Category: News
-
ကနီမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ၊အရပ်သား၆ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
ကနီမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ၊အရပ်သား၆ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ကဖေး/People’s Spring ကနီမြို့နယ်၊ချောင်းမရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ၆ ဦး သေဆုံးပြီး ဒဏ်ရသူများပြားကြောင်းဒေသခံအချို့ကပြောသည်။ ကနီမြို့နယ်ကိုဖေဖော်ဝါရီလ ၁၈ရက် နေ့လည်ပိုင်းမှစတင်၍ ညနေအထိ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရောစက်တပ်လေထီးဖြင့်ပါ လေကြောင်းမှအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ညနေပိုင်းတိုက်ခိုက်မှုတွင် အရပ်သားများရှိနေသည့် လက် ဖက်ရည်ဆိုင်တည့်တည့်ကိုတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “လက်ဖက်ရည်ဆိုင်ရှေ့ကလမ်းရဲ့ ဟိုဘက်ဒီဘက် အကုန်လုံးထိခိုက်တယ်။ ပွဲချင်းပြီးက၃ဦးသေဆုံးတယ်။နောက်ထပ်သိရတာဆို သေဆုံး ၆ဦး။ ဒဏ်ရတာတွေလည်းများတယ်။ ဒီဘက်မှာအလုပ်လာလုပ်တဲ့သူတွေလည်း ထိကြတယ်” ဟု ဒေသခံတဦးကပြောသည်။ ဒဏ်ရာရသူအရေအတွက်ကိုအတိအကျမသိရသေးပေ။စစ်ကောင်စီသည် ဖေဖော်ဝါရီလ၇ရက်နေ့မှစ၍ ကနီမြို့နယ်အတွင်း ပစ်မှတ်ထားထား၍ လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။ ဖေဖော်ဝါရီလ ၁၇ရက် နေ့လည်ပိုင်းတွင်လည်း မုဌောရွာအနီးချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။ ဆိပ်ကမ်းအနီးရှိ…
-
မြန်မာ့အကျပ်အတည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အတူ ဖြေရှင်းရေး ဘရူနိုင်းဘုရင်၊ မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံဆွေးနွေး
မြန်မာ့အကျပ်အတည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အတူ ဖြေရှင်းရေး ဘရူနိုင်းဘုရင်၊ မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံဆွေးနွေး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မြန်မာ့နိုင်ငံရေး အကျပ်အတည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အတူ ဖြေရှင်းရေး ဘရူနိုင်းဘုရင် ဝါဒိုလာ မူအစ်ဇာဒင် ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့အကြား ဆွေးနွေးကြကြောင်း မလေးရှားဝန်ကြီးချုပ်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ဘရူနိုင်းနိုင်ငံတွင် ၎င်းတို့ ၃ ဦး ယနေ့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက် ၅ ချက် နှင့်အညီ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေး သက်ဆိုင်သူအားလုံးက ဆက်ဆံဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်ရန် အားထုတ်သင့်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်လည်မှုများ…
-
စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNDF ထံတွင် အလင်းဝင်
စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNDF ထံတွင် အလင်းဝင် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ကရင်နီပြည်အခြေစိုက် KNDF ထံသို့ စစ်တပ်ဘက်မှ စစ်မှု ထမ်း တပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း KNDF တပ်ရင်းအမှတ် ၃ လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်မှ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသူ ၅ ဦးနှင့် ရှေ့တန်းစစ်မြေပြင်အတွင်း လက်နက်မဲ့ ထွက်ပြေး လွတ်မြောက်လာသူ တပ်သား ၈ ဦးစုစုပေါင်း ၁၃ ဦး အလင်းဝင်လာကြောင်း သိရှိရသည်။ “မိုးဗြဲမြို့ကို ပို့ခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေပါ၊…
-
စစ်ကောင်စီ အတွက် ဝင်ငွေရလမ်း ဖြစ်သော ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ထိုင်းနှင့် တရုတ် ပူးပေါင်းမှုကို NUG က ကြိုဆိုလိုက်ပြီး ပူးပေါင်းရန် အသင့် ရှိနေဟုဆို
စစ်ကောင်စီ အတွက် ဝင်ငွေရလမ်း ဖြစ်သော ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ထိုင်းနှင့် တရုတ် ပူးပေါင်းမှုကို NUG က ကြိုဆိုလိုက်ပြီး ပူးပေါင်းရန် အသင့် ရှိနေဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ အကြမ်းဖက် စစ်ကောင်စီအတွက် ဝင်ငွေရရှိစေသည့် လမ်းကြောင်းဖြစ်သော ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ထိုင်းနိုင်ငံနှင့်တရုတ်ပူးပေါင်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ကြိုဆိုလိုက်ပြီး ပူးပေါင်းရန် အသင့်ရှိနေဟုကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။ ယနေ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်အာဏာရှင်များ၏ အပေါင်းအပါ လက်နက်ကိုင်ထိန်းချုပ်နယ်မြေများတွင် အမေရိကန်ဒေါ်လာ သန်းချီသော ကျားဖြန့် အွန်လိုင်း လိမ်လည်မှုများနှင့် ရာဇဝတ်မှုများ…
-
စစ်တွေမြို့သိမ်း တိုက်ပွဲ ပိုမိုပြင်းထန်လာနေပြီး AA က မကွေး နှင့်ပဲခူးတိုင်း အတွင်းရှိ စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ဟုဆို
စစ်တွေမြို့သိမ်း တိုက်ပွဲ ပိုမိုပြင်းထန်လာနေပြီး AA က မကွေး နှင့်ပဲခူးတိုင်း အတွင်းရှိ စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ အာရက္ခတပ်တော် AA က ရခိုင်ပြည်မြို့တော်၊ စစ်တွေမြို့ကို သိမ်းပိုက်ရန် တိုက်ခိုက်မှုများ လုပ်ဆောင်နေကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေကြောင်း စစ်တွေမြို့ခံများက ပြောသည်။ AA နှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲမှာ ယမန်နေ့ ညနေ ၆ နာရီကျော်မှ စတင်ပြီး ည ၉ နာရီကျော်အချိန်အထိကြာမြင့်ကြောင်း၊ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၁ နာရီကျော်ကြာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်တွေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မနေ့ကညက တိုက်ပွဲက အရမ်းပြင်းပြင်းထန်ထန်ပဲ။ AA က အမြင့်ကျွန်းက စစ်ကောင်စီတပ်တွေကို…
-
သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကား မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၄ ဦး အပါအဝင် ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရ
သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကား မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၄ ဦး အပါအဝင် ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မကွေးတိုင်း၊ သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကားတစ်စီးသည် ယမန်နေ့ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၂ ဦး အပါအဝင် လမ်းသွားလမ်းလာ ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရရှိကြောင်း သရက်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း သရက်မြို့ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ ၁၂…
-
မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သားငါးဦး လက်နက်နှင့် အလင်းဝင်လာ
မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သားငါးဦး လက်နက်နှင့် အလင်းဝင်လာ ရဲခေါင်/People’s Spring ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ကောင်စီတပ်သား ငါးဦး လက်နက်များနှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တပ်ရင်းမှူးသိန်းထွန်းက လူထုနွေဦးသို့ ပြောသည်။ ဖေဖော်ဝါရီ ၁၇ရက်က အလင်းဝင်လာသည့် တပ်သားငါးဦးသည် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းခံထားရသူများဟု ဆိုသည်။ “ဒီဖေဖော်ဝါရီလတစ်လတည်းကို KNDF တပ်ရင်း(၃)ဆီကို ဘက်ပြောင်းလာတာ ၁၄ ယောက်ထိရှိခဲ့ပြီ။အပတ်စဥ်(၄)အပတ်စဥ်(၅) အပတ်စဥ်(၆)တွေ ဖြစ်ကြတယ်။ရွေးချယ်မှုမှန်ကန်လို့ ဂုဏ်ယူပါတယ် “ဟု မိုးဗြဲ ဇုန်တပ်ရင်းမှူးက ပြောသည်။ စစ်ကောင်စီတပ်ထံမှ ထွက်လာချင်သူများအား အသက်နှင့်ရင်း၍ စွန့်စားခေါ်ထုတ်မည်ဖြစ်ပြီး တော်လှန်ရေး အင်အားစုဘက်သို့ ပူးပေါင်းလာမှု များကို ကြိုဆိုနေ ကြောင်းလည်း ၎င်းက အသိပေးသည်။ ထို့အပြင် ကရင်နီပြည်နယ်၏ နယ်မြေအနှံ့တွင် ယခုနှစ်ဆန်းပိုင်းကစ၍ အလင်းဝင်ခိုလှုံလာသည့် စစ်ကောင်စီ၏…
-
ဗန်းမော်နှင့် အင်းတော်မြို့အပြီးသတ် သိမ်းပိုက် နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေဟု KIAအသိပေး ▪️ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် အဓမ္မလူသစ်စုဆောင်းမှုများ စစ်ကောင်စီ လုပ်ဆောင်နေဟုဆို
ဗန်းမော်နှင့် အင်းတော်မြို့အပြီးသတ် သိမ်းပိုက် နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေဟု KIAအသိပေး ▪️ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် အဓမ္မလူသစ်စုဆောင်းမှုများ စစ်ကောင်စီ လုပ်ဆောင်နေဟုဆို ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက်အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြိုးပမ်းတိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ရက် ညပိုင်းတွင် ဖော်ပြသည်။ ဗန်းမော်နှင့် အင်းတော်မြို့၌ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည့်အခြေအနေကို အသိပေးစဉ် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။ KIAပူးပေါင်းတပ်များသည် ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်စခန်းအား ဖေဖော်ဝါရီ ၂ရက်မှ ထိုးစစ်ဆင်ခဲ့ရာ ဖေဖော်ဝါရီ ၁၇ရက်ထိ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအချို့ ဖမ်းမိထားပြီး အမြောက်တပ်၊ ကန်တော်စာသင်ကျောင်း၊ ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို သိမ်းပိုက်ထားကာ စစ်ကောင်စီကလည်း လေကြောင်း၊လက်နက်ကြီးခုခံတိုက်ခိုက်မှုများရှိဟု…
-
ဗန်းမော် စကခ ၂၁ မှ နည်းဗျူဟာမှူး ခြေ ထောက်တစ်ဖက်ပြတ်သွားသည့်အတွက် ရဟတ်ယာဥ်ဖြင့် မြစ်ကြီးနားသို့သယ်သွား ၊ ဆေးတပ်ကို KIAသိမ်းပိုက်
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၇ ရက် ဗန်းမော်ရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁)ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကောင်စီ၏ နည်းဗျူဟာမှူးတစ်ဦး ခြေထောက်ပြတ်သွားကြောင်း သိရသည်။ စကခ ၂၁မှ ခြေထောက်ပြတ်တောက်သွားသည့် နည်း ဗျူဟာမှူးကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွားပြီး မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။ “နည်းဗျူဟာမှူး တိုတစ် ၊ ရှည်တစ်ဖြစ်သွားတယ်။ တင်ပါးမှာလည်း ဒဏ်ရာပြင်းတယ်လို့သိရတယ်။ အခုမြစ်ကြီးနားဆေးရုံမှာပါ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့က စစ်ကောင်စီ ၏ ဆေးတပ်ရင်းကိုပါ KIA က သိမ်းပိုက်လိုက်ပြီး စကခ ၂၁ကို ဆက်လက်ထိုးစစ်ဆင်တိုက် ခိုက် နေကြောင်း…
-
ရှေ့တန်းရောက် စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက အထက်အရာရှိများ၏ ခွင့်ပြုချက်မရဘဲ ကျန်ရစ်သူမိသားစုများထံသို့ အသိပေး အကြောင်း ကြားခြင်းများ မပြုလုပ်ရန် အမိန့်ထုတ် 🟥 စစ်မှုထမ်းတပ်သားသစ်များ၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို စစ်တပ်က သိမ်းယူပြီး အသုံးပြုခွင့် ပိတ်ပင်
ရှေ့တန်းရောက် စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက အထက်အရာရှိများ၏ ခွင့်ပြုချက်မရဘဲ ကျန်ရစ်သူမိသားစုများထံသို့ အသိပေး အကြောင်း ကြားခြင်းများ မပြုလုပ်ရန် အမိန့်ထုတ် 🟥 စစ်မှုထမ်းတပ်သားသစ်များ၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို စစ်တပ်က သိမ်းယူပြီး အသုံးပြုခွင့် ပိတ်ပင် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်များသို့ စစ်မှုထမ်း စစ်သင်တန်းဆင်း တပ်သားသစ်များကို အလုံးအရင်းဖြင့် စေလွှတ်လျက်ရှိပြီး အဆိုပါ စစ်မှုထမ်း တပ်သားသစ်များ တိုက်ပွဲအတွင်း သေဆုံးပါက စစ်တပ်မှ အထက်အရာရှိများ၏ ခွင့်ပြုချက်မရရှိဘဲ သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားခြင်းမပြုလုပ်ရန် အမိန့် ထုတ်ထားကြောင်း သိရှိရသည်။ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ကချင်၊ ကရင်၊ ချင်း၊ ပဲခူး၊ ကရင်နီ၊ ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်း၊ မကွေး၊…