Category: News

  • သာပေါင်းမြို့နယ် ကင်ပွန်းချဉ်တောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကူများပို့၍ ခုခံနေရ

    သာပေါင်းမြို့နယ် ကင်ပွန်းချဉ်တောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကူများပို့၍ ခုခံနေရ

    by

    in

    သာပေါင်းမြို့နယ် ကင်ပွန်းချဉ်တောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကူများပို့၍ ခုခံနေရ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၂၇ ရက် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စစ်ကောင်စီနှင့် AAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်ကူယာဉ်တန်းများပါပို့၍ ခုခံနေရကြောင်း သိရသည်။ သာပေါင်းမြို့နယ် သဲဖြူအရှေ့ရွာနှင့် ၂ဖာလုံခန့်အကွာ ကင်ပွန်းချဉ်တောင်တွင် ယနေ့ ဖေဖော်ဝါရီ ၂၇ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက သာပေါင်းမြို့ဘက်မှနေ၍ ဖောကား များဖြင့် အင်အားဖြည့်နေကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီသည် ကင်ပွန်းချဉ်တောင်တိုက်ပွဲအတွင်းသို့ စက်တပ်လေထီးများဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရသည်။ “တိုက်ပွဲဖြစ်နေတာမှန်ပါတယ်။ စစ်တပ်ဘက်က စစ်ကူပို့ပြီး စက်တပ်လေထီး တွင်တွင် ကျယ်ကျယ် သုံးနေပါတယ်။ သာပေါင်းဘက်က စစ်ယာဉ်တန်းတွေပို့နေပါတယ်” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ စစ်ကောင်စီသည် ကျားခေါင်းရွာရှိ…

  • ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်ထားမှုအပေါ် တရားမျှတမှု ရှာဖွေရေး ကော်မတီ NLDက ဖွဲ့စည်းမည် 🟥 ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်တပ်နှင့်မင်းအောင်လှိုင်က အဓိက တရားခံဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ပြောဆို

    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်ထားမှုအပေါ် တရားမျှတမှု ရှာဖွေရေး ကော်မတီ NLDက ဖွဲ့စည်းမည် 🟥 ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်တပ်နှင့်မင်းအောင်လှိုင်က အဓိက တရားခံဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ပြောဆို

    by

    in

    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်ထားမှုအပေါ် တရားမျှတမှု ရှာဖွေရေး ကော်မတီ NLDက ဖွဲ့စည်းမည် 🟥 ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်တပ်နှင့်မင်းအောင်လှိုင်က အဓိက တရားခံဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ပြောဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ် ထားမှုအပေါ် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ (Justice Seeking Committee for Daw Aung San Su Kyi and U Htin Kyaw) ကို NLD ပါတီက ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီ၏ ပြော ရေးဆိုခွင့်ရှိသူ ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “ပါတီကနေ…

  • နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီ ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ်ကင်းပတ်ပျံသန်း

    နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီ ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ်ကင်းပတ်ပျံသန်း

    by

    in

    နယ်စပ်မျဉ်းအနီး မြန်မာစစ်ကောင်စီ ဗုံးကြဲ ပြီးနောက် ထိုင်းလေတပ်ကင်းပတ်ပျံသန်း နိုင်ပကောင်း/People’ Spring ထိုင်း – မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထဲမှာ KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်အစောပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။ နယ်စပ်အနီးမှာ ရှိတဲ့ စစ်တပ်စခန်းကို KNU တပ်မဟာ (၇) ဘက်က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ နယ်ခြားမြစ် သောင်ရင်းမြစ်အနီး တိုက်ပွဲ ဖြစ်တာဖြစ်ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်လာတာကြောင့် ဒေသံ ၁၀၀ ခန့် ထိုင်း ဘက်ခြမ်းကိုထွက်ပြေး တိမ်းရှောင်နေရပါတယ်။ မနက် ၈ နာရီခွဲခန့်မှာ စစ်ကောင်စီလေတပ်က…

  • ဗောဓိတထောင်နယ်မြေအနီးရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲ ရဲ၁၁ဦးသေ ■လက်နက် ၁၀ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ

    ဗောဓိတထောင်နယ်မြေအနီးရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲ ရဲ၁၁ဦးသေ ■လက်နက် ၁၀ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ

    by

    in

    ဗောဓိတထောင်နယ်မြေအနီးရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲ ရဲ၁၁ဦးသေ ■လက်နက် ၁၀ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ ရဲခေါင်၊ မင်းညို /People’s Spring စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ကျေးရွာ အရှေ့ဘက် ဗောဓိတထောင်နယ်မြေအနီးရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ​၏ လက်အောက် ခံ ရဲ၁၁ဦး သေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများရရှိခဲ့ကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဖေဖော်ဝါရီ ၂၇ရက်) ထုတ်ပြန်သည်။ စစ်ကောင်စီ၏ ရဲ ၁၇ဦးအခြေချတပ်စွဲထားသည့် တာဝါတိုင်ကုန်းစခန်းကို ယမန်နေ့(ဖေဖော်ဝါရီ ၂၆ ရက်) နံနက်ပိုင်းတွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်ဟု အသိပေးသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ရဲ ၁၁ ဦးသေဆုံးပြီး G-3 ငါးလက်၊ Uzi သုံးလက်၊…

  • အာဂျင်တီးနားဖမ်းဝရမ်းမှ အရပ်သားခေါင်းဆောင်နှစ်ဦးကို ဖယ်ရှားနိုင်ရေး တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းလုပ်ဆောင်မည်ဟု NLD ထုတ်ပြန်

    အာဂျင်တီးနားဖမ်းဝရမ်းမှ အရပ်သားခေါင်းဆောင်နှစ်ဦးကို ဖယ်ရှားနိုင်ရေး တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းလုပ်ဆောင်မည်ဟု NLD ထုတ်ပြန်

    by

    in

    အာဂျင်တီးနားဖမ်းဝရမ်းမှ အရပ်သားခေါင်းဆောင်နှစ်ဦးကို ဖယ်ရှားနိုင်ရေး တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းလုပ်ဆောင်မည်ဟု NLD ထုတ်ပြန် အီယိုရီ/People’s Spring အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းတွင် အရပ်သားခေါင်းဆောင်နှစ်ဦးပါဝင်နေမှုအား ဖယ်ရှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ(Justice Seeking Committee for Daw Aung San Su Kyi and U Htin Kyaw)ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ယနေ့(ဖေဖော်ဝါရီ ၂၇ရက်)ထုတ်ပြန်သည်။ အထက်ပါ ကော်မတီဖွဲ့စည်းဆောင်ရွက်ရာတွင် ရည်ရွယ်ချက်တူသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အားလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြသည်။ ၂၀၁၇ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများနှင့်ပတ်သက်၍ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦးနှင့် ထိုစဥ်က…

  • ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်ဂိတ်စခန်း  ၇ ခုကို တိုက်ခိုက်မှု စစ် သား ၈ ဦးသေဆုံးပြီး PDF  ၁ ဦးကျဆုံး၊ မုံရွာ ဗောဓိတစ်ထောင် MRTV အသံ လွှင့် တာဝါတိုင်စခန်းကုန်း ကို သိမ်းပိုက်မှု ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ ရရှိ

    ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်ဂိတ်စခန်း ၇ ခုကို တိုက်ခိုက်မှု စစ် သား ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး၊ မုံရွာ ဗောဓိတစ်ထောင် MRTV အသံ လွှင့် တာဝါတိုင်စခန်းကုန်း ကို သိမ်းပိုက်မှု ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ ရရှိ

    by

    in

    ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်ဂိတ်စခန်း ၇ ခုကို တိုက်ခိုက်မှု စစ် သား ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး၊ မုံရွာ ဗောဓိတစ်ထောင် MRTV အသံ လွှင့် တာဝါတိုင်စခန်းကုန်း ကို သိမ်းပိုက်မှု ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ ရရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန် သည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ…

  • ထိုင်းအာဏာပိုင်တွေပြန်ပို့တဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ထား

    ထိုင်းအာဏာပိုင်တွေပြန်ပို့တဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ထား

    by

    in

    ထိုင်းအာဏာပိုင်တွေပြန်ပို့တဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ထား ဒီးဒီ/People’s Spring ထိုင်းနိုင်ငံအာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးလိုက်တဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို စစ်ကောင်စီအဖွဲ့က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ထားလိုက်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ရက်က ရနောင်းမြို့ဆိပ်ကမ်းကနေ မြန်မာဘက်က ကော့သောင်းမြို့ကို ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။ ကော့သောင်းမြို့က စစ်ကောင်စီဝင်တွေက ရောက်လာတဲ့ မြန်မာလုပ်သားတွေကို နေရပ်ပြန်မပို့ဘဲ စစ်မှုထမ်းဖို့ ခေါ်ထားလိုက်တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ မြန်မာလုပ်သား ၂၀၀ကို ကော့သောင်းမြို့က ခမရ(၄၃၁)တပ်ရင်းမှာ ကျန်းမာရေးစစ်ဆေးနေတယ်လို့ ကော့သောင်းမြို့က စစ်ကောင်စီတပ်နဲ့ နီးစပ်သူက လူထုနွေဦးကို ပြောပါတယ်။ “ကျန်းမာရေးစစ်မယ်။ စစ်ပြီးရင် ပလောက်က လေ့ကျင့်ရေး(၁၂)ကို ပို့မယ်”လို့ သူက…

  • ပြည်ပရောက်နေသူများ  မြန်မာနိုင်ငံသို့ ပြန်လာ စစ်မှုထမ်းခိုင်းရန်  ရေနံချောင်းမြို့ နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်စာများ ပေးပို့ ဖိအားပေး ခြိမ်း ခြောက်

    ပြည်ပရောက်နေသူများ မြန်မာနိုင်ငံသို့ ပြန်လာ စစ်မှုထမ်းခိုင်းရန် ရေနံချောင်းမြို့ နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်စာများ ပေးပို့ ဖိအားပေး ခြိမ်း ခြောက်

    by

    in

    ပြည်ပရောက်နေသူများ မြန်မာနိုင်ငံသို့ ပြန်လာ စစ်မှုထမ်းခိုင်းရန် ရေနံချောင်းမြို့ နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်စာများ ပေးပို့ ဖိအားပေး ခြိမ်း ခြောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်စာများ ပေးပို့ပြီး ပြည်ပရောက်နေသူများ ပြန်လာခိုင်းရန် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးခြိမ်းခြောက်နေကြောင်း ရေနံချောင်းမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဖေဖော်ဝါရီ လနှောင်းပိုင်းတွင် ရေနံချောင်းမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားသော စစ်မှု ထမ်း ဆင့်ခေါ် စာရင်းသွင်းခိုင်းသည့်စာများကို ပြည်သူများထံသို့ ပေးပို့လာကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော လူငယ်အမျိုးသားများရှိသည့်နေအိမ်တိုင်းကို ပေးပို့ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကို အခြေ ခံ၍ ယင်းစစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခြင်းဖြစ်ပြီး ပြည့်ပရောက်နေသူများရှိပါကလည်း မိဘဆွေမျိုးများက…

  • နေပြည်တော် စစ်ရုံးတွင် နေ့စဉ် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ JOC အစည်းအဝေးများတွင် မင်းအောင်လှိုင်က စိုးဝင်းအပေါ် အော်ဟစ်ဆဲဆိုငေါက်ငမ်းမှုများ မကြာခဏ လုပ်ဆောင်ပြီး အခြားသော ထိပ်တန်းစစ်ဗိုလ်ချုပ်များပါ အပြောအဆိုခံနေရ

    နေပြည်တော် စစ်ရုံးတွင် နေ့စဉ် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ JOC အစည်းအဝေးများတွင် မင်းအောင်လှိုင်က စိုးဝင်းအပေါ် အော်ဟစ်ဆဲဆိုငေါက်ငမ်းမှုများ မကြာခဏ လုပ်ဆောင်ပြီး အခြားသော ထိပ်တန်းစစ်ဗိုလ်ချုပ်များပါ အပြောအဆိုခံနေရ

    by

    in

    နေပြည်တော် စစ်ရုံးတွင် နေ့စဉ် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ JOC အစည်းအဝေးများတွင် မင်းအောင်လှိုင်က စိုးဝင်းအပေါ် အော်ဟစ်ဆဲဆိုငေါက်ငမ်းမှုများ မကြာခဏ လုပ်ဆောင်ပြီး အခြားသော ထိပ်တန်းစစ်ဗိုလ်ချုပ်များပါ အပြောအဆိုခံနေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ နေပြည်တော်စစ်ရုံးတွင် နေ့စဉ် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ JOC (Joint of Command) အစည်းအဝေးများတွင် မင်းအောင် လှိုင်က ဒုစစ်ခေါင်းဆောင် စိုးဝင်းအပေါ် အော်ဟစ်ငေါက်ငမ်းမှုများ မကြာခဏ လုပ်ဆောင်နေပြီး အခြားသော ထိပ်တန်း စစ် ဗိုလ်ချုပ်များပါ အပြောအဆိုခံနေရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ တစ်နိုင်ငံလုံး တော်လှန်ရေးတပ်များနှင့်ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ဆင် ရေးများ၊ စစ်ရေးအခြေအနေများကို အစီရင်ခံသော JOC အစည်းအဝေးများကို နေပြည်တော်၊စစ်ရုံးတွင် နံနက်ပိုင်း အမြဲ ပြုလုပ်ကြောင်း၊ အဆိုပါ…

  • ရေးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၇၀ ခန့် သေဆုံးခဲ့သော ကျုံလောင်းရွာဟောင်း တိုက်ပွဲ မှတ်တမ်း ဗီဒီယို ထုတ်ပြန် (ရုပ်/သံ)

    ရေးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၇၀ ခန့် သေဆုံးခဲ့သော ကျုံလောင်းရွာဟောင်း တိုက်ပွဲ မှတ်တမ်း ဗီဒီယို ထုတ်ပြန် (ရုပ်/သံ)

    by

    in

    ရေးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၇၀ ခန့် သေဆုံးခဲ့သော ကျုံလောင်းရွာဟောင်း တိုက်ပွဲ မှတ်တမ်း ဗီဒီယို ထုတ်ပြန် (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၇၀ ခန့် သေဆုံးကာ ၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း KBDF Drone-တပ်ဖွဲ့မှ ရဲဘော်ပါပီလွန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့က ရေးမြို့နယ် အခြေအစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်းများမှ စစ်သားများ ထုတ်နှုတ်ကာ အင်အားအများအပြားဖြင့် ကျုံးလောင်းရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၃ ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၇၀ ခန့်…