စစ်ကောင်စီထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့ရွေး ကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်မပြုဖို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သတိ​ပေး ■စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက် ၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခု ရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲ ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူ ညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်​ပြော

by

in

စစ်ကောင်စီထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့ရွေး
ကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်မပြုဖို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သတိ​ပေး
■စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက်
၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခု
ရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲ
ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူ
ညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်​ပြော

ဇွန်-၂၇၊၂၀၂၅။People’s Spring
အာဏာသိမ်းစစ်ကောင်စီကဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ အတု
အယောင် တံလျှပ်တစ်ခုထက် မပိုဘူးလို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်
စားလှယ်က သတိပေး ပြောကြားလိုက်ပါတယ်။
အခုနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပဖို့ လျာထားကြောင်း စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ စစ်ဗိုလ်ချုပ်တွေရဲ့ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေကိုဟန်ဆောင်ဖုံးကွယ်ဖို့နိုင်ငံရေးထွက်ပေါက်
ရှာတာသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်
အရေးကောင်စီညီလာခံမတိုင်ခင်ဇွန်လ၂၅ ရက်
နေ့မှာ တွမ်အန်ဒရူးစ်ကသတိပေးသွားခဲ့ပါတယ်။
စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့အရပ်သားဒီမိုကရေစီအစိုးရဆီကနေ ၂၀၂၁ ခုနှစ်မှာအဓမ္မအာဏာသိမ်းခဲ့တာဖြစ်ပြီးဒီမိုကရေ
စီ အစိုးရ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်း
သားအများအပြားကိုဖမ်းဆီးအကျဉ်းချထားပါ
တယ်။
အန်ဒရူးစ်ကအတိုက်အခံတွေကိုဖမ်းဆီး၊ အကျဉ်း
ချ၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ အခြေအနေမျိုး၊ ဂျာနယ်လစ်တွေက အမှန်တရားကို သတင်းဖော်ပြခြင်းကဥပဒေချိုးဖောက်မှုဖြစ်နေတဲ့ အခြေ
အနေမျိုး၊ ပြည်သူတွေကစစ်ခေါင်းဆောင်တွေကို ဝေဖန်ပိုင်ခွင့် တားမြစ်ပိတ်ပင် ခံထားရတဲ့ အခြေ
အနေမျိုးမှာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပလို့ မရကြောင်း ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကိုနှစ်ကုန်ပိုင်း၊ ဒါမှမဟုတ်လာမယ့် နှစ်ဆန်းပိုင်းမှာ ကျင်းပမယ်လို့ ပြောထားပေမယ့် အန်ဒရူးစ်ကတော့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အဲဒီ အစီအမံဟာ ဟန်ဆောင်မှု၊ လိမ်လည်လှည့်စားမှု တစ်ခုလို့ နားလည် သတ်မှတ်ထားသင့်တယ်လို့ သူက သတိပေးခဲ့ပါတယ်။
စစ်ကောင်စီဟာဆက်ပြီးတည်တံ့ရပ်တည်ဖို့ လက်
နက်၊ငွေကြေးနဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက် သုံး
ခုရှိကြောင်း၊ အဲဒီအရာတွေ စစ်ကောင်စီကို မပေး
အပ်ဘဲ ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကို ကူညီနိုင်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
သူကစစ်ကောင်စီဟာနိုင်ငံတကာဆီကဖိအားတွေ မြင့်တက်လာချိန်မှာ ထွက်ပေါက်ရှာဖို့ သက်သက်ပဲ ရွေးကောက်ပွဲကို စီစဉ်နေတာလို့ စွပ်စွဲခဲ့ပြီး နိုင်ငံ
တကာအသိုက်အဝန်းကစစ်ကောင်စီရဲ့အကြံအ
စည်ကို အသိအမှတ်မပြုဖို့အရမ်းအရေးကြီးတယ်
လို့လည်း သတိပေးသွားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တံလျှပ်လိုမျိုး အစစ်အမှန် မဟုတ်တဲ့ ရွေးကောက်ပွဲ တစ်ခုကို ကျင်းပပြီး တရားဝင်မှုရှိတဲ့ အရပ်သား အစိုးရတစ်ရပ် အာဏာရလာပါတယ် ဆိုတာမျိုး လုပ်ကြံဖန်တီးချင်ရုံ သက်သက်သာဖြစ်တယ်လို့လည်းအန်ဒရူးစ်ကသတိ​ပေးပြော
ကြားသွားပါတယ်။
ကိုးကာ- Yeni Safak
(ဓါတ်ပုံ-AFP )