ဂျပန်ရောက် မြန်မာဆယ်လီတဦး ဖြန့်ဖြူးရောင်းချနေသည့် Toki အဆီကျဆေးသကြားလုံးသည် ဂျပန်နိုင်ငံတွင် တရားမဝင်ဆေးဖြစ်ကြောင်းနှင့် သုံးစွဲရန်မသင့်ကြောင်း ဖေဖော်ဝါရီ ၆ရက် ရက်စွဲဖြင့် ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုသကြားလုံးသည် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချသော ဆေးဖြစ်ကြောင်းနှင့် စားသုံးပြီးနောက် ဗိုက်နာခြင်း၊ အဖျားတက်ခြင်းများကို ခံစားရကြောင်း စုံစမ်းစစ်ဆေး ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းဆေးသည် အဝလွန်သူများနှင့် ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် ရည်ရွယ်အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ ထိုသကြားလုံးကို အသုံးပြုနေပါက ချက်ချင်း ရပ်တန့်ရန်နှင့် ကျန်းမာရေးပြဿနာများ ခံစားနေရသည်ဟု သံသယရှိပါက ဆေးကုသမှုခံယူရန် ထပ်မံအသိပေးထားပြီး ရောင်းချသူကို စုံစမ်းနေကြောင်းလည်း ထုတ်ပြန်ချက်တွင်…

  • အောင်​ဇေယျစစ်​ကြောင်းမှာ ပိတ်ဆို့ဖြတ်​တောက်ခံရလို့ ရက်ရှည်ထမင်းငတ်ပြီး အလင်းဝင်ခဲ့သူ​တွေနဲ့ ​မေးမြန်းခန်း

    အောင်​ဇေယျစစ်​ကြောင်းမှာ ပိတ်ဆို့ဖြတ်​တောက်ခံရလို့ ရက်ရှည်ထမင်းငတ်ပြီး အလင်းဝင်ခဲ့သူ​တွေနဲ့ ​မေးမြန်းခန်း

    by

    in

    အောင်​ဇေယျစစ်​ကြောင်းမှာ ပိတ်ဆို့ဖြတ်​တောက်ခံရလို့ ရက်ရှည်ထမင်းငတ်ပြီး အလင်းဝင်ခဲ့သူ​တွေနဲ့ ​မေးမြန်းခန်း ဒီးဒီ/ People’s Spring ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်စခန်း​တွေ တပ်ရင်းဌာနချုပ်တွေကို ပြန်လည်ထိန်းချုပ်ဖို့ဆိုပြီး အာဏာသိမ်း ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”လို့ အမည်​ပေးပြီး သံချပ်ကာ​တွေအပါအဝင်ယာဥ် ယန္တားအစုံနဲ့ စစ်သား အင်အား ၁၀၀၀ ​ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်က ဖားအံနဲ့ ​မော်လမြိုင်ဘက်ကနေ ချီတက်လာပါတယ်။ ၄ ရက်နဲ့ မြဝတီမြို့ကို အ​ရောက်ချီတက်မယ်လို့ ​ကြွေး​ကြော်ခဲ့​ပေမယ့် ​ကော်ဘရာစစ်​ကြောင်းဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေရဲ့ဖြတ်​တောက်ပိတ်ဆို့ တိုက်ခိုက်မှု​ကြောင့်၁၀လ နီးပါး ကြာတဲ့အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေပါတယ်။ ဒါ့အပြင် လက်ရှိမှာ ကော်ဘရာစစ်ကြောင်း နဲ့ PDFတပ်ဖွဲ့တွေရဲ့ ဖြတ်တောက်ပိတ်ဆို့မှုခံနေရပြီး တပ်ရင်းအချို့ဟာ ရိက္ခာပို့မရတော့ပဲ ပိတ်မိနေပါတယ်။…

  • စစ်မှုထမ်းဖို့အသက်မပြည့်​သေးသူ​တွေကိုပါ အသက်ပြည့်မှတ်ပုံတင်ထုတ်​ပေးပြီး စု​ဆောင်းဖို့ စစ်​ကောင်စီ စီစဥ်

    စစ်မှုထမ်းဖို့အသက်မပြည့်​သေးသူ​တွေကိုပါ အသက်ပြည့်မှတ်ပုံတင်ထုတ်​ပေးပြီး စု​ဆောင်းဖို့ စစ်​ကောင်စီ စီစဥ်

    by

    in

    စစ်မှုထမ်းဖို့အသက်မပြည့်​သေးသူ​တွေကိုပါ အသက်ပြည့်မှတ်ပုံတင်ထုတ်​ပေးပြီး စု​ဆောင်းဖို့ စစ်​ကောင်စီ စီစဥ် -People’s Spring စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်း မှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ “အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ် ၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။ စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ မှတ်ပုံတင် မရှိသေးတဲ့လူငယ်တွေကို တခါထဲဖမ်းဆီးကာ မြို့နယ်ထွေအုပ်ကထောက်ခံချက်လုပ်ပြီး လဝက ကတခါထဲ မှတ်ပုံတင်ထုတ်ပေးကာ စစ်မှုထမ်း​စေဖို့ စီစဥ်ျနတာဖြစ်တယ်လို့စုံစမ်းသိရပါတယ်။ တံတားဦးမြို့နယ်ဘက်ကိုစုံစမ်းကြည့်ရာမှာ အမြန်လမ်း လေယာဥ်ကွင်းအဝိုင်းပတ်နဲ့ ပင်းယအဝိုင်းပတ်တွေမှာ စစ်တပ်အပါအဝင် အဖွဲ့စုံကဖမ်းဆီးလေ့ရှိပြီး တံတားဦးမြို့ထဲက ထွေအုပ်ရုံးမှာတခါထဲ ထောက်ခံစာတွေလုပ်ပေးပြီး စစ်မှုထမ်းဖို့ လုပ်ဆောင်လေ့ရှိတယ်လို့ဆိုပါတယ်။ “ဒီဘက်မှာကပြောင်ပြောင်တင်းတင်းဖမ်းတာ။ယောကျာ်းတွေဆို အကုန်ကားပေါ်တင်တယ်။မိန်းမတွေပါလာရင်ပြန်လွှတ်တယ်။ယောကျာ်းလေးသီးသန့်ဆိုရင် ဆိုင်ကယ်တွေပါကားပေါ်ဆွဲတင်တာ…

  • မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် အခြေပြုနေသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းနှင့် ကွန်ရက်များကို  နှိမ်နင်းမည်ဟု ထိုင်းနှင့်တရုတ် ကတိပြု ၊ မြန်မာကို လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်လိုက်သော ထိုင်းအစိုးရ၏ လုပ်ရပ်ကို တရုတ် ချီးကျူး

    မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် အခြေပြုနေသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းနှင့် ကွန်ရက်များကို နှိမ်နင်းမည်ဟု ထိုင်းနှင့်တရုတ် ကတိပြု ၊ မြန်မာကို လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်လိုက်သော ထိုင်းအစိုးရ၏ လုပ်ရပ်ကို တရုတ် ချီးကျူး

    by

    in

    မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် အခြေပြုနေသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းနှင့် ကွန်ရက်များကို နှိမ်နင်းမည်ဟု ထိုင်းနှင့်တရုတ် ကတိပြု ၊ မြန်မာကို လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်လိုက်သော ထိုင်းအစိုးရ၏ လုပ်ရပ်ကို တရုတ် ချီးကျူး ရန်ကုန်၊ ဖေဖော်ဝါရီ ၇ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အခြေပြုနေသည့် ကျားဖြန့် ငွေလိမ်ကွန်ရက်ကို ဖြိုခွင်းနှိမ်နင်းမည်ဟု ထိုင်းနှင့်တရုတ်နှစ်နိုင်ငံခေါင်းဆောင်များ ကတိပြုလိုက်ကြောင်း အေပီသတင်းတစ်ရပ်အရ သိရှိရသည်။ တရုတ်သမ္မတ Xi Jinping နှင့် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra တို့က ဘေဂျင်းတွင် ယမန်နေ့ တွေ့ဆုံစဉ် ခေါင်း ဆောင်နှစ်ဦးက မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အခြေပြုနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းကွန်ရက်များကို နှိမ်နင်းမည်ဟု ကတိပြုခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်…