တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရရှိ

by

in

တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရရှိ
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်‌ဒေသတွင် ပြီးခဲ့သည့် ‌‌‌ဖေဖော်ဝါရီ ၁ ရက် မှ ၇ ရက်နေ့အထိ တစ်ပတ်တာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီတပ်ဖွဲ့များကို ယခုတစ်ပတ်အတွင်း (၁၈) ကြိမ်ခန့်သွား ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအနေဖြင့် မဲပလီဗျူဟာစခန်းကို စခန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်‌ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။
မဲပလီဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စခန်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အရှင် ဖမ်းဆီး ရမိခဲ့သည့် စစ်သုံ့ပန်း ၂၇ ဦးကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ် ထားပြီး ‌ထွက်ပြေးလွတ်မြောက်သွားသူများကိုလည်း ပူးပေါင်းတပ်ဖွဲ့များက လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တစ်ပတ်တာ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေး ဦးကျဆုံးခဲ့ရပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်းလည်း သိရသည်။
တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ Force for Democracy-FFD၊ နဂါးဖြူ စစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ LDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် ပူးပါင်းအဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တောင်ပိုင်းစစ်ဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်နေ့ကလည်း မဟာမိတ်တော်လှန်ရေးပူးပေါင်း အဖွဲ့များမှ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်း ကျေးရွာရှိ စစ်ကောင်စီစခန်းကို စီးနင်း တိုက်ခိုက် ခဲ့ရာ တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့‌ကြောင်း တောင်ပိုင်းစစ်ဒေသ ထံကသိရသည်။
ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ