စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ တချို့ က လုပ်ငန်းများ တရားဝင် ရပ်နား

by

in

စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ တချို့ က လုပ်ငန်းများ တရားဝင် ရပ်နား
ရန်ကုန်၊ နိုဝင်ဘာ ၆
အကြမ်းဖက် စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ ရွှေကုန်သည်တချို့ မှာမူ လုပ်ငန်းများ ယာယီရပ်နားလိုက်ကြကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ရွှေရောင်းဝယ်ခြင်းကို အရေးကြီးဝန်ဆောင်အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီး ရွှေစျေးနှုန်းကိုလည်း စစ်ကောင်စီက ဖွဲ့စည်းထားသော ရွှေစျေးနှုန်းသတ်မှတ်ရေးကော်မတီက နေ့စဉ် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ လိုင်စင်များကိုလည်း ရွှေဆိုင်နှင့် ရွှေကုန်သည်များအားလုံး ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း၊ လိုင်စင်မရှိဘဲ ရွှေအရောင်းအဝယ် ခွင့်ပြုမည်မဟုတ်ဘဲ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
“အခု ရွှေကုန်သည်တော်တော်များများ လိုင်စင်မလျှောက်ကြသေးဘူး။ လျှောက်တဲ့အရေအတွက် နည်းပါတယ်။ လိုင်စင်ရဖို့ကလည်း အင်မတန်ခက်သလို အခွန်ကင်းရှင်းကြောင်း ထောက်ခံစာရယူရမယ်။ နောက်တစ်ခါ ထွေ/အုပ်၊ ရဲနဲ့ ရွှေသင်းတွေရဲ့ ထောက်ခံချက်တွေလည်း လိုမယ်။ ပိုင်ဆိုင်မှု အထောက်အထားတွေကိုလည်း စိစစ်မယ်ဆိုတော့ တော်တော်တင်းကျပ်တဲ့သဘောဖြစ်နေတယ်။ တချို့ကတော့ စောင့်ကြည့်နေသေးတယ်။ တချို့ကတော့ လုပ်ငန်းတွေ ရပ်နားတယ်။ တချို့တွေတော့ ပြည်ပကို အပြီးထွက်ဖို့ ရောင်းတာရောင်း လုပ်နေတာလည်း မြင်ရပါတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။
အလားတူပင် စစ်ကောင်စီက သတ်မှတ်ကြေညာလိုက်သော ရွှေရောင်းဝယ်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များတွင် ကံစမ်းမဲများပေး၍ စျေးနှုန်းတက်နိုင်သည့် အလားသဏ္ဍန်ဆောင်သော နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုရ ဆိုသော အချက် ထည့်သွင်းထားရာ ရွှေဆိုင်များလည်း မည်သို့ မည်ပုံ ရောင်းဝယ်ရမည်ကို အခက်တွေ့နေကြောင်း သိရှိရသည်။
“တားမြစ်ချက်မှာ ကံစမ်းမဲပေးပြီး ရွှေရောင်းမြှင့်တင်တာကို ခွင့်မပြုထားဘူး။ အဲဒီအချက်က မရှင်းလင်းတဲ့အပြင် လက်ရှိ ရွှေအရောင်းအဝယ်အားလုံးက ကံစမ်းမဲပေးပြီး မြှင့်တင်နေရတာ။ ကံစမ်းပွဲလုပ်တော့ ရွှေစျေးနှုန်းအပေါ်မှာ စျေးတင်တာမျိုးမရှိပေမယ့် ကုန်ကျစရိတ်နဲ့ ကံစမ်းမဲ ဖောက်ပေးတဲ့ ဆုအတွက် စျေးနည်းနည်းတော့ တင်ရတာပဲ။ အဲဒါကို မလုပ်ရဘူးဆိုတော့ ရွှေဆိုင်တွေလည်း အတော်အခက်တွေ့ကုန်တယ်” ဟု ရန်ကုန်မြို့၊ လသာမြို့နယ်မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ထို့ပြင် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို မန္တလေးလေဆိပ်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွင့်မပေးဘဲ ပတ်စ်ပို့သိမ်းပြီး အိမ်ပြန်ခိုင်းသည့် သတင်းကလည်း ရွှေကုန်သည်များအကြား ရိုက်ခတ်မှု ကြီးမားနေပြီး ပြည်ပထွက်ရန် ပြင်ဆင်နေသော ရွှေကုန်သည်တချို့ စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။
“အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ပြည်ပထွက်ခွင့် အပိတ်ခံရတော့ ကျန်တဲ့ ရွှေဆိုင်ပိုင်ရှင်တွေလည်း စိုးရိမ်ကြတယ်။အဓိက ကျန်းမာရေးအတွက် ပြည်ပကို ထွက်ကြတာ။ တချို့ ရွှေသမားတွေကတော့ သားသမီး ပညာရေးနဲ့ အနာဂတ်အလားအလာအတွက် ပြည်ပကို အပြီးရွှေ့ဖို့ပြင်ကြတာ။ အဲဒီလူတွေလည်း အတော်ကို အကျပ်ရိုက်ကုန်တယ်။ ဘာဆက်လုပ်ရမလဲ မသိဖြစ်ကုန်တာ” ဟု ရန်ကုန်ရွှေကုန်သည်က ဆက်လက်ရှင်းပြသည်။
အကြမ်းဖက် စစ်ကောင်စီက လိုင်စင်ရယူထားခြင်းမရှိသော ရွှေအရောင်းအဝယ်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ ထောင်ဒဏ် ၃ နှစ်နှင့်ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ကြေညာထားပြီး လိုင်စင်ရယူခြင်းမပြုဘဲ ရွှေအရောင်းအဝယ် မလုပ်ရန်လည်း ထပ်မံ၍ သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရန်ကုန်မှ အကယ်ဒမီရွှေတုံးအရောင်းဆိုင်။

.
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ – ၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၄၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၆၄၂၂၀၈ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး – ၄၅၀၀ ကျပ်
ဝယ်ဈေး – ၄၄၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး – ၃၄၂၀ ကျပ်
ဝယ်ဈေး – ၃၃၅၅ ကျပ်
-ယူရို
ရောင်းဈေး – ၄၈၇၀ ကျပ်
ဝယ်ဈေး – ၄၇၄၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး – ၁၃၃.၃၃ ကျပ်
ဝယ်ဈေး – ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး – ၁၀၃၅ ကျပ်
ဝယ်ဈေး – ၁၀၀၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး – ၆၃၅ ကျပ်
ဝယ်ဈေး – ၆၁၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး – ၂၉.၄၇ ကျပ်
ဝယ်ဈေး – ၂၈.၇၀ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး – ၅၃.၃၃ ကျပ်
ဝယ်ဈေး – ၅၁.၉၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး – ၃.၂၈ ကျပ်
ဝယ်ဈေး – ၃.၁၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး – ၅၈၅၀ ကျပ်
ဝယ်ဈေး – ၅၇၀၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး – ၂၉၇၀ ကျပ်
ဝယ်ဈေး – ၂၈၉၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး – ၃၂၅၅ ကျပ်
ဝယ်ဈေး – ၃၁၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး – ၅၈၁ ကျပ်
ဝယ်ဈေး – ၅၆၆ ကျပ်
-ယူအေအီး
ရောင်းဈေး – ၁၂၃၅ ကျပ်
ဝယ်ဈေး – ၁၂၀၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။