Category: News
-
မင်းအောင်လှိုင် တရုတ်မှ ပြန်လာပြီးနောက် ကရင်နီ၊ ရခိုင်နှင့် ရှမ်းမြောက်တို့ တွင် စစ်ကူ အင်အား အလုံးအရင်းဖြင့် ဖြည့်ဆည်းလာ၊ နိုဝင်ဘာလ တာဝန်ချဇယားအရ စစ်လေယာဉ်အတက်အဆင်း များပြားနေ၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နိုင်
မင်းအောင်လှိုင် တရုတ်မှ ပြန်လာပြီးနောက် ကရင်နီ၊ ရခိုင်နှင့် ရှမ်းမြောက်တို့ တွင် စစ်ကူ အင်အား အလုံးအရင်းဖြင့် ဖြည့်ဆည်းလာ၊ နိုဝင်ဘာလ တာဝန်ချဇယားအရ စစ်လေယာဉ်အတက်အဆင်း များပြားနေ၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နိုင် ရန်ကုန်၊ နိုဝင်ဘာ ၁၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံတွင် မဲခေါင်အစည်းအဝေး တက်ရောက်၍ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာပြီးနောက် ကယား(ကရင်နီ)၊ ရခိုင်နှင့် ရှမ်းမြောက်တို့တွင် စစ်ကူအင်အားများ အလုံး အရင်းဖြင့် ဖြည့်ဆည်းလာကြောင်း ဒေသသတင်းရင်းမြစ်များနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲခေါင်အစည်းဝေး တက်ရောက်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပြန် လည် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့၊…
-
ဖလမ်းမြို့သိမ်းတိုက်ပွဲ ခလရ ၂၆၈ မှအပ ကျန်နေရာများကို ချင်းညီနောင်သိမ်းပိုက်ထား ▪︎စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးလက်နက်ချ
ဖလမ်းမြို့သိမ်းတိုက်ပွဲ ခလရ ၂၆၈ မှအပ ကျန်နေရာများကို ချင်းညီနောင်သိမ်းပိုက်ထား ▪︎စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးလက်နက်ချ အိမ်သွင်/People’s Spring ချင်းညီနောင်အဖွဲ့က တိုက်ခိုက်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့စွန်ရှိ အမှတ် ၂၆၈ ခြေ လျင်တပ်ရင်း( ခလရ၂၆၈) မှလွဲ၍ ဌာနဆိုင်ရာရုံးများကိုတိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး လက်နက်ချအလင်းဝင်ကြောင်း သတင်းရရှိသည်။ ” ရဲစခန်းနဲ့ထွေအုပ်ရုံးကို ရထားတာ၂ ရက်ရှိပြီ။ ချင်းရဲဘော်တွေက သတင်းမထုတ်ပြန်သေးတာ။ ကျန်နေတာက ခလရ ၂၆၈။ တိုက်ပွဲကဆက်ဖြစ်နေတယ်။ စစ်ကောင်စီကလည်း ကလေးမြို့ကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာပါ” ဟု ဖလမ်းမြို့မှ စစ်ဘေး ရှောင်တစ်ဦးကပြောသည်။ လက်နက်ချအလင်းဝင်သူ ၄၀ဦးတွင် အရာရှိအချို့ပါဝင်ကြောင်း သိရသော်လည်း ချင်းညီနောင်အဖွဲ့က တရားဝင်သတင်းမထုတ်ပြန်သေး၍ အသေးစိတ်မသိရသေးပေ။တိုက်ပွဲအတွင်း၌ ချင်းညီနောင်အဖွဲ့ထိခိုက်ကျဆုံးမှု အချို့လည်းရှိနေကြောင်း သတင်းရရှိသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို…
-
မင်္ဂလာဒုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း(ဘိုခြံလမ်း) ပေါ်ရှိ ၏ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း (ဘိုခြံလမ်း)ပေါ်ရှိ ရွှေနံံ့သာရပ်ကွက်အုပ်ချုပ်ရေးးမှူးရုံးကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်ကောင်စီလက်အောက်ခံ တချို့ ထိခိုက်မှုအချို့ရှိခဲ့ကြောင်း ၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ “အဲ့ဒီရုံးမှာ စခတွေရယ် စခ နောက်လိုက် လူမိုက်တွေရယ် အမြဲရှိပါတယ်။…
-
တံတားဦးမြို့တွင် စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားလုပ်သားများ အလုပ်သွားရန် အခက်တွေ့
တံတားဦးမြို့တွင် စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားလုပ်သားများ အလုပ်သွားရန် အခက်တွေ့ အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ တံတားဦးမြို့တွင် စစ်ကောင်စီတပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားအလုပ်သမားများ အလုပ်သွားလာရန် အခက်တွေ့နေကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းမှစတင်ကာ တံတားဦးမြို့ပေါ်နှင့် အင်းဝမြို့ဟောင်း၊ ဒုဌဝတီတံတားပေါ်တို့၌ စစ်ကောင်စီတပ်က နာရေးကူညီမှုအသင်းကားများအား ချောဆွဲကာ လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ၇၀ကျော် ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် ယမန်နေ့(နိုဝင်ဘာ ၁၁ ရက်)တွင်လည်း စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးနေ၍ တံတားဦးမြို့နယ်မှ မန္တလေးမြို့သို့ အလုပ်သွားရောက်လုပ်ကိုင်မည့် ပန်းရံ၊ လက်သမား၊ ဆေးသုတ်နေ့စားသမားများ၊ ကုမ္ပဏီဝန်ထမ်းနှင့် အခြားစျေးရောင်းစျေးဝယ်ပြုလုပ်သူများမှာ မသွားရဲတော့ဘဲ အလုပ်ရပ်နားထားရကြောင်း ဒေသခံများက ပြောသည်။ “အလုပ်တောင် မသွားရဲကြတော့ဘူး။ကျွန်တော်တို့ဘက်တွေဆို တစ်ရက် ယောက်ျားလေး…
-
ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉)တိုက်ခိုက်မှု တစ်လေးလုံး ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးဟု မိတ္ထီလာ ပကဖပြော
ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉)တိုက်ခိုက်မှု တစ်လေးလုံး ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးဟု မိတ္ထီလာ ပကဖပြော ▪️ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ပြီး အရာရှိ ၂ဦးအပါအဝင် ၆ဦးထက်မနည်းထိခိုက်၊ Y12 လေယာဥ်နှစ်စီးနှင့် အခြားအဆောက်အအုံများပျက်စီးဟုဆို ဇေအောင်/People’s Spring တစ်လေးလုံး ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးအဖြစ် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့အား ဒရုန်း ၂၄စီးဖြင့်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၆ဦးထက်မနည်း ထိခိုက်ခဲ့ပြီး Y12 လေယာဥ်နှစ်စီးနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ဦးနောင်ချိုက ပြောသည်။ ယမန်နေ့(နိုဝင်ဘာ ၁၁ရက်) နံနက် ၄နာရီကစ၍ စစ်ကောင်စီအဖွဲ့ဝင် အများအပြားစိုးမိုးထိန်းချုပ်ရာမြို့ဖြစ်သော မိတ္ထီလာမြို့ရှိ လကသ (လေကြောင်းအတတ်သင်)အရာရှိအိမ်ရာ၊ခဲယမ်းသိုလှောင်ရုံ၊လထခ(လေကြောင်းထုတ်လုပ်) အရာရှိရိပ်သာနှင့် တပ်မ (၉၉ )ဌာနချုပ်နေရာများအား ဒရုန်း ၂၄ စီးဖြင့်တိုက်ခိုက်ခဲ့ရာ ရှမ်းတဲလေတပ်နှင့်…
-
မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု လူ၂၀ သေဆုံး
မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု လူ၂၀ သေဆုံး အိမ်သွင်/People’s Spring မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် ညက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး လေးဦး စုစုပေါင်း ၂၀ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အတည်ပြုသည်။ မိုးကုတ်မြို့လယ်ဦးရပ်ကွက်၊ လူးထရပ်ကွက်နှင့် မြို့ဦးရပ်ကွက်တို့ကို ယမန်နေ့ည ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် စုစုပေါင်း လူ၂၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၃ဦးတွင် ကလေးငယ်တစ်ဦးပါဝင်သည်ဟု TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)၊PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်၂၄ရက်တွင်သိမ်းယူခဲ့သည်။ မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်…
-
ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကြပ်ထား
ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကြပ်ထား နိုဝင်ဘာ ၁၂၊ ၂၀၂၄ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကြပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲ့လိုအကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်သားတွေ ကင်းလှည့်တာ၊ ကင်းပုန်းဝပ်တာ၊ နယ်မြေရှင်းလင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရခိုင်နယ်စပ်လမ်းကြောင်းနဲ့ နီးတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် AA တွေ ရောက်နေလို့ဆိုတာ အကြောင်းပြချက်ပါ။ အလုပ်ပြနေတဲ့သဘောပဲ။ AA က သူတို့လို ခိုးချောင်ခိုးဝှက်နဲ့ ဝင်ပါ့မလား။ ရှေ့တန်းထွက်ရမှာစိုးလို့ မြို့တွင်းမှာ အလုပ်ပြနေတာ ဖြစ်နိုင်သလို ဒေသခံတွေကို အကြောင်းပြပြီး ငွေညှစ်ဖို့လည်းဖြစ်နိုင်တယ်” လို့ ကျုံပျော်ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။ ရခိုင်ပြည်နယ်ကနေ…
-
ပုလဲမြို့ကို BNRA နဲ့ မဟာမိတ်တွေက တိုက်ခိုက်လို့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်၊ စစ်အုပ်စုက နှစ်ရက်ဆက် လေကြောင်းဗုံးကြဲလို့ ဒေသခံတွေ သေဆုံးမှု ရှိကာ ထွက်ပြေးနေရ၊
ပုလဲမြို့ကို BNRA နဲ့ မဟာမိတ်တွေက တိုက်ခိုက်လို့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်၊ စစ်အုပ်စုက နှစ်ရက်ဆက် လေကြောင်းဗုံးကြဲလို့ ဒေသခံတွေ သေဆုံးမှု ရှိကာ ထွက်ပြေးနေရ၊ မောင်သက်/MFP၊ နိုဝင်ဘာ – ၁၂ စစ်ကိုင်းတိုင်း၊ ပုလဲမြို့က စစ်အုပ်စု အထိုင်စခန်းတွေကို စလို့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA နဲ့ မဟာမိတ် တော်လှန်ရေး တပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်လို့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်နေပြီး စစ်အုပ်စုကလည်း မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို အဆက်မပြတ် လေကြောင်း ဗုံးကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ နိုဝင်ဘာလ ၁၁ရက် မနက်ပိုင်းက…
-
မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်မှု Y-12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရ
မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်မှု Y-12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၁၂ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ရာ Y-12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦ.အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်အစာပိုင်း မိတ္ထီလာ…
-
AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် အမ်း နပခ လက်နက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှု စစ်သား ၁၁ ဦးသေဆုံးဟုဆို၊ အမ်းမြို့တွင် အရပ်သား ပြည်သူ ၃၀၀၀ ကျော် တိုက်ပွဲအကြား ပိတ်မိနေ
AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် အမ်း နပခ လက်နက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှု စစ်သား ၁၁ ဦးသေဆုံးဟုဆို၊ အမ်းမြို့တွင် အရပ်သား ပြည်သူ ၃၀၀၀ ကျော် တိုက်ပွဲအကြား ပိတ်မိနေ ရန်ကုန်| နိုဝင်ဘာ ၁၂ ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နပခ ဌာနချုပ်၏ လက်နက်သိုလှောင်ရုံကို AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်ခွဲခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည် ရှိရာ အမ်းမြို့ နပခရှိ လက်နက်သိုလှောင်ရုံကို AA…