အောင်​ဇေယျစစ်​ကြောင်းမှာ ပိတ်ဆို့ဖြတ်​တောက်ခံရလို့ ရက်ရှည်ထမင်းငတ်ပြီး အလင်းဝင်ခဲ့သူ​တွေနဲ့ ​မေးမြန်းခန်း

by

in

အောင်​ဇေယျစစ်​ကြောင်းမှာ ပိတ်ဆို့ဖြတ်​တောက်ခံရလို့ ရက်ရှည်ထမင်းငတ်ပြီး အလင်းဝင်ခဲ့သူ​တွေနဲ့ ​မေးမြန်းခန်း
ဒီးဒီ/ People’s Spring

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်စခန်း​တွေ တပ်ရင်းဌာနချုပ်တွေကို ပြန်လည်ထိန်းချုပ်ဖို့ဆိုပြီး အာဏာသိမ်း ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”လို့ အမည်​ပေးပြီး သံချပ်ကာ​တွေအပါအဝင်ယာဥ် ယန္တားအစုံနဲ့ စစ်သား အင်အား ၁၀၀၀ ​ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်က ဖားအံနဲ့ ​မော်လမြိုင်ဘက်ကနေ ချီတက်လာပါတယ်။
၄ ရက်နဲ့ မြဝတီမြို့ကို အ​ရောက်ချီတက်မယ်လို့ ​ကြွေး​ကြော်ခဲ့​ပေမယ့် ​ကော်ဘရာစစ်​ကြောင်းဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေရဲ့ဖြတ်​တောက်ပိတ်ဆို့ တိုက်ခိုက်မှု​ကြောင့်၁၀လ နီးပါး ကြာတဲ့အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေပါတယ်။
ဒါ့အပြင် လက်ရှိမှာ ကော်ဘရာစစ်ကြောင်း နဲ့ PDFတပ်ဖွဲ့တွေရဲ့ ဖြတ်တောက်ပိတ်ဆို့မှုခံနေရပြီး တပ်ရင်းအချို့ဟာ ရိက္ခာပို့မရတော့ပဲ ပိတ်မိနေပါတယ်။
အောင်ဇေယျစစ်ကြောင်းဆီပို့ခံရတဲ့ ရွှေညောင်မြို့အခြေစိုက် ခလရ(၉၄)တပ်ရင်းက စစ်ကောင်စီတပ်သား ၁၂၀လောက်ဟာဆိုရင် ကော်ဘရာစစ်ကြောင်း၊ PDFတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ထားမှုကြောင့် အစာရေစာငတ်ပြတ်ပြီး လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် အစာရေစာပြတ်လပ်ပြီး စစ်သား ၁၂ဦးဟာ ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။
အစာရေစာငတ်ပြတ်ပြီး ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာတဲ့ ခလရ(၉၄)က စစ်သားတွေကို လူထုနွေဦးက သွားရောက်တွေ့ဆုံမေးမြန်းတာတွေကို ဖော်ပြလိုက်ပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate