စစ်မှုထမ်းဖို့အသက်မပြည့်​သေးသူ​တွေကိုပါ အသက်ပြည့်မှတ်ပုံတင်ထုတ်​ပေးပြီး စု​ဆောင်းဖို့ စစ်​ကောင်စီ စီစဥ်

by

in

စစ်မှုထမ်းဖို့အသက်မပြည့်​သေးသူ​တွေကိုပါ အသက်ပြည့်မှတ်ပုံတင်ထုတ်​ပေးပြီး စု​ဆောင်းဖို့
စစ်​ကောင်စီ စီစဥ်
-People’s Spring
စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်း
မှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
(လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။
“အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ်
၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။
စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ မှတ်ပုံတင်
မရှိသေးတဲ့လူငယ်တွေကို တခါထဲဖမ်းဆီးကာ မြို့နယ်ထွေအုပ်ကထောက်ခံချက်လုပ်ပြီး လဝက ကတခါထဲ မှတ်ပုံတင်ထုတ်ပေးကာ စစ်မှုထမ်း​စေဖို့ စီစဥ်ျနတာဖြစ်တယ်လို့စုံစမ်းသိရပါတယ်။
တံတားဦးမြို့နယ်ဘက်ကိုစုံစမ်းကြည့်ရာမှာ အမြန်လမ်း လေယာဥ်ကွင်းအဝိုင်းပတ်နဲ့ ပင်းယအဝိုင်းပတ်တွေမှာ စစ်တပ်အပါအဝင် အဖွဲ့စုံကဖမ်းဆီးလေ့ရှိပြီး တံတားဦးမြို့ထဲက ထွေအုပ်ရုံးမှာတခါထဲ ထောက်ခံစာတွေလုပ်ပေးပြီး စစ်မှုထမ်းဖို့ လုပ်ဆောင်လေ့ရှိတယ်လို့ဆိုပါတယ်။
“ဒီဘက်မှာကပြောင်ပြောင်တင်းတင်းဖမ်းတာ။ယောကျာ်းတွေဆို အကုန်ကားပေါ်တင်တယ်။မိန်းမတွေပါလာရင်ပြန်လွှတ်တယ်။ယောကျာ်းလေးသီးသန့်ဆိုရင် ဆိုင်ကယ်တွေပါကားပေါ်ဆွဲတင်တာ “လို့တံတားဦးမြို့ခံတဦးကပြောပါတယ်။
လက်တ​လောမှာပုသိမ်ကြီးမြို့နယ်ထဲကကျေးရွာတွေမှာနေ့ရော၊ညပါစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်​ကောင်စီဟာ ဇန်နဝါရီ ၂၀ ရက်​နေ့ဟာစစ်
မှုထမ်းဥပ​ဒေရဲ့ နည်းဥပ​ဒေပြဌာန်းပြီး​နောက်
စစ်သားသစ်စု​ဆောင်းမှုကို ပိုမိုအတင့်ရဲလုပ်ကိုင်​​လာကြပါတယ် ။