ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်

by

in

ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်
ဇူလိုင် ၂၊ ၂၀၂၅

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံမှုမှာ မကွေးတိုင်း စစ်ဆင်ရေးစီမံချက်နဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကျောင်းသားလက်ရုံးတပ်တော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းတွေကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေကို မျှဝေအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာန တာဝန်ရှိသူတွေနဲ့ ပိုမိုရင်းနှီးစွာ တွေ့ဆုံပြီး မြေပြင်လုပ်ငန်းစဥ်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။