-
ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်
ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ် ဇူလိုင် ၂၊ ၂၀၂၅ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံမှုမှာ မကွေးတိုင်း စစ်ဆင်ရေးစီမံချက်နဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကျောင်းသားလက်ရုံးတပ်တော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းတွေကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေကို မျှဝေအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့…
-
စစ်တပ် စစ်ကြောင်းတွေ နောင်ချိုနဲ့ ပိုနီးလာ ■ပြင်ဦးလွင်ကလာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့တိုးလာ ■ကိုးကန့်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်
စစ်တပ် စစ်ကြောင်းတွေ နောင်ချိုနဲ့ ပိုနီးလာ ■ပြင်ဦးလွင်ကလာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့တိုးလာ ■ကိုးကန့်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဇူလိုင် ၂၊ ၂၀၂၅။ People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက အုမ္မခါးရွာအထိရောက်လာပြီး နောင်ချိုမြို့နဲ့ နီးကပ်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။ “အခုက မြို့တောင်ဘက်မှာလည်း မျက်ချင်းနုမှာ တိုက်ပွဲတွေချနေတယ်။အခု နောင်ချိုကနေကို လက်နက်ငယ်သံတွေ ကြားနေရတဲ့အထိ ဖြစ်နေပြီ။ ပြင်ဦးလွင်လမ်းပိုင်းကလည်း အုမ္မခါးရောက် လာတယ်”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီကနေ့(ဇွန်လ ၂ရက်)မှာလည်း ညနေ ၄နာရီလောက်ကစပြီး မျက်ချင်းနုရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ နောင်ချိုမြို့နယ်မှာအုမ္မခါး၊ မျက်ချင်းနု၊ လုံစံနဲ့ ကျောက်တောကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့…
-
ရွှေပြည်သာ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွားအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ စစ်ကောင်စီက ထောင်နှင့်ချီသော နေအိမ်များကို ၈ ရက်အတွင်း ဖယ်ခိုင်းနေပြီး ဂရန်ရှိအိမ်ခြံမြေဝင်းများပါ ဖျက်သိမ်းရန် ခြိမ်းခြောက်ဖိအားပေးနေ
ရွှေပြည်သာ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွားအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ စစ်ကောင်စီက ထောင်နှင့်ချီသော နေအိမ်များကို ၈ ရက်အတွင်း ဖယ်ခိုင်းနေပြီး ဂရန်ရှိအိမ်ခြံမြေဝင်းများပါ ဖျက်သိမ်းရန် ခြိမ်းခြောက်ဖိအားပေးနေ ရန်ကုန်၊ ဇူလိုင် ၂ ရန်ကုန်တိုင်း၊ ရွှေပြည်သာ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွားအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ ထောင်ချီသော နေအိမ်များကို ၈ ရက်အတွင်း ဖယ်ခိုင်းနေပြီး ဂရန်ရှိ အိမ်ခြံမြေဝင်းများကိုပါ စစ်ကောင်စီက ဖျက်သိမ်းရန် ခြိမ်းခြောက်ဖိအားပေးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ စစ်ကောင်စီက ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့မည်ဖြစ်၍ လမ်းနယ်နယ်မိတ်နှင့် မလွတ်သော နေအိမ်များ၊…
-
သန်လျင်မြို့နယ်၌ ဖမ်းဆီးခံထားရသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်နေ
သန်လျင်မြို့နယ်၌ ဖမ်းဆီးခံထားရသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်နေ ဇူလိုင်-၂၊၂၀၂၅။သတိုး/People’s Spring စစ်ကောင်စီက သန်လျင်မြို့နယ်၌ ယနေ့ နံနက်တွင် ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်ကြောင်း တော်လှန်အင်အားစုများကပြောသည်။ “အင်္ကျီအဖြူနဲ့ ကောင်က ချစ်ဇင်လင်း၊တောထဲမှာ အာဏာ ငွေကြေး အလွဲသုံးစားလုပ် ရဲဘော်တွေကို နှိပ်စက်ညှင်းပန်းပြီး စကစ ဆီမှာ ပြည်သူတွေ လှူတဲ့ လ-နတွေနဲ့ သူ့လူတွေခေါ်ပြီး အလင်း ဝင်ထားတာ ကြာပြီ ။မြို့ပေါ်က ကျန်ခဲ့တဲ့ ရဲဘော် မိသားစုဝင် တွေကိုတောင်ခြိမ်းခြောက်ခဲ့တဲ့ကောင် ၊ဘေးကသူ့မိန်းမ ထောက်ပို့ အမည်ခံပြီး လိမ်နေရင်း အဖမ်းခံရလို့ကယ်တာ တလရသစ္စာဖောက်ကောင် ဖောက်ပြန်ရေးသမားတွေ၊ဘာမှသနားစရာ စောက်ကြောင်းမရှိဘူး ” ဟု ရဲဘော်တစ်ဦးက စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် ဓာတ်ပုံနှင့်အတူရေးသားထားသည်။ ယင်းအဖွဲ့သည် ၂၀၂၃ ဇူလိုင်လတွင် လက်နက် ၊…
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းနှစ်ဇွန်း
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းနှစ်ဇွန်း” နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပေါက်ကြားမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အရေးကြီးအချက်အလက်တွေ ပါလာတာတွေ့ရပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နေမထွက်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုဝင်ရောက်စီးနင်းမှုအကြောင်း၊ CRPH ဖွဲ့ဖို့ ကြိုပြင်ခဲ့လား၊ PDF က လက်နက်ကိုင်တော်လှန်တာ သိလားဆိုတဲ့ မေးခွန်းတွေအကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကင်မရာကတဆင့် မိနစ်အလိုက်စောင့်ကြည့်ခံနေရတဲ့ အကြောင်းတွေဖြစ်ပါတယ်။ ဒီအကြောင်းတွေ ဘယ်လောက်ခိုင်မာမှုရှိလဲဆိုတာကို ဘီဘီစီက စုံစမ်းရေးသားထားပါတယ်။ ဒီမှတ်တမ်းတွေထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့လယ်စာမှာ ထမင်းနှစ်ဇွန်းပဲ စားတယ်ဆိုလို့ ဆိုထားပြီး ထောင်ဇာတ်လမ်းတစ်ခုကို ညွှန်းဆိုနေပါတယ်။ နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပေါက်ကြားမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အရေးကြီးအချက်အလက်တွေ ပါလာတာတွေ့ရပါတယ်။ သူ့ကို မိနစ်အလိုက်စောင့်ကြည့်ထားတဲ့မှတ်တမ်း၊ ဂါးဒီးယန်းသတင်းဌာနက ထုတ်လိုက်တဲ့ တရားခွင်ဗီဒီယိုနဲ့…
-
လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှု ပြန်လည် ဖမ်းဆီးရရှိဟုဆို
လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှု ပြန်လည် ဖမ်းဆီးရရှိဟုဆို ရန်ကုန်၊ ဇူလိုင် ၂ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှုမှ လွတ်မြောက်သွားသူနှင့် ကယ်ထုတ်သွားသူများကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင် အရေးပေါ် နာမကျန်းဖြစ်၍ လှိုင်သာယာမြို့နယ်ဆေးရုံသို့ ဒုရဲအုပ် ၂ ဦးက ခေါ်ဆောင်လာကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂…
-
စစ်ကောင်စီက BGF ခေါင်းဆောင်ဗိုလ်မှူးကြီး စောချစ်သူပိုင် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်း
စစ်ကောင်စီက BGF ခေါင်းဆောင်ဗိုလ်မှူးကြီး စောချစ်သူပိုင် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်း ဇွန်-၁၊၂၀၂၅။ရဲခေါင်/People’s Spring စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏ မိသားစုဝင်များပိုင် ချစ်လင်းမြိုင်ကုမ္ပဏီကို စစ်ကောင်စီကအမည်ပျက်စာရင်းကြေညာသည်။ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်ဖြစ်သော ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသဖြင့်ဆိုကာ အမည်ပျက်စာရင်းသွင်းသည့် ကုမ္ပဏီ ၁၉၇ ခု တွင် BGFပိုင်ချစ်လင်းမြိုင်ကုမ္ပ ဏီကိုပါစစ်ကောင်စီ၏ ဗဟိုဘဏ်က ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ကြေညာချက်အရ CHIT LINN MYAING TOYOTA COMPANY LIMITED ၏ဒါရိုက် တာအဖွဲ့ဝင်အမည်တွင် ဦးစံမြင့်(ဗိုလ်မှူးကြီးစောချစ်သူ)၊ ၎င်း၏ သမီး ဒေါ်နန်းနှင်းနန္ဒာအေး၊သားဖြစ်သူ ဦးစောချစ်ချစ် နှင့် ဦးစောထူးအယ်မှူး၊ BGF ဗိုလ်မှူးကြီး ဦးစောမင်းမင်းဦး၊ဦးထိုက်မောင်…
-
ဖားဆောင်းမြို့ ခလရ ၁၃၄ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင် အရာရှိနှင့်စစ်သည်များအပါအဝင် စစ်သုံ့ပန်း ၅၀ ထက်မနည်း ဖမ်းဆီးရရှိပြီး ဖားဆောင်းမြို့တစ်ခုလုံးကို သိမ်းပိုက်ရရှိရန် နီးစပ်လာ
ဖားဆောင်းမြို့ ခလရ ၁၃၄ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင် အရာရှိနှင့်စစ်သည်များအပါအဝင် စစ်သုံ့ပန်း ၅၀ ထက်မနည်း ဖမ်းဆီးရရှိပြီး ဖားဆောင်းမြို့တစ်ခုလုံးကို သိမ်းပိုက်ရရှိရန် နီးစပ်လာ ရန်ကုန်၊ ဇူလိုင် ၂ ကရင်နီပြည်၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၅၀ ထက်မနည်း ဖမ်းဆီးရရှိထားကြောင်း ကရင်နီတော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၂၆ ရက်နေ့မှ စ၍ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်း ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုရက်ပိုင်းအတွင်း အဆိုပါ တပ်ရင်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကျန်ရှိနေသော ခလရ ၁၃၅ တပ်ရင်းကို ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရ…
-
စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုအတွင်း လုံ လောက်သော ဆေးဝါးကုသမှု မရရှိ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အသက်အန္တရာယ် NUG စိုးရိမ်
စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုအတွင်း လုံ လောက်သော ဆေးဝါးကုသမှု မရရှိ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အသက်အန္တရာယ် NUG စိုးရိမ် ရန်ကုန်၊ ဇူလိုင် ၂ အကြမ်းဖက် စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုအတွင်း လုံ လောက်သော ဆေးဝါးကုသမှု မရရှိ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အသက်အန္တရာယ်ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUGက စိုး ရိမ်ကြောင်း NUG ၏ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယမန်နေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၃/၂၀၂၅ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသော သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အတွက် လုံလောက်သော ဆေးဝါးကုသမှု ရရှိမနေကြောင်း၊…
-
လှိုင်သာယာတွင် ရဲစခန်းထဲ ဖမ်းခံထားရသူကို ရုပ်ရှင်ဆန်ဆန်ကယ်ထုတ်ခဲ့ပြီးနောက် ပြန်လည်ဖမ်းမိသွားခဲ့
လှိုင်သာယာတွင် ရဲစခန်းထဲ ဖမ်းခံထားရသူကို ရုပ်ရှင်ဆန်ဆန်ကယ်ထုတ်ခဲ့ပြီးနောက် ပြန်လည်ဖမ်းမိသွားခဲ့ AAMIJ / ဇွန် ၂ ယမန်နေ့ည ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခွဲခန့်ကလှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရဲစခန်းထဲတွင် ၅၀(ည)ဖြင့် ဖမ်းဆီးခံထားရတဲ မဇုန်ပွင့်လှိုင်ကို လူတစ်စုမှ ကယ်ထုတ်သွားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်မှ ဖော်ပြခဲ့ပါတယ်။ မဇွန်ပွင့်လှိုင်ကို ရဲစခန်းမှ လှိုင်သာယာဆေးရုံသို့ အရေးပေါ် ဆေးခန်းပြရန် စစ်တပ်လမ်းကြောင်းဖြင့်ပို့ဆောင်နေချိန် စက်မှုဇုန် ၂၊ မင်းကြီးမဟာမင်းခေါ် လမ်းထိပ်အရောက် လူ ၂ ဦးမှ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ပြီး မဇွန်ပွင့်လှိုင်ကို ကားဖြင့် ကယ်ထုတ်သွားသည်ဟုစစ်လော်ဘီတွေကဖော်ပြထားပါတယ်။ ပစ်ခတ်မှုကြောင့် အကြမ်းဖက် ဒုရဲအုပ် အမျိုးသား ၁ ဦး သေပြီး ဒုရဲအုပ် အမျိုးသမီး ၁ ဦး…