“အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

by

in

“အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြေးဖြစ်သူ ကိုထိန်လင်းက ပဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပြခဲ့ပါတယ်။
ပြည်ပမှာ မွေးဖွားကြီးပြင်းလာကြတဲ့ မြန်မာလူငယ်တွေနဲ့ နိုင်ငံခြားသားတွေကို မြန်မာ့အစားအစာအကြောင်း သိနိုင်စေဖို့ ရည်ရွယ်ပြီး ဒီဗီဒီယိုကို ပြင်ဆင်ပြသခဲ့တယ်လို့ ဆိုပါတယ်။
”အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြား ကို ကျွန်တော်လဲ ကြိုက်တယ်”လို့ ကိုထိန်းလင်က ပြောခဲ့ပါတယ်။
ပဲပြုတ်နဲ့ နံပြားပြုလုပ်ရာမှာ နံပြား ရှာဖွေမရခဲ့တဲ့အတွက် ပလာတာကို အစားထိုးအသုံးပြုခဲ့တာကိုလည်း နားလည်ပေးကြဖို့ ကိုထိန်လင်းက မေတ္တာရပ်ခံထားပါတယ်။