သန်လျင်မြို့နယ်၌ ဖမ်းဆီးခံထားရသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်​နေ

by

in

သန်လျင်မြို့နယ်၌ ဖမ်းဆီးခံထားရသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်​နေ
ဇူလိုင်-၂၊၂၀၂၅။သတိုး/People’s Spring

စစ်​ကောင်စီက သန်လျင်မြို့နယ်၌ ယ​နေ့ နံနက်တွင် ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်ကြောင်း တော်လှန်အင်အားစုများကပြောသည်။
“အင်္ကျီအဖြူနဲ့ ကောင်က ချစ်ဇင်လင်း၊တောထဲမှာ အာဏာ ငွေကြေး အလွဲသုံးစားလုပ် ရဲဘော်တွေကို နှိပ်စက်ညှင်းပန်းပြီး စကစ ဆီမှာ ပြည်သူတွေ လှူတဲ့ လ-နတွေနဲ့ သူ့လူတွေခေါ်ပြီး အလင်း ဝင်ထားတာ ကြာပြီ ။မြို့ပေါ်က ကျန်ခဲ့တဲ့ ရဲဘော် မိသားစုဝင် တွေကိုတောင်ခြိမ်းခြောက်ခဲ့တဲ့ကောင် ၊ဘေးကသူ့မိန်းမ ထောက်ပို့ အမည်ခံပြီး လိမ်နေရင်း အဖမ်းခံရလို့ကယ်တာ တလရသစ္စာဖောက်ကောင် ဖောက်ပြန်ရေးသမားတွေ၊ဘာမှသနားစရာ စောက်ကြောင်းမရှိဘူး ” ဟု ‌ရဲဘော်တစ်ဦးက စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် ဓာတ်ပုံနှင့်အတူရေးသားထားသည်။
ယင်းအဖွဲ့သည် ၂၀၂၃ ဇူလိုင်လတွင် လက်နက် ၊ ငွေသိန်းထောင်ကျော် နှင့်အတူ စစ်ကောင်စီထံ၌ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု Thanlyin Media ကဖော်ပြထားသည်။
လက်ရှိတွင် စစ်ကောင်စီထံ အဖမ်းခံရသည့် အ
မျိုးသမီးသည် ထောက်ပို့ အမည်ခံဆက်လက်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“တပ်မဟာ (၇)ကနေ တောကျီးကန်းနဲ့ပါလာတယ်။ ပါလာပြီးတော့ အဲကောင်တွေ လက်နက်နဲ့အတူ အလင်းဝင်သွားတယ်။ စစ်ကောင်စီဘက်ကို ပါသွားတယ်။ အခုဖမ်းခံရတဲ့ ကောင် မလေးက သူ့ရဲ့မိန်းမပေါ့။ သူ့ရဲ့မိန်းမကို ပြန်ကယ်ရင်းနဲ့ အခုဖမ်းခံရတာပေါ့”ဟု PDF တောင်ပိုင်းစစ်ဒေ၊ အမှတ် (၂)စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယင်းနှင့်ပတ်သက်၍ ​တောကျီးကန်းစစ်​ကြောင်းကို​မေးမြန််းရာ အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်​​ကြောင်း​ပြောသည်။ သို့သော်လည်း စစ်​ကောင်စီက ဇူလိုင် ၂ ရက်တွင်ဖမ်းဆီးသူများဟုတ်၊မဟုတ် အတည်ပြုရန် စီစစ်​နေ​ကြောင်းဆက်​ပြောသည်။
ထိုအပြင် ချစ်ဇင်လင်း (​ခေါ်) အင်ဒရူးသည် ကရင်ပြည်နယ်တွင် National Special Force အမည်ဖြင့်အဖွဲ့ထူ​ထောင်ခဲ့ပြီး ၂၀၂၃ ဇူလိုင်လတွင် ဒုတပ်ခွဲမှူး ရန်ကုန် (ခေါ်) ဘုန်းမြင့်အောင် နှင့်အတူ ​ငွေများ၊လက်နက်များကိုပါယူ​ဆောင်၍ စစ်​ကောင်စီဖြင့်ပူး​ပေါင်းသွားခဲ့​ကြောင်းသိရသည်။ထို​ကြောင့် National Special Force ကို ၂၀၂၃ စက်တင်ဘာလတွင်ဖျက်သိမ်းခဲ့​ကြောင်း အဖွဲ့မှကျန်​ခေါင်း​ဆောင် တစ်ဦးက RFA သတင်းဌာနကို​ဖြေကြားခဲ့သည်။ချစ်ဇင်လင်း (​ခေါ်) အင်ဒရူး နှင့်
ရန်ကုန် (ခေါ်) ဘုန်းမြင့်အောင် တို့သည် အဖွဲ့အတွက် အလှူခံရရှိထား​သော ထိုင်းဘတ်ငွေ ၁၀ သိန်းနီးပါးကို ယူ​ဆောင်သွားခြင်းဖြစ်​ကြောင်းသိရသည်။
ချစ်ဇင်လင်းပါ အဖွဲ့သည် ဇူလိုင် ၁ ရက်ညက လှိုင်သာယာမြို့နယ်ရဲစခန်း၌ နိုင်ငံရေးပုဒ်မတပ် ဖမ်း
ဆီးခံထားရသည့် အမျိုးသမီကို ဆေးရုံလိုက်ပို့ချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်၍ ကယ်တင်သွား​ကြောင်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်မီဒီယာများကစတင်​ဖော်ပြသည်။ထို့​နောက်ဇူလိုင် ၂ ရက်နံနက်တွင် သန်လျင်မြို့နယ် ဘော့သပြေကန်ကျေးရွာအနီး၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များက ဓါတ်ပုံဖြင့်ဖြန့်ချီပြန်သည်။ထို့အပြင် ၎င်းတို့က ရဲများကိုပစ်ခတ်၍ ကယ်သွားသည်ဆို​သော CCTV ရုပ်သံမှတ်တမ်းကိုပင် ဇူလိုင် ၂ ရက် ​ည​နေပိုင်းတွင်ထပ်မံဖြန့်ချီ​နေပြန်သည်။

လှိုင်သာယာက ရုပ်ရှင်ဆန်ဆန်လူကယ်မှုတွင်ပါဝင်သူတွေဟာ PDFတွေမဟုတ်ကြောင်းတွေ့ရှိရ
AAMIJ / ဇူလိုင် ၂
ယမန်နေ့ည ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခွဲခန့်ကလှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရဲစခန်းထဲတွင် ၅၀(ည)ဖြင့် ဖမ်းဆီးခံထားရတဲ မဇုန်ပွင့်လှိုင်ကို ကယ်ထုတ်သွားတဲ့သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDFတွေလို့ စစ်တပ်မီဒီယာတွေနဲ့ စစ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကဖော်ပြကြပါတယ်။
အဆိုပါ လူကယ်ခဲ့တဲ့ကိစ္စမှာ ပါဝင်သူတွေထဲကအန်ဒရူး (ခေါ်) ချစ်ဇင်လင်းဟာ ၎င်းရဲ့အမျိုးသမီးဖြစ်သူကိုသာကယ်တင်တာဖြစ်ကြောင်း နဲ့ တော်လှန်ရေးနဲ့ပါတ်သက်မှုမရှိကြောင်း PDFတွေလဲမဟုတ်တော့တာကြာခဲ့ပြီလို့ တောင်ပိုင်းတိုင်းက တိုက်ခိုက်ရေးနဲ့ ထောက်ပို့တာဝန်ယူထားသူ သေရွာပြန်မိုင်မိုင်း ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်တွင်ပါဝင်ခဲ့သူတွေဟာ တစ်ချိန်က National Special Force အမည်နဲ့ စစ်ရေးလှုပ်ရှားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDFတွေဖြစ်ခဲ့ပေမဲ့
၂၀၂၃ခုနှစ်ထဲက စစ်တပ်နဲ့ပူးပေါင်းသွားတယ်လို့ RFA Burmese သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။
အဆိုပါ ပါဝင်သူတွေဟာ ကရင်ပြည်နယ်မှာ National Special Force အမည်နဲ့ စစ်ရေးလှုပ်ရှားခဲ့ပြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ငွေကြေးနဲ့လက်နက်တွေ ယူဆောင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက် သူတို့အဖွဲ့ကို ၂၀၂၃ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က စပြီး ဖျက်သိမ်းထားကြောင်းသိရပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လက ဒုတပ်ခွဲမှူး ရန်ကုန် (ခေါ်) ဘုန်းမြင့်အောင် ၊တပ်ခွဲမှူး တာဝန်ယူခဲ့တဲ့ အန်ဒရူး (ခေါ်) ချစ်ဇင်လင်း နဲ့ တပ်စုမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ထိပ်ပေါက် (ခေါ်) မင်းသူရိန် တို့ဟာ အဖွဲ့အတွက် အလှူခံရရှိထားတဲ့မြန်မာ ကျပ်ငွေ သိန်း ၉၀၀ခန့် တန်ဖိုးရှိတဲ့ ထိုင်းဘတ်ငွေ ၁၀ သိန်းနီးပါး နဲ့ သေနတ်တစ်လက် လက်ပစ်ဗုံးတစ်လုံး ကျည် ၂၅၀ နဲ့ အခြားဆက်စပ်ပစ္စည်း စုစုပေါင်း ကျပ်သိန်း ၁၅၀ ခန့် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်ပြီး စစ်ကောင်စီထံပူးပေါင်းသွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒိ စစ်ကောင်စီနဲ့ပူပေါင်းသွားတဲ့သူတွေဟာကျန်နေတဲ့ PDF ရဲဘော်တွေကို သူတို့နည်းလမ်းအတိုင်း စစ်ကောင်စီထံ ပူးပေါင်းဖို့နဲ့ မပူးပေါင်းရင် မြို့ပြမှာကျန်ရစ်တဲ့ မိသားစုဝင်တွေကို အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီဖက်ကတော့ အဆိုပါ အန်ဒရူး (ခေါ်) ချစ်
ဇင်လင်းတို့အဖွဲ့ဟာ PDFတွေဖြစ်ကြောင်းနဲ့ ၎င်းတို့ကိုသံလျင်မှာ နေ့ချင်းဖမ်းမိတာဖြစ်ကြောင်းပြောဆိုနေပေမဲ့ အဆိုပါ လူကယ်တဲ့အဖွဲ့ဟာ PDFမဟုတ်တော့တာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်တာနဲ့ ၎င်းတို့စစ်တပ်နဲ့ပူပေါင်းထားသူဆိုတာကို ဖုံးကွယ်ထားခဲ့ပါတယ်။
#aamij #Yangon

ရန်ကုန်မှာ ရဲတွေလက်က ရုပ်ရှင်ဆန်ဆန်ကယ်ထုတ်သွားတဲ့သူတွေကို ပြန်ဖမ်းမိ ၊ ပီဒီအက်ဖ်တွေနဲ့ မဆိုင်ဟု နီးစပ်သူ ပြော
—-
BVJ/ယူဂရင်း_ ဇူလိုင် ၂၊ ၂၀၂၅
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသမီးတစ်ဦးကို ရဲတွေလက်ကနေ ကယ်ထုတ်သွားသူတွေကို ဒီနေ့မနက်မှာ ပြန်ဖမ်းမိပြီလို့ စစ်ကောင်စီလက်အောက်ခံ ချန်နယ်တွေမှာ တပြိုင်ထဲဖော်ပြလာကြပါတယ်။
ဒါပေမယ့် ဒီအဖွဲ့ဟာ စစ်ကောင်စီမီဒီယာတွေမှာ ပါသလို ပီဒီအက်ဖ်တွေမဟုတ်ဘဲ အခြားသူတွေသာ ဖြစ်တယ်လို့ ရန်ကုန်မြေအောက်လှုပ်ရှားမှုတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ စွဲချက်တင်ခံထားရတဲ့ မဇွန်ပွင့်လှိုင်ဟာ အရေးပေါ် နာမကျန်းဖြစ်တာကြောင့် လှိုင်သာယာမြို့နယ်ဆေးရုံကို ဒုရဲအုပ်နှစ်ယောက်နဲ့ မနေ့က ည ၇ နာရီခွဲ အချိန် ခေါ်ဆောင်လာချိန်မှာ စက်မှုဇုန် ၂ ၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်မှာ အသင့်စောင့်နေတဲ့ သူတွေက ရဲတွေကိုသေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခံထားရသူကို ကားနဲ့တင်ဆောင် ကယ်ထုတ်သွားတာဖြစ်ပါတယ်။
PDF အဖွဲ့တွေ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒုရဲအုပ်အမျိုးသားသေဆုံးသလို အမျိုးသမီးဒုရဲအုပ်ဟာလည်း ပခုံးမှာသေနတ်ဒဏ်ရာခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဆိုပါတယ်။
ဖမ်းဆီးခံထားရသူဟာ စစ်ကောင်စီနဲ့ရင်းနှီးတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု နဲ့ နီးစပ်တယ်လို့ ပြောဆိုမှုတွေ ရှိပေမယ့် BVJ ကတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ပက်သက်နေသူတွေကို ဖမ်းဆီးမိရင် အလုံပိတ်စစ်ကြောရေးစခန်းတွေမှာ ပြင်းပြင်းထန်ထန် စစ်ဆေးလေ့ရှိပြီး ဆေးဝါးကုသမှုလည်း အလုံအလောက်ပေးလေ့မရှိတဲ့အချိန်မှာ အစောင့်ရဲတပ်သားလိုက်ပါခြင်း မရှိဘဲ အရာရှိအဆင့်တစ်ဦးသာမက နှစ်ဦး ထိလိုက်ပါပြီး တရားခံကို ဆေးခန်းကိုလိုက်ပို့တယ်ဆိုတဲ့ အချက်ကလည်း ထူးခြားနေကြောင်း စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာမှတ်တမ်းတင်နေသူတဦးက ဆိုပါတယ်။
အဲ့ဒီကယ်ထုတ်သူတွေနဲ့အတူ မဇွန်ပွင့်လှိုင်ကို ဒီနေ့ မနက်ပိုင်းမှာ သန်လျင်မြို့နယ်မှာ ပြန်လည်ဖမ်းမိပြီလို့ ဓာတ်ပုံတွေနဲ့တကွ စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြလာကြတာပါ။ပြန်ဖမ်းမိပြီလို့ဖော်ပြချိန်မှ ပစ္စတိုသေနတ် နှစ်လက်၊ ကျည်ဆံတွေနဲ့အတူပါဝင်တယ်လို့ ဖော်ပြပါတယ်။
ဓာတ်ပုံ – အရပ်ဝတ် စကစ တပ်ဖွဲ့ဝင်များ က ကယ်ထုတ်သူများကို ဖမ်းဆီးထားပုံ