Category: News

  • “အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

    “အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

    by

    in

    “အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြေးဖြစ်သူ ကိုထိန်လင်းက ပဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပြခဲ့ပါတယ်။ ပြည်ပမှာ မွေးဖွားကြီးပြင်းလာကြတဲ့ မြန်မာလူငယ်တွေနဲ့ နိုင်ငံခြားသားတွေကို မြန်မာ့အစားအစာအကြောင်း သိနိုင်စေဖို့ ရည်ရွယ်ပြီး ဒီဗီဒီယိုကို ပြင်ဆင်ပြသခဲ့တယ်လို့ ဆိုပါတယ်။ ”အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြား ကို ကျွန်တော်လဲ ကြိုက်တယ်”လို့ ကိုထိန်းလင်က ပြောခဲ့ပါတယ်။ ပဲပြုတ်နဲ့ နံပြားပြုလုပ်ရာမှာ နံပြား ရှာဖွေမရခဲ့တဲ့အတွက် ပလာတာကို အစားထိုးအသုံးပြုခဲ့တာကိုလည်း နားလည်ပေးကြဖို့ ကိုထိန်လင်းက မေတ္တာရပ်ခံထားပါတယ်။

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်သုံ့ပမ်းအချို့ဖမ်းမိဟု KIA အသိပေး

    ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်သုံ့ပမ်းအချို့ဖမ်းမိဟု KIA အသိပေး

    by

    in

    ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်သုံ့ပမ်းအချို့ဖမ်းမိဟု KIA အသိပေး ဟန်နွေ/People’s Spring ကချင်ပြည်နယ် ၊ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦး​ဆောင်​သော ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ​ဖေ​ဖော်ဝါရီ ၁၁ ရက်ညတွင် ဖော်ပြထားပြီး စစ်သုံ့ပမ်းအချို့ ဖမ်းမိခဲ့ကြောင်း အသိပေးသည်။ ကချင်ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်းမော်ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ကို KIA ဦး​ဆောင်​သောပူး​ပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ရက်မှ ဖေဖော်ဝါရီ ၁၁ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သုံ့ပမ်းအချို့ ကို ဖမ်းဆီးရမိထားကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။ ဖမ်းမိ စစ်သုံ့ပမ်းအရေအတွက်ကို ဖော်ပြထားခြင်းမရှိပေ။ ကချင်သတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ ဖေဖော်ဝါရီ ၁၀ရက်​နေ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှစစ်သာယ ၆၀ ကျော်သေဆုံးကာ ၄၇…

  • မြန်မာနိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရန် တာဝန်ရှိမှု ၊ စစ်မှုထမ်းရသည့် အကျိုး ကျေးဇူး၊ နိုင်ငံကာကွယ်ရေး အရေးကြီးပုံနှင့် နိုင်ငံတကာ စစ်မှုထမ်းစနစ်များအကြောင်း  အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်အတွင်း စတင်သင်ကြားမည်

    မြန်မာနိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရန် တာဝန်ရှိမှု ၊ စစ်မှုထမ်းရသည့် အကျိုး ကျေးဇူး၊ နိုင်ငံကာကွယ်ရေး အရေးကြီးပုံနှင့် နိုင်ငံတကာ စစ်မှုထမ်းစနစ်များအကြောင်း အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်အတွင်း စတင်သင်ကြားမည်

    by

    in

    မြန်မာနိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရန် တာဝန်ရှိမှု ၊ စစ်မှုထမ်းရသည့် အကျိုး ကျေးဇူး၊ နိုင်ငံကာကွယ်ရေး အရေးကြီးပုံနှင့် နိုင်ငံတကာ စစ်မှုထမ်းစနစ်များအကြောင်း အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်အတွင်း စတင်သင်ကြားမည် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ မြန်မာနိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရန် တာဝန်ရှိမှု ၊ စစ်မှုထမ်းရသည့် အကျိုး ကျေးဇူး၊ နိုင်ငံတော်ကာကွယ်ရေး အရေးကြီးပုံနှင့် နိုင်ငံတကာမှ ပြည်သူတိုင်း စစ်မှုထမ်းရသည့်စနစ်များအကြောင်း အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားတော့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်းများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အ ထွေ ထွေဗဟုသုတ ဘာသာရပ် အဖြစ် သင်ရိုးညွန်းတမ်းအတွင်း ထည့်သွင်းသင်ကြားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အထက်တန်းအဆင့်တွင် ယင်းဘာသာရပ်ကို သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။…

  • ထိုင်းက လျှပ်စစ်ပစ္စည်းများအပါအဝင် ထုတ်ကုန် ၁၁မျိုးကို မြန်မာဘက် တင်ပို့ခွင့်ပိတ်

    ထိုင်းက လျှပ်စစ်ပစ္စည်းများအပါအဝင် ထုတ်ကုန် ၁၁မျိုးကို မြန်မာဘက် တင်ပို့ခွင့်ပိတ်

    by

    in

    ထိုင်းက လျှပ်စစ်ပစ္စည်းများအပါအဝင် ထုတ်ကုန် ၁၁မျိုးကို မြန်မာဘက် တင်ပို့ခွင့်ပိတ် ရဲခေါင်/People’s Spring ထိုင်းနိုင်ငံက လျှပ်စစ်ပစ္စည်းများအပါအဝင် ထုတ်ကုန် ၁၁မျိုးကို မြန်မာဘက်သို့တင်ပို့ခွင့် ပိတ်လိုက်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ လုပ်ငန်းရှင်အချို့က ပြောသည်။ အွန်လိုင်းလောင်းကစား(ကျားဖြန့်)နှိမ်နင်းရေးရည်ရွယ်ချက်ဖြင့် တင်ပို့ခွင့်ပိတ်ပင်သည့် ကုန်ပစ္စည်း ၁၁မျိုးတွင် မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီ၊ အင်ဗာတာ၊ မီးစက်၊ဆိုလာပြားနှင့် မိုဘိုင်းကိရိယာများ ပါဝင်သည်ဟု ဆိုသည်။ ထို့အပြင် ကေဘယ( Cable)ကြိုးများ၊ကွန်ပျူတာဟာ့ဒ်ဝဲ ၊ကွန်ပျူတာဆော့ဖ်ဝဲ၊အင်ဂျင်ဝိုင်နှင့် စက်သုံးဆီ တို့ကိုလည်း မြန်မာပြည်သို့ တင်ပို့ခွင့်ပိတ်လိုက်သည်။ “အခက်အခဲကတော့ စက်သုံးဆီပြတ်လပ်မှုပဲ ။ကျန်တဲ့ ကုန်စည်တွေက အဲဒီလောက် ဒေသခံလူထုအတွက် မရှိမဖြစ်အရေးမကြီဘူး။အခုက ထိုင်းဘက်က စက်သုံးဆီတရားဝင်ပိတ်လိုက်ပြီလို့ပြောရတယ်”ဟု မြဝတီမြို့မှလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ တရုတ်ကျားဖြန့် အွန်လိုင်းဂိုဏ်းများ နှိမ်နင်းရန်ဆိုကာ ထိုင်းအစိုးရက မြဝတီ၊ တာချီလိတ်မြို့အပါအဝင်…

  • ပုသိမ်မြို့နယ်ထဲတွင် စစ်ရေးရောက်ရှိလာမည်ကို စိုးရိမ်၍  စစ်ကြောင်းထိုးကာ ရဟတ်ယာဉ်များဖြင့် ကင်းလှည့်

    ပုသိမ်မြို့နယ်ထဲတွင် စစ်ရေးရောက်ရှိလာမည်ကို စိုးရိမ်၍ စစ်ကြောင်းထိုးကာ ရဟတ်ယာဉ်များဖြင့် ကင်းလှည့်

    by

    in

    ပုသိမ်မြို့နယ်တွင် လူငယ်အချို့ကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင် ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၂ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအချို့တွင် လူငယ်အချို့ကို ကြိုတင်အသိပေးခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း​ သတင်းရရှိသည်။ ပုသိမ်မြို့နယ် ရေမနေပင်ကိုင်းကျေးရွာ၊ သံပါတ်ကုန်းကျေးရွာ၊ အမှတ်(၁၀)ရပ်ကွက် မရမ်းချောင်းတို့တွင် လူငယ်လေးဦးကို တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ညဘက်တွေဧည့်စာရင်းစစ်တဲ့ပုံစံမျိုးတွေနဲ့၀င်ဆွဲတာ အုပ်ကြီးတွေကိုယ်တိုင်ပါတယ် “ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။ လက်ရှိတွင်ခေါ်ဆောင်ခံရသူ လူငယ်တစ်ဦးကိုမိဘများမှငွေပေးသောကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပြီး ပုသိမ်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများမှ ဥပဒေမဲ့ဖမ်းဆီးကာ စစ်မှုထမ်းခေါ်ဆောင်ခံရမည်ကို ပြည်သူများက စိုးရိမ်နေရကြောင်း သိရှိရသည်။ စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက်ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာကြောင်း…

  • စစ်တွေမြို့အဝင်ရှိ အမြင့်ကျွန်းစစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက်

    စစ်တွေမြို့အဝင်ရှိ အမြင့်ကျွန်းစစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက်

    by

    in

    စစ်တွေမြို့အဝင်ရှိ အမြင့်ကျွန်းစစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက် ရန်ကုန်| ဖေဖော်ဝါရီ ၁၂ ရခိုင်ပြည် မြို့တော်ဖြစ်သော စစ်တွေမြို့အဝင် အမြင့်ကျွန်းရှိ စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉ နာရီအချိန် စစ်တွေမြို့အဝင် အမြင့်ကျွန်းမှာ စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီနှင့် AA တို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ “မနေ့က ည ၉ နာရီမှာ အမြင့်ကျွန်းဘက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ လက်နက်ကြီး အသံတွေက မတူကြဘူး။ အသံကတော့…

  • ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

    ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

    by

    in

    ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅ တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ နိုင်ငံအတွင်း ဒုက္ခသည်တွေ နေ့စဉ်တိုးပွားနေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို အထိရောက်ဆုံး ကူညီပေးနိုင်ဖို့ ကြိုးစားရမယ်လို့ မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ၅/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ “ကျနော်တို့ အစီရင်ခံစာကို လေ့လာကြည့်ရင် တော်လှန်ရေးဆင်နွှဲနေရတဲ့ အစိုးရတစ်ရပ်အနေနဲ့ အတော်လေး ကြိုးပမ်းအားထုတ်ခဲ့ကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်တွေနဲ့ စာရင်တော့ အတော်လေး လိုအပ်ချက်တွေ…

  • စစ်ကောင်စီက အတင်းအကျပ် တပ်သားစုဆောင်းမှုနေမှုကြောင့် စီးပွားရေးဆုတ် ယုတ်ပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်ကာ ပြည်သူများ ဝင်ငွေနည်းပါးလာဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

    စစ်ကောင်စီက အတင်းအကျပ် တပ်သားစုဆောင်းမှုနေမှုကြောင့် စီးပွားရေးဆုတ် ယုတ်ပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်ကာ ပြည်သူများ ဝင်ငွေနည်းပါးလာဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

    by

    in

    စစ်ကောင်စီက အတင်းအကျပ် တပ်သားစုဆောင်းမှုနေမှုကြောင့် စီးပွားရေးဆုတ် ယုတ်ပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်ကာ ပြည်သူများ ဝင်ငွေနည်းပါးလာဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ မြန်မာနိုင်ငံတွင် စစ်ကောင်စီက အတင်းအကျပ် တပ်သားစုဆောင်းနေခြင်းကြောင့် စီးပွားရေးဆုတ်ယုတ်လာပြီး အလုပ် လက် မဲ့ နှုန်းမြင့်တက်ကာ ပြည်သူများ ဝင်ငွေနည်းပါးလာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သည့် ၆၃ ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက် ရေးကော်မရှင်၏ အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြှင့်တက်လျက်ရှိပြီး အိမ်ထောင်စု…

  • ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ စတင် ရေးဆွဲနေပြီဟု ကရင် KNU ၊ ကရင်နီ KSCC  ၊ မွန် NMSP-AD ၊ ချင်း CNF ၊ တအာင်း-TPCC နှင့် ပအိုဝ်း အပါအဝင် တိုင်းရင်းသားအဖွဲ့ များက စုပေါင်း ကြေညာ

    ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ စတင် ရေးဆွဲနေပြီဟု ကရင် KNU ၊ ကရင်နီ KSCC ၊ မွန် NMSP-AD ၊ ချင်း CNF ၊ တအာင်း-TPCC နှင့် ပအိုဝ်း အပါအဝင် တိုင်းရင်းသားအဖွဲ့ များက စုပေါင်း ကြေညာ

    by

    in

    ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ စတင် ရေးဆွဲနေပြီဟု ကရင် KNU ၊ ကရင်နီ KSCC ၊ မွန် NMSP-AD ၊ ချင်း CNF ၊ တအာင်း-TPCC နှင့် ပအိုဝ်း အပါအဝင် တိုင်းရင်းသားအဖွဲ့ များက စုပေါင်း ကြေညာ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် အသွင်ပြောင်းရန် ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေကို စတင် ရေးဆွဲနေပြီဖြစ်ကြောင်း တိုင်းရင်းသားများက ယနေ့ စုပေါင်းကြေညာလိုက်သည်။ အဆိုပါ တိုင်းရင်းသားအဖွဲ့များတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) –…

  • စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို  စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

    စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

    by

    in

    စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅ စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ Interra Resources ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ဆက်နွယ်မှုတွေကို သိရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်း စတင်ကာ စတော့အိတ်ချိန်းကနေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ Interra Resources က ကြံရာပါ ပတ်သက်နေမှုဟုဆိုကာ Justice For Myanmar ကလည်း အပိုင်း (၅)ပိုင်းပါဝင်တဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ Justice…