Category: News
-
မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ် ~~~ ■ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။ ဒီအမှုမှာ အဓိကပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ကို ဦးတည်စွဲဆိုခဲ့တာဖြစ်တယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က RFA ကို ပြောပါတယ်။…
-
ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေ နေရာစရွှေ့နေပြီလို့ ထိုင်းမီဒီယာ ဖော်ပြ
ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေ နေရာစရွှေ့နေပြီလို့ ထိုင်းမီဒီယာ ဖော်ပြ -People’s Spring ဘက်ပေါင်းစုံ ဖိအားတွေကြောင့် ထိုင်း-မြန်မာ နယ် စပ်အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဟာ စတင် နေရာရွှေ့ပြောင်းနေပြီလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်း နယ်စပ်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဒုစရိုက် လုပ်ငန်းတွေကို ဖိအားပေးဖို့အတွက် လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် အထောက်အပံ့တွေ ဖြတ်တောက်ခြင်း အပါအဝင် တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေ အစပြုလာတာကအခုဆိုရင် ထင် ရှားသိသာတဲ့ ရလဒ်တွေကို စတင် မြင်သာလာစေတယ်လို့ The Nation သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာ မြေငှားပြီး လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ တဖြည်းဖြည်းချင်းစီရွှေ့ပြောင်း ထွက်ခွာနေပြီလို့ ဆိုပါတယ်။…
-
ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များကို ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက်မှ စတင်ကာ ( A+B) နှစ်အုပ်စုစနစ်ဖြင့် လေးနာရီလာ၊ လေးနာရီပျက်ပုံစံ ဓါတ်အားဖြန့်ဖြူးမှု တိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များကို ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက်မှ စတင်ကာ ( A+B) နှစ်အုပ်စုစနစ်ဖြင့် လေးနာရီလာ၊ လေးနာရီပျက်ပုံစံ ဓါတ်အားဖြန့်ဖြူးမှု တိုးပေးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် အရှေ့ပိုင်းခရိုင်မြို့နယ်များတွင် တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်-ဆိပ်ကမ်း၊ ဒဂုံမြို့သစ်-တောင်ပိုင်း၊ ဒဂုံမြို့သစ်-မြောက်ပိုင်း၊ ဒဂုံမြို့သစ်-အရှေ့ပိုင်း၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတတို့ပါဝင်သည်။ ဒီလအတွင်း 230 KV ရွှေလီ-မန်စံလိုင်းအား လျှပ်စစ်ဝန်ထမ်းများက ပြုပြင်နိုင်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင်ကို လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခုအခါတွင် အရှေ့ပိုင်းခရိုင်မြို့နယ်များကိုပါ တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးလာနိုင်ခြင်းလို့ လျှပ်စစ်ဌာနက ဆိုသည်။
-
ရွှေကုက္ကိုလ်ရှိ ကျားဖြန့်များကို BGF ဖမ်းဆီးမှုစတင်
ရွှေကုက္ကိုလ်ရှိ ကျားဖြန့်များကို BGF ဖမ်းဆီးမှုစတင် YT (မဇ္ဈိမ) ။ ။ ထိုင်း- မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှုများ စတင်နေပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က မဇ္ဈိမကိုပြောသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က BGF ထိပ်ပိုင်းခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး ခေါ်ယူအပြီး ကျားဖြန့်များကို ထိထိရောက်ရောက် နှိမ်နင်းရေးအတွက် ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ လေးဖွဲ့ (ဝင်ရောက်ရှင်းလင်းရေး အဖွဲ့ (၁)၊ (၂)၊ (၃) နှင့် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့) ဖွဲ့စည်းပြီး နှစ်ရက်အကြာတွင် စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာခြင်းဖြစ်သည်။…
-
ကရင်နီ-ထိုင်းနယ်စပ်မှ စစ်တပ်နောက်ဆုံးစခန်း ဖြစ်သော ပွိုင့် ၅၄၁၆ ကို KA သိမ်းပိုက်
ကရင်နီ-ထိုင်းနယ်စပ်မှ စစ်တပ်နောက်ဆုံးစခန်း ဖြစ်သော ပွိုင့် ၅၄၁၆ ကို KA သိမ်းပိုက် ရဲခေါင်/ People’s Spring ကရင်နီပြည်တွင် မြန်မာ-ထိုင်းနယ်စပ် ၌စစ်တပ် ၏နောက်ဆုံးလက်ကျန်စခန်းကုန်း(ပွိုင့် ၅၄၁၆) ကို ကရင်နီပြည်တပ်မတော် -KAက သိမ်းပိုက် နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိကြောင်း KA ၊တပ်ရင်း ၅ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ စစ်ကောင်စီ၏ နှစ် ၃၀ ကြာတပ်စွဲထားသော ကရင်နီ – ထိုင်း နယ်စပ်ရှိ ပွိုင့် ၅၄၁၆(စစ်ဆင်ရေး ခြေကုပ်စခန်း ) တောင်ကတုံးစခန်းကို ဖေဖော်ဝါ ရီ ၁၃ ရက် က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ “လက်နက်ခဲယမ်းအများအပြားရတယ်။ဒီစခန်းက ကရင်နီနယ်စပ်စခန်းဖြစ်တယ်။အဲဒီစခန်းတစ်ခုပဲကျန်တယ်။အခုက တက်သိမ်းလိုက်နိုင်ပြီ။အဲဒီနားတစ်ဝိုက် လုံးက စစ်ကောင်စီ ရှင်းလင်းသွားပြီလို့ ပြောလို့ရတယ်”ဟု အထက်ပါတာဝန်ရှိသူက…
-
မြစ်ဆုံအနီး ဆွမ်ပရာဘွမ်လမ်းပိုင်း KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
မြစ်ဆုံအနီး ဆွမ်ပရာဘွမ်လမ်းပိုင်း KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မြစ်ဆုံအထက်ဘက်၊ ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဝေရှီးနှင့် ဂွေထော်ကျေးရွာအကြား၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီအကြား ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။ “အဲဒီဘက်စစ်ဖြစ်တာက မင်းအောင်လှိုင် စစ်အင်အားထိုးထားတာတော့ နှစ်ပတ်လောက်ရှိပြီ။ တိုက်ပွဲဖြစ်တယ်တော့ ကျနော်လည်း သတင်းရတယ်”ဟု ၎င်းက ပြောသည်။ တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ဖြည့်တင်းနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIAသတင်းပြန်ကြားရေးဌာနကလည်း ဖေဖော်ဝါရီ ၁၃ရက် ညပိုင်း၌တိုက်ပွဲသတင်းဖော်ပြခဲ့ရာ KIA တပ်မဟာ(၁)နယ်မြေ ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဂွေထော်နှင့် ဝေါ်ရှီးကျေးရွာကြားတွင် ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ KIAက ခုခံတိုက်ခိုက်ရာ နံနက်ပိုင်း ၁၀နာရီမှ ညနေပိုင်း ၃နာရီအထိ…
-
ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်အုပ်စု စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စု အများအပြား သေ၊ ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြား သိမ်းဆည်းရရှိ၊ စစ်အုပ်စုက ရက်ဆက်ဗုံးကြဲကာ အင်အားရာချီ လေယာဉ်နဲ့ပို့နေ၊
ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်အုပ်စု စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စု အများအပြား သေ၊ ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြား သိမ်းဆည်းရရှိ၊ စစ်အုပ်စုက ရက်ဆက်ဗုံးကြဲကာ အင်အားရာချီ လေယာဉ်နဲ့ပို့နေ၊ ကိုသူ/MFP၊ ဖေဖေါ်ဝါရီ – ၁၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ ကလေး – ဂန့်ဂေါ ကားလမ်းပေါ်ရှိ ကမ်းပါးနီ တံတားအနီးက စစ်အုပ်စု စခန်တွေကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်အုပ်စု အများအပြား သေသလို ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြားလည်း သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ကလေးမြို့နဲ့ မိုင်…
-
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် မြန်မာစစ်တပ်မှ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် မြန်မာစစ်တပ်မှ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် မြန်မာစစ်တပ်မှ ၂၃ ဦးကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က ယနေ့ သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Airesရှိ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည့် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် အခြားစစ်တပ်အရာရှိများကို ဖမ်း၀ရမ်းထုတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ BROUK ၏ ဥက္ကဌ ဦးထွန်းခင်က “ဒါဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာစစ်တပ်အောက်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတိုင်းအတွက်…
-
ပြည်ပထွက်ခွာမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို လေဆိပ်စစ်ဆေးရေးအဖွဲ့က စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ဖြင့် စတင် စစ်ဆေးနေ
ပြည်ပထွက်ခွာမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို လေဆိပ်စစ်ဆေးရေးအဖွဲ့က စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ဖြင့် စတင် စစ်ဆေးနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို လေဆိပ်စစ်ဆေးရေးအဖွဲ့က စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ စတင်စစ်ဆေးနေပြီး များမကြာမီ ထောက်ခံချက်များ လိုအပ်မည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရှိရသည်။ စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဒီဂျစ်တယ်နည်းပညာဖြင့် မှတ်တမ်းတင်ထားသော ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို ထူထောင်ထားပြီး ရန်ကုန်လေဆိပ်နှင့်မန္တလေးလေဆိပ်တို့တွင်…
-
ဖူးမေမေ ရုပ်ရှင်သရုပ်ဆောင် ဒေါ်မြင့်မြင့်ခိုင် (ခ) ဒေါ်မြင့်မြင့် ကြူ ရဲ့ KBZ bank Special account က နေ မှ သိန်း ၁၂၀ ကျော် ကို ၁၂.၂.၂၀၂၅ မနက် ၁၁:၃၀ မှာ အကောင့်ဟက်ခံလိုက်ရပြီးတခြားအကောင့်ထဲကိုလွှဲသွင်းခံလိုက်ရပါတယ်ရှင်!
ဖူးမေမေ ရုပ်ရှင်သရုပ်ဆောင် ဒေါ်မြင့်မြင့်ခိုင် (ခ) ဒေါ်မြင့်မြင့် ကြူ ရဲ့ KBZ bank Special account က နေ မှ သိန်း ၁၂၀ ကျော် ကို ၁၂.၂.၂၀၂၅ မနက် ၁၁:၃၀ မှာ အကောင့်ဟက်ခံလိုက်ရပြီးတခြားအကောင့်ထဲကိုလွှဲသွင်းခံလိုက်ရပါတယ်ရှင်! OTP ကုတ် ကို MPT SIM card ထဲ ကျ လာတဲ့ အချိန် မှာတော့ ဖူးမေမေက ဆေးခန်းမှာရှိနေခဲ့ပီး message ကို အဲ့အချိန်နဲ့ သိပ်မကြာခင်အိမ်ပြန်ရောက်တဲ့အချိန်တွေ့လိုက်တဲ့အချိန် မှာ ဘဏ်အကောင့်ထဲဝင်စစ်ကြည့်တော့သိန်း ၁၂၁ သိန်း ၉ သောင်း ၄ ထောင် က ဖူးတို့လုံးဝမသိတဲ့အကောင့်တခုထဲလွှဲထားပါတယ်! သိသိချင်း ကျန်ငွေ တွေကိုတော့ ဖူးအကောင့်ထဲအမြန်လွှဲခဲ့လို့ သိန်း၁၂၀…