ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းနှစ်ဇွန်း

by

in

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းနှစ်ဇွန်း”

နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပေါက်ကြားမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အရေးကြီးအချက်အလက်တွေ ပါလာတာတွေ့ရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နေမထွက်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုဝင်ရောက်စီးနင်းမှုအကြောင်း၊ CRPH ဖွဲ့ဖို့ ကြိုပြင်ခဲ့လား၊ PDF က လက်နက်ကိုင်တော်လှန်တာ သိလားဆိုတဲ့ မေးခွန်းတွေအကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကင်မရာကတဆင့် မိနစ်အလိုက်စောင့်ကြည့်ခံနေရတဲ့ အကြောင်းတွေဖြစ်ပါတယ်။
ဒီအကြောင်းတွေ ဘယ်လောက်ခိုင်မာမှုရှိလဲဆိုတာကို ဘီဘီစီက စုံစမ်းရေးသားထားပါတယ်။
ဒီမှတ်တမ်းတွေထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့လယ်စာမှာ ထမင်းနှစ်ဇွန်းပဲ စားတယ်ဆိုလို့ ဆိုထားပြီး ထောင်ဇာတ်လမ်းတစ်ခုကို ညွှန်းဆိုနေပါတယ်။

နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပေါက်ကြားမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အရေးကြီးအချက်အလက်တွေ ပါလာတာတွေ့ရပါတယ်။

သူ့ကို မိနစ်အလိုက်စောင့်ကြည့်ထားတဲ့မှတ်တမ်း၊ ဂါးဒီးယန်းသတင်းဌာနက ထုတ်လိုက်တဲ့ တရားခွင်ဗီဒီယိုနဲ့ ထွက်ဆိုချက်မှတ်တမ်းတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကာလအတွင်းမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီပေါက်ကြားမှုထဲက ထွက်ဆိုချက်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နေမထွက်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုဝင်ရောက်စီးနင်းမှုအကြောင်း ပါဝင်လာပါတယ်။

ဒါ့အပြင် တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့အကြောင်း အသိပေးတဲ့အကြောင်းတွေလည်း ပါလာတာတွေ့ရပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာ တစ်ခုက ဒေါ်အောင်ဆန်းစုကြည်မိနစ်အလိုက်စောင့်ကြည့်ခံထားရတဲ့ထောင်တွင်းမှတ်တမ်းဖြစ်ပြီး တစ်နေ့တာလှုပ်ရှားမှုအားလုံးကို လုံခြုံရေးကင်မရာကတဆင့် အချိန်ပြည့်စောင့်ကြည့်ခံနေရတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။