Category: News

  • စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲရိပ်သာကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ ဗုံးပေါက်ကွဲသံကို စမ်းချောင်းမှ ပြည်သူအများစု ကြားသိ

    စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲရိပ်သာကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ ဗုံးပေါက်ကွဲသံကို စမ်းချောင်းမှ ပြည်သူအများစု ကြားသိ

    by

    in

    စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲရိပ်သာကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ ဗုံးပေါက်ကွဲသံကို စမ်းချောင်းမှ ပြည်သူအများစု ကြားသိ ရန်ကုန်၊ မေ ၁၂ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မဟာမြိုင် ရဲ ရိပ်သာကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း Freeland Attack Force – FLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်က စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲဝန်းအတွင်းသို့ ရန်ကုန်မြို့ပြ ပြောက်ကျားရဲဘော်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲတန်း လျား၏ ထိပ်ဆုံးအခန်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ “ထိခိုက်မှုအခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါပဲ၊…

  • Breaking News- ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးဟုဆို

    Breaking News- ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးဟုဆို

    by

    in

    Breaking News- ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးဟုဆို ရန်ကုန်၊ မေ ၁၂ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးကြောင်း ဒီပဲယင်းမြို့နယ်မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူက ပြောဆိုသည်။ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာ​ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး သေ ဆုံးခဲ့ပြီး ကလေးငယ်အများအပြား ထိခိုက်သေဆုံးကြောင်း သိရှိရသည်။ “စာသင်ကျောင်းပေါ် တည့်တည့်ကျဲသွားတာ။ ဆရာမ ၂ ဦးကတော့…

  • စစ်တပ်မှလွဲ၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် ဒေါ်သက်သက်ခိုင် ပြော

    စစ်တပ်မှလွဲ၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် ဒေါ်သက်သက်ခိုင် ပြော

    by

    in

    စစ်တပ်မှလွဲ၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် ဒေါ်သက်သက်ခိုင် ပြော ဧရာဝတီ၊ မေ ၁၁၊ ၂၀၂၅ အပစ်ခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးသို့ ရောက်ရှိစေရန် စစ်တပ်ကလွဲ၍ လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်စွန့်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ယနေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် ပါတီသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။ ၎င်းက “အပစ်ခတ်ရပ်စဲရေးကနေ ထာဝရငြိမ်းချမ်းရေးကိုရောက်အောင် တပ်မတော်ကလွဲပြီး ကျန်လက်နက်ကိုင်အဖွဲ့တွေ လက်နက်စွန့်ဖို့ကြိုးစားကြပါ၊ နိုင်ငံရေးစကားဝိုင်းကို လာကြဖို့ အဓိက ပြောချင်ပါတယ်” ဟု ဆိုသည်။ နိုင်ငံရေးဖြစ်စဉ် မတည်ငြိမ်စေရန်လုပ်ဆောင်သည့်သူများမှာ ပြည်သူ လူထု၊ ပြည်တွင်းရှိနိုင်ငံရေးသမားများ၊ စစ်တပ်နှင့် နိုင်ငံတကာစွက်ဖက်မှုများလည်းပါဝင်နေကြောင်း ပြည်သူများ အမြင်ကျယ်ရန်လိုကြောင်းလည်း ၎င်းက ပြောဆိုသည်။ ထို့ပြင် နိုင်ငံရေးပါတီက အစိုးရဖြစ်လာပြီးမှလုပ်ဆောင်သည့် ရွေးကောက်ပွဲမှာ မသမာမှုဖြစ်ဖို့ အလားအလာရှိပြီး စစ်ကောင်စီ ပြုလုပ်သည့် ရွေးကောက်ပွဲမှာ…

  • ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အားကစားခန်းမတွင် တပ်စွဲထားသော စစ်သားများကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အားကစားခန်းမတွင် တပ်စွဲထားသော စစ်သားများကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    by

    in

    ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အားကစားခန်းမတွင် တပ်စွဲထားသော စစ်သားများကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ရန်ကုန်၊ မေ ၁၂ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၂၉ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေးရှိ အားကစားခန်းမ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၁၀ ရက် ည ၁၀ နာရီ ၃၅ မိနစ်က မြောက်ဒဂုံမြို့နယ်၊ အမှတ် ၂၉ ရပ်ကွက်၊ ပြည် ထောင်စုလမ်းမဘေးရှိ အားကစားခန်းမ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းအားမြင့် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား…

  • PDF က ဖမ်းဆီးစစ်နေသည်ဆိုသော ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်မှာ ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ သတင်းအမှားထုတ်ပြန်ပြီး AAနှင့် ပူးပေါင်းသွားဟု စစ်ကောင်စီက ထုတ်ပြန်

    PDF က ဖမ်းဆီးစစ်နေသည်ဆိုသော ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်မှာ ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ သတင်းအမှားထုတ်ပြန်ပြီး AAနှင့် ပူးပေါင်းသွားဟု စစ်ကောင်စီက ထုတ်ပြန်

    by

    in

    PDF က ဖမ်းဆီးစစ်နေသည်ဆိုသော ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်မှာ ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ သတင်းအမှားထုတ်ပြန်ပြီး AAနှင့် ပူးပေါင်းသွားဟု စစ်ကောင်စီက ထုတ်ပြန် ရန်ကုန်၊ မေ ၁၂ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်ဆိုခြင်းမှာ မှန်ကန်ခြင်းမရှိဘဲ ကထိက ဒေါ်ဝင်းဝင်းအောင်က AA နှင့် ပူးပေါင်းသွားခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ပျောက်ဆုံးနေသည့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်မှာ AA အဖွဲ့အခြေပြုရာ နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများတွင် AA နှင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဒေါ်ဝင်းဝင်းအောင်က AA နှင့် ကြိုတင်ကြံစည်ဆက်သွယ်မှုများရယူခဲ့ပြီးမေလ…

  • မင်းလှနယ်မှစစ်တပ်စခန်းတစ်ခုစွန့်ခွာထွက်​ပြေး၍ ​PDFများရှင်းလင်း ■မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို

    မင်းလှနယ်မှစစ်တပ်စခန်းတစ်ခုစွန့်ခွာထွက်​ပြေး၍ ​PDFများရှင်းလင်း ■မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို

    by

    in

    မင်းလှနယ်မှစစ်တပ်စခန်းတစ်ခုစွန့်ခွာထွက်​ပြေး၍ ​PDFများရှင်းလင်း ■မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို ​မေ-၁၁၊၂၀၂၅။ကဖေး/People’s Spring မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအားရှင်းလင်းနိုင်ခဲ့ပြီး မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် နှစ်လနီးပါးကြာ မြင့်သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၅ဦးခန့် သေဆုံးကြောင်းသာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊P2 3803(Myanmar Defense Force)က သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့အကြား ဧပြီလမှစ၍ စစ်ရေးတင်းမာခဲ့ပြီးနောက် ဧပြီလ ၂၂တွင် ရန်ကုန်-ပြည်လမ်းပေါ်ရှိ ၅၃ထမင်းဆိုင်တွင် ထမင်းစားသောက်နေသည့် စ-စ်ကောင်စီတပ်သားများအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့သေဆုံးခဲ့သည်။ ထို့အပြင် ဧပြီ ၂၂ ရက်​​နေ့တွင်ပင် သာဝတီခရိုင် အမှတ်(၃)တပ်ရင်း၏စနိုက်ပါတပ်စိတ်က စစ်တပ် မှ သာယာဝတီခရိုင်မှူး လိုက်ပါလာသည့်ယာဉ်တန်းအား ပစ်ခတ်ရာ ခရိုင်မှူး၏…

  • မင်းအောင်လှိုင်က မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံရ

    မင်းအောင်လှိုင်က မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံရ

    by

    in

    မင်းအောင်လှိုင်က မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံရ ရန်ကုန်၊ မေ ၁၂ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းနှင့် ၎င်း၏မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံနေရကြောင်း မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားသည့် Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ်…

  • အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်

    အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်

    by

    in

    အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ် ရန်ကုန်၊ မေ ၁၁ ကရင်ပြည်နယ်၊ အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်လိုက်သည်။ မေလ ၁၀ ရက်နေ့တွင် ကရင့်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော် (KNLA) က အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်းအဓမ္ မခိုင်းစေခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ အကျိုးစီးပွားကို ဆက်လက် ကာကွယ်ခြင်းမပြုလုပ်ဘဲ အလင်းဝင်ကြရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ကျည်ဖြုတ်ထားသော သေနတ်အား ခေါင်းကို မြေကြီးအောက်ချ၍ နောက်ကျောတွင်…

  • ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်မှု စစ်သားအလောင်း ၃၀ ခုတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လုံး၊ ဂျန်မာစက် ၃ လုံးနှင့်ခဲယမ်းများ ရရှိ

    ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်မှု စစ်သားအလောင်း ၃၀ ခုတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လုံး၊ ဂျန်မာစက် ၃ လုံးနှင့်ခဲယမ်းများ ရရှိ

    by

    in

    ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ ရုပ်/သံ ထုတ်ပြန် ဧပြီ ၁၁၊ ၂၀၂၅ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ နဂါးဖြူတပ်ရင်း နှင့်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များရဲ့ ခမရ ၅၉၈ စခန်းသိမ်းရုပ်သံဖိုင်လို့ အမည်တပ်ထားတဲ့ အဆိုပါရုပ်သံကို ခမရ ၅၉၈ တပ်ရင်းဌာနချုပ် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က သတင်းထုတ်ပြန်ခဲ့အပြီး ဒီကနေ့ညမှာ ထွက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါ ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များက မေလ ၈ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀…

  • လှည်းကူးရှိ ခမရ(၂၁၁)တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

    လှည်းကူးရှိ ခမရ(၂၁၁)တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

    by

    in

    လှည်းကူးရှိ ခမရ(၂၁၁)တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက် မေ ၁၁၊၂၀၂၅။သတိုး/People’s Spring ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။ “လမ်းကြုံအခွင့်အရေးရတုန်း ဝင်ဆော်ခဲ့တာပါ။လက်ပစ်ဗုံးနှစ်လုံးပါတာတစ်လုံးဘဲပစ်ပြီးပြန် ဆုတ်လာခဲတယ်”ဟု ၎င်းက ပြောသည်။ ခမရ(၂၁၁)တပ်ရင်းဂိတ်ကင်းစခန်းကို မေလ ၁၀ ရက် ညနေ ၆နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။ “ထိခိုက်ဖို့ကတော့ကျိန်းသေတယ်အထဲကိုကွက်တိကျတာ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ Yangon Army အနေဖြင့် မေလ ၃ ရက်ကလည်း အနောက်ပိုင်းခရိုင်ပကဖ နှင့်ပူးပေါင်း၍ တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်။