Category: News
-
စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ တချို့ က လုပ်ငန်းများ တရားဝင် ရပ်နား
စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ တချို့ က လုပ်ငန်းများ တရားဝင် ရပ်နား ရန်ကုန်၊ နိုဝင်ဘာ ၆ အကြမ်းဖက် စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ ရွှေကုန်သည်တချို့ မှာမူ လုပ်ငန်းများ ယာယီရပ်နားလိုက်ကြကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ရွှေရောင်းဝယ်ခြင်းကို အရေးကြီးဝန်ဆောင်အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီး ရွှေစျေးနှုန်းကိုလည်း စစ်ကောင်စီက ဖွဲ့စည်းထားသော ရွှေစျေးနှုန်းသတ်မှတ်ရေးကော်မတီက နေ့စဉ် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ လိုင်စင်များကိုလည်း ရွှေဆိုင်နှင့် ရွှေကုန်သည်များအားလုံး ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း၊ လိုင်စင်မရှိဘဲ ရွှေအရောင်းအဝယ် ခွင့်ပြုမည်မဟုတ်ဘဲ အရေးကြီးကုန်စည်နှင့်…
-
တောင်ကုတ်မြို့နယ်၊ ပန်းမြောက်တောင် စစ်တပ်အမြောက်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်
တောင်ကုတ်မြို့နယ်၊ ပန်းမြောက်တောင် စစ်တပ်အမြောက်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက် ရန်ကုန်| နိုဝင်ဘာ ၆ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တပ်မနှင့် ၃ မိုင်ကျော်သာဝေးသည့် ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ကစ၍ ပန်းမြောက်တောင် အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ကြောင်း ဒေသခံ စစ်ရေးအခြေအနေ သိသူတစ်ဦးက ပြောသည်။ ” AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက လေကြောင်းကနေ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဗုံးအလုံး အများအပြားနဲ့…
-
ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် စစ်သားသစ်စုဆောင်းပြီး တော်လှန်ရေးတပ်ဖွဲ့များ သတင်း စုံစမ်းနေသော ကျော်မင်းထွန်း(ခ) ဖိုးနီ ပစ်ခတ်ခံရပြီး သေဆုံး ၊ “မင်းတို့မှာ PDF ရှိသလို ငါ့မှာလည်း ဘဘမင်းအောင်လှိုင်စစ်တပ်ရှိတယ်” ဟု ဖိုးနီက ပြည်သူများကို ခြိမ်းခြောက်ခဲ့
ရန်ကုန်၊ နိုဝင်ဘာ ၆ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် စစ်သားသစ်စုဆောင်းပြီး တော်လှန်ရေးတပ်ဖွဲ့များ သတင်း စုံစမ်းနေသော ကျော်မင်းထွန်း(ခ) ဖိုးနီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် သဖန်းကိုင်းအုပ်စု ကံကလေးကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို စုံစမ်းနေသော ကျော်မင်းထွန်း(ခ)ဖိုးနီကို ကံကလေးရွာနှင့်ဘန်းမွေးပြန်ရွာအကြား ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁PPDFတပ်ရင်း တပ်ခွဲ ၅ က ပစ်ခတ်ရာမှ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည် ။ သေဆုံးသူ ဖိုးနီက အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်း၊ နွေဦးတော်လှန်ရေး…
-
KNU နှင့် PDF များပူးပေါင်း၍ စစ်တပ်ကို ရန်သူအဖြစ် ပြတ်ပြတ်သားသား တိုက်ခိုက်ရှင်းလင်းနေပြီး စစ်ဆင်ရေးစီမံချက်အရ တပ်အရွှေ့အပြောင်းများ လုပ်နေပြီဟု KNU အတွင်းရေးမှူး ပြောဆို
KNU နှင့် PDF များပူးပေါင်း၍ စစ်တပ်ကို ရန်သူအဖြစ် ပြတ်ပြတ်သားသား တိုက်ခိုက်ရှင်းလင်းနေပြီး စစ်ဆင်ရေးစီမံချက်အရ တပ်အရွှေ့အပြောင်းများ လုပ်နေပြီဟု KNU အတွင်းရေးမှူး ပြောဆို 🟥 အကြမ်းဖက်စစ်တပ်က ပြည်သူများအပေါ် လုံး၀ စစ်ပွဲအဖြစ် ပစ်မှတ်ထား တိုက်ခိုက်နေ ရန်ကုန်၊ နိုဝင်ဘာ ၆ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေများမှ PDF များ ပူးပေါင်း၍ စစ်ကောင်စီကို ရန်သူအဖြစ် ပြတ်ပြတ်သားသားတိုက်ခိုက်ချေမှုန်းရှင်းလင်းမှုများ ဆောင်ရွက်နေပြီး စစ်ရေးအရ ပူး ပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြည်သူများကို အသိပေးပြောဆိုသည်။ ယမန်နေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့၏…
-
စစ်အာဏာသိမ်းမှု အမြန်အဆုံးသတ်ပြီး ပြည်ထောင်စုတည်ဆောက်ရေး လက်တွေ့ထင်ဟပ်သည့် ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်နေဟု NUG ပြော ▪️ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်စနစ်ကျင့်သုံးရန် NUG၏ မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့များ ကြိုးပမ်း
စစ်အာဏာသိမ်းမှု အမြန်အဆုံးသတ်ပြီး ပြည်ထောင်စုတည်ဆောက်ရေး လက်တွေ့ထင်ဟပ်သည့် ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်နေဟု NUG ပြော ▪️ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်စနစ်ကျင့်သုံးရန် NUG၏ မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့များ ကြိုးပမ်း ▪️စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲ ပဋိပက္ခကို ပိုပြင်းထန်လာစေနိုင်ကြောင်း ထပ်လောင်း သတိပေး ဟန်နွေ/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ပူးပေါင်းလုပ်ဆောင်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်အာဏာရှင်စနစ်အလွန် ပြည်ထောင်စုသစ် ပြန်လည်တည်ဆောက်မည့် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း အသိပေးခဲ့သည်။ ထိုသို့ အသိပေးရာတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်၊ CNF တွဲဖက်အတွင်းရေးမှူး ဆလိုင်းထက်နီတို့က ရှင်းလင်းပြောကြားခဲ့သည်။ စစ်အာဏာသိမ်းမှု အမြန်ဆုံးအဆုံးသတ်နိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံနိုင်မည့် အထူးသဖြင့်…
-
ရန်ကုန်ရှိ မင်္ဂလာဒုံလေတပ်ကို ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ နေပြည်တာ်တွင်လည်း အသေခံဒရုန်းဖြင့် စစ်ကောင်စီ၏အေလာလေတပ်နေရာများကို တိုက်ခိုက်
ရန်ကုန်ရှိ မင်္ဂလာဒုံလေတပ်ကို ယမန်နေ့ညပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ နေပြည်တာ်တွင်လည်း အသေခံဒရုန်းဖြင့် စစ်ကောင်စီ၏အေလာလေတပ်နေရာများကို တိုက်ခိုက် ရန်ကုန်၊ နိုဝင်ဘာ ၆ ရန်ကုန်မင်္ဂလာဒုံလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ယမန်နေ့ညပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲမှု တချို့ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်၊ မင်္ဂလာဒုံလေတပ်သို့ ရှော့တိုက်ဒုံး ပစ်ခတ်သံနှင့်အတူ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုမှာ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပထမ ပေါက်ကွဲမှုမှာ အနီးပတ်ဝန်းကျင်ရှိ နေအိမ်များ တုန်ခါသည်အထိ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ “မနေ့ည ၁၁ နာရီ ၃၅ မိနစ်မှာ လေတပ်နားက…
-
တရုတ်ဘက်မှ စက်သုံးဆီ ပြန်လည်သွင်းခွင့်ရရှိရန် စစ်ကောင်စီ သွားရောက်ညှိနှိုင်း ဟုဆို
တရုတ်ဘက်မှ စက်သုံးဆီ ပြန်လည်သွင်းခွင့်ရရှိရန် စစ်ကောင်စီ သွားရောက်ညှိနှိုင်း ဟုဆို ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၄ ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်မှ စတင်ပြီး တရုတ်အစိုးရက မြန်မာဘက်သို့ တင်ပို့နေသော ကုန်ပစ္စည်းများကို ပိတ်ထားခဲ့ရာစက်သုံးဆီ ပြန်လည် တင်သွင်းခွင့်ရရှိရန် စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတာဝန်ရှိသူများက ယူနန်ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ မူဆယ်နယ်စပ် ကုန်သည်ကြီးတဦးက “အောက်တိုဘာ ၂၉၊ ၃၀ ရက်လောက်ကပေါ့။ စီးပွားကူးသန်းရဲ့ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ဖိုရမ်တခုမှာ တက်ရင်း ညှိနှိုင်း ဆောင်ရွက်တာရှိတယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး တရုတ်က ပြန်ရောင်းချပေးဖို့ပေါ့။ နယ်စပ်ဒေသအသုံးအတွက်ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။ စစ်ကောင်စီ ဒေါ်လာငွေအခက်အခဲကြောင့် တရုတ်-မြန်မာနယ်စပ်မှ စက်သုံးဆီ တင်သွင်းခြင်းကို ခွင့်ပြုထားရာမှ…
-
မင်းအောင်လှိုင် ၏ တရုတ်ခရီးစဉ် နိုင်ငံတော် အဆင့် မဟုတ်ဆိုသော သတင်းစကားရရှိပြီး မြောက် ပိုင်းမဟာမိတ်များအပေါ် တရုတ်၏ဖိအားပေးမှု အကျိုးမရှိနိုင်ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို
မင်းအောင်လှိုင် ၏ တရုတ်ခရီးစဉ် နိုင်ငံတော် အဆင့် မဟုတ်ဆိုသော သတင်းစကားရရှိပြီး မြောက် ပိုင်းမဟာမိတ်များအပေါ် တရုတ်၏ဖိအားပေးမှု အကျိုးမရှိနိုင်ဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို ရန်ကုန်၊နိုဝင်ဘာ ၅ အကြမ်းဖက်မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်သည် နိုင်ငံတော်အဆင့် ခရီးစဉ်မဟုတ်ဘဲ ပြည်နယ်အဆင့်တွင် ပြုလုပ်သည့် ဒေသတွင်း စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ ပူးတွဲ သတင်း စာရှင်းလင်းပွဲတွင် ၎င်းက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အကြောင်းကို NUG အနေဖြင့် ကြိုတင်သိရှိခဲ့ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဆီကို လိပ်မူပြီး ပြန်လည်စဉ်းစားရန် သုံးသပ်ရန်…
-
မင်းအောင်လှိုင် တရုတ်ခရီးစဥ် နေပြည်တော်လေဆိပ်၌ ဗုံးကွဲမှု ဘယ်သူ့လက်ချက်လဲ
မင်းအောင်လှိုင် တရုတ်ခရီးစဥ် နေပြည်တော်လေဆိပ်၌ ဗုံးကွဲမှု ဘယ်သူ့လက်ချက်လဲ သျှမ်းသံတော်ဆင့်၊ ၂၀၂၄ နိုဝင်ဘာ ၅ ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသည့် ယနေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် လေဆိပ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။ တရုတ်နိုင်ငံတွင် မနက်ဖြန် ကျင်းပမည့် မဟာမဲခေါင်နှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ယနေ့ နံနက် ၈ နာရီတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဝန်ကြီးများအဖွဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းရှိ စစ်တပ် လေဆိပ် ဘက်မှ MAI အထူး လေယာဥ်နှင့် ထွက်ခွာပြီးနောက် မိနစ် ၂၀ ခန့် အကြာတွင်…
-
ကန့်ဘလူ၊ ကာဘိုးရွာ အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက အနီးအနားကျေးရွာများမှ ပြည်သူ ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီး
ကန့်ဘလူ၊ ကာဘိုးရွာ အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက အနီးအနားကျေးရွာများမှ ပြည်သူ ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီး ရန်ကုန်၊ နိုဝင်ဘာ ၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားကျေးရွာများမှ ပြည်သူ ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်၍ ကာဘိုးရွာ အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျီစုရွာ၊ ကျောက်တိုင်ရွာနှင့် အိုင်ပေါင်းချာရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျီစုရွာနှင့် ကျောက်တိုင်ရွာမှ နေအိမ် ၇၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယင်း အကြမ်းဖက်…