ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ စတင် ရေးဆွဲနေပြီဟု ကရင် KNU ၊ ကရင်နီ KSCC ၊ မွန် NMSP-AD ၊ ချင်း CNF ၊ တအာင်း-TPCC နှင့် ပအိုဝ်း အပါအဝင် တိုင်းရင်းသားအဖွဲ့ များက စုပေါင်း ကြေညာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် အသွင်ပြောင်းရန် ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေကို စတင် ရေးဆွဲနေပြီဖြစ်ကြောင်း တိုင်းရင်းသားများက ယနေ့ စုပေါင်းကြေညာလိုက်သည်။
အဆိုပါ တိုင်းရင်းသားအဖွဲ့များတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB တို့ ပါဝင်သည်။
အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှု ဖက်ဒရယ် ဒီမို ကရေစီ စနစ်ကို လက်ခံ ကျင့်သုံးမည် မဟုတ်ဘဲ ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံ ဥပဒေ စတင်ပြင် ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ၊မိမိတို့သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့် အဝရှိသောပြည်နယ်များဖြင့် စုဖွဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြပြီး အကြမ်း ဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်အံတုသော ပြည်သူများနှင့် လက်တွဲ၍ အာဏာ ရှင် စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိကြောင်း တိုင်းရင်းသားများက ကြေညာသည်။
“ရေးဆွဲတာနဲ့ပတ်သက်ရင် ပထမဦးဆုံးကတော့ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေအားလုံးက ဒီရေးဆွဲ ရေးနဲ့ ပတ်သက်လို့ ဒီအချက်တွေရေးဆွဲရမယ်ဆိုတဲ့ သဘောတူညီချက်တွေရထားပြီးပြီ။ Governing Document လိုမျိုး အုပ်ချုပ်လို့ရတဲ့ စာရွက် စာတမ်းတစ်ခုလိုမျိုးကို ရှိဖို့လိုတယ်ဆိုတဲ့ဟာမျိုးကတော့ အများစုက သဘောတူ၊ ရေးဖို့သဘောတူတယ်။ ရေးဆွဲပြီးတော့ အပြည့်အစုံကို ဘယ်အချိန်မှာ ပြီးမ လဲ ၊ ဘယ်အချိန်မှာ ပြည်သူလူထုကိုချပြလို့ရမလဲဆိုတာတော့ အချိန်အားဖြင့်ပြောရမယ်ဆိုရင် နည်း နည်းတော့ ပြောရခက်တယ်၊ ဒါပေမယ့် တိုးတက်မှုတွေအများကြီးရှိတယ်။ တစ်ပတ်၊ တစ်ပတ်၊ တစ် လ ၊ တစ်လ ပုံမှန်ရေးဆွဲပြီးတော့ လုပ်ဆောင်နေတာတွေရှိတယ်။ အဓိကတော့ အခုရေးဆွဲနေ တဲ့ AFTA သည် (Articles of Federal Transitional Arrangement (AFTA)) ရေးဆွဲနေတဲ့ အချိန်မှာ ရေးဆွဲပြီးတော့ ပြီးသွားတဲ့ အချိန်မှာ ပြည်သူလူထုကိုချပြမယ်။ပြီးတော့ ဒီအတိုင်းသွားမယ်ဆိုတဲ့ဟာ ထက် အဲဒီ AFTA ကလည်း Bottom up Federalism ကို အခြေခံပြီးတော့ ရေးဆွဲထားတာဖြစ်တဲ့ အတွက်ကြောင့် ရေးရင်းနဲ့အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေကလည်းစနေပြီဖြစ်ပါတယ်။” ဟု ပြောရေး ဆိုခွင့်ရှိသူ မနန်းမို့မို့က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
စစ်ရေးအရ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး နိုင်ငံရေးအရ ၂၀၂၄ ခုနှစ်၊ ဇန် နဝါရီလ ၃၁ ရက်နေ့တွင် ဦးတည်ချက် ၆ ရပ်၊ ရပ်တည်ချက် ၉ ရပ်နှင့် လုပ်ငန်းစဉ် ၆ ရပ် ပါရှိသော “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသ ဘောထား ရပ်တည်ချက်” ကို ထုတ်ပြန်ကြေညာခြင်း၊ နောက်ဆက်တွဲထောက်ခံပါဝင်ခြင်း နှင့် ပိုမိုကျယ်ပြန့် သောအဖွဲ့များ ပါဝင် လာရေးအတွက် ဆက်လက်ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်နယ် အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism Approach) ချည်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားသောအဖွဲ့အစည်းများ အားလုံးနှင့် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
ဗဟိုချုပ်ကိုင်မှုစနစ်သည် အစိုးရအဆက်ဆက်၏ ဆယ်စုနှစ် ခုနှစ်ခုကျော်တိုင် တည်ရှိနေသည့် နက် ရှိုင်းသော နိုင်ငံရေး ပြဿ နာများကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးသည့် ထပ်ဆင့် ပြဿနာများကို ဖြစ်ပေါ်စေသည်မှာ ပကတိအရှိတရားပင် ဖြစ်ကြောင်း သိရှိရသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးကာလ၊ ကြားကာလမှ စတင် ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အ သွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေး စာတမ်း (Governing Document) အဖြစ် ကျင့်သုံးဆောင်ရွက် သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်း ရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangement (AFTA) အား စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း သိရှိရသည်။
စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်နေကြသော တိုင်း ရင်း သားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေးကာလ၊ ကြားကာလမှ စတင် ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှုစနစ် (Centralization) အသစ်တဖန်ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးသွားမည် မဟုတ်ကြောင်းနှင့် “ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စု အား ကောင်းရေး” (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုဖြင့် သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး General Strike Committee of Nationalities – GSCN က ချီတက် ဆန္ဒပြခဲ့ကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
