ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်ဂိတ်စခန်း ၇ ခုကို တိုက်ခိုက်မှု စစ် သား ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး၊ မုံရွာ ဗောဓိတစ်ထောင် MRTV အသံ လွှင့် တာဝါတိုင်စခန်းကုန်း ကို သိမ်းပိုက်မှု ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ ရရှိ

by

in

ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်ဂိတ်စခန်း ၇ ခုကို တိုက်ခိုက်မှု စစ် သား ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး၊ မုံရွာ ဗောဓိတစ်ထောင် MRTV အသံ လွှင့် တာဝါတိုင်စခန်းကုန်း ကို သိမ်းပိုက်မှု ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ ရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန် သည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် စစ်တပ်ဂိတ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေ ဆုံးခဲ့ပြီး ၂ ဦးထိခိုက်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ဂိတ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွား‌ရောက်ခြင်းများမပြုကြရန် သတိ ပေးချက် ထုတ်ပြန်ထားသည်။
စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် ၃၇၀၂ တပ်ရင်း၊ အမှတ် ၃၅၀၂ တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း ၇၈၀၃ ၊ ဧရာဝတီစစ်ကြောင်း ၆၀၀၂ ၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ MRTV အသံလွှင့် တာဝါတိုင် (ဗောဓိတစ်ထောင်) စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်း မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ စစ်တပ် လက်အောက်ခံ ရဲအင်အား ၁၇ ဦးဖြင့် ထိန်းချုပ်ထားသော MRTV အသံ လွှင့် တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်) စခန်းကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁၁ ဦး သေဆုံးခဲ့သည်။
ထို့ပြင် စခန်းကုန်းအတွင်းမှ ရဲများကိုင်ဆောင်သောအသုံးပြုသော G-3 အမျိုးအစား သေနတ် ၅ လက်၊ Uzi အမျိုးအစား သေ နတ် ၃ လက်၊ M-79 အမျိုးအအစား သေနတ် ၂ လက်၊ G-3 ကျည် ၂၅၇၀ တောင့်၊ 9mm ကျည် ၂၁၂၈ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ် ၆ ခုနှင့် TV ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခမှ Paramotor ၂ စီး၊ တံတားဦး လေ တပ်မှ Mi-35 ၁ စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် ၁၄ ကြိမ်ခန့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဗောဓိတာကုန်းတာဝါတိုင်စခန်း သိမ်းခံရတာ၊ အောက်ကနေ ပစ်ကူလည်းပေးတယ်၊ အပေါ်ကနေ Mi35 နဲ့ လည်းလာကူတယ်။ ဗောဓိကုန်းနားမှာ ပတ်ဝဲနေတာ။ လက်နက်ကြီးတွေပစ်တာက မြို့ပေါ် ရပ်ကွက်ထဲအထိ ကျတယ်။ ထိခိုက်ပျက်စီးမှုကတော့ မသိရဘူး ၊တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက် ကတော့ ထိ ခိုက်မှုမရှိဘူးလို့ ပြောပါတယ်” ဟု မုံရွာမြို့စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ် ကဲရေးရုံးအဖွဲ့၊ မုံရွာ ခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ်အခြေပြု စုဖွဲ့မှုစစ် ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ် ခုနစ်ခုကို PDFပူးပေါင်းတပ် တိုက်ခိုက်ချေမှုန်း
ရဲခေါင်/People’s Spring

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း (၇)ခုကို တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန​၏ စစ်ရုံးချုပ်က ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်‌‌ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်များနှင့် KNU/KNLA ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက်တွင် တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ​၏ စခန်းများကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲလက်အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂)တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း (၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း(၉)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟု အသိပေးထားသည်။
ထို့အပြင် စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ဂိတ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ပဲ သွား‌ရောက်ခြင်းများမပြုရန် ထုတ်ပြန်ချက်၌ ဖော်ပြသည်။
(ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ် ကောင်စီဂိတ်စခန်း (၇)ခုကို PDFပူးပေါင်းတပ် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – MOD)