Category: News
-
မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီးကို အုပ်စုဖွဲ့ပြီး ရန်ပြုကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား
မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီးကို အုပ်စုဖွဲ့ပြီး ရန်ပြုကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား ဇွန် – ၈ ၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring မန္တလေးမြို့မှာ အမျိုးသား ခြောက် ဦးက အုပ်စုဖွဲ့ပြီး ဆိုင်ကယ်စီး အမျိုးသမီး ကို ရန်ပြုကာ ဆိုင်ကယ် လုယက်သွားတဲ့ ဖြစ်စဉ် မနေ့ ဇွန်လ ၇ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံသူနဲ့ နီးစပ်သူတွေထံကသိရပါတယ်။ အဲဒီဖြစ်စဉ်က မဟာအောင်မြေမြို့နယ် ၇၁လမ်း ၊ ၃၈ လမ်း (အေ )မှာ Scoopy အမျိုးအစား ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးကို အုပ်စုဖွဲ့ လုယက်တာပါ။ ဆိုင်ကယ် သုံး စီးနဲ့အမျိုးသား ခြောက်ဦးဟာ အမျိုးသမီး ဆိုင်ကယ်နောက်ကို…
-
သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံရရှိ
သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံရရှိ ဇွန် ၈၊ ၂၀၂၅ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျုဟာအမှတ် −၂ ပူးပေါင်းတပ်ဖွဲ့ဟာ သပြေကုန်းရွာဘုန်းကြီးကျောင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်အုပ်စုဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ MA…
-
Breaking News- ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နမ့်စန်လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာသော ဆီဘောက်ဆာကား ၁ စီးကို စစ်သား ၂ ဦးနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိ
Breaking News- ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နမ့်စန်လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာသော ဆီဘောက်ဆာကား ၁ စီးကို စစ်သား ၂ ဦးနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိ ရန်ကုန်၊ ဇွန် ၈ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နမ့်စန်လေတပ်အတွက် လေယာဉ်ဆီ သယ် ဆောင်လာသော ဆီဘောက်ဆာကား ၁ စီးကို စစ်သား ၂ ဦးနှင့်အတူ တော် လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိကြောင်း Aung San’s Land Natmauk ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်း နတ်မောက်မြို့နယ်ဘက်မှ အမြန်လမ်းမပေါ်သို့ ထွက်ခွာလာ သော အကြမ်း ဖက်စစ်ကောင်စီ၏ လေယာဉ်ဆီဘောက်ဆာ…
-
ဗြိတိန်တွင် ကိုဗစ်မျိုးကွဲအသစ် ပျံ့နှံ့နေပြီး လှိုင်းအသစ် ဖြစ်လာနိုင်
ဗြိတိန်မှာ Nimbus လို့ခေါ်တဲ့ ကိုဗစ်-၁၉ မျိုးကွဲအသစ် ပျံ့နှံ့လာပြီး ဆေးရုံတက်ရသူ ရုတ်တရက် များလာတယ်လို့ ဗြိတိန်အခြေစိုက် The Mirror သတင်းက ဖော်ပြပါတယ်။ ကျန်းမာရေးပညာရှင်တွေက ရောဂါလက္ခဏာရှိသူတွေ အိမ်မှ နေကြဖို့ အကြံပြုချက် ထုတ်ပြန်ထားပြီး Nimbus ကူးစက်နှုန်းဟာ သိသိသာသာ တိုးလာနေသလို ဗြိတိန်မှာတော့ ကိုဗစ်မျိုးကွဲအသစ်ဟာ အခု စနေပြီဖြစ်တဲ့ နွေရာသီမှာ လှိုင်းအသစ်တခု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဗြိတိန်ကျန်းမာရေး လုံခြုံရေးအေဂျင်စီ(UKHSA)ကတော့ ကိုဗစ်မျိုးကွဲသစ် ပျံ့နှံ့တာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်နေပါတယ်လို့ ဆိုပါတယ်။ UKHSA ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဂါယာထရီ အာမီသာလင်ဂမ် က မျိုးကွဲကို ဗြိတိန်မှာ ဒီနေ့အထိ နည်းနည်းလေးပဲ တွေ့ရှိထားပေမယ့် နိုင်ငံတကာ အချက်အလက်တွေအရ ဒါဟာ ကိုဗစ်-၁၉…
-
ရန်ကုန်တွင်အုပ်ကြီးများ အိမ်ထောင်စုစာရင်းလိုက်ကောက်နေ
ရန်ကုန်တွင်အုပ်ကြီးများ အိမ်ထောင်စုစာရင်းလိုက်ကောက်နေ ဇွန်-၈၊၂၀၂၅။ရဲခေါင်/People’s Spring ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၁၈ နှစ်ပြည့်သူများ ရှိ၊မရှိ စစ်ဆေးရန် နှင့် ၁၈ နှစ်ပြည့်ပါက မှတ်ပုံတင် လုပ်ပေးရန် ဆိုကာစာရင်း ကောက်ယူနေခြင်းဖြစ်ကြောင်း စစ်ကောင် စီ၏အုပ်ချုပ်ရေးအဖွဲ့ဝင် များက ပြောကြောင်း သိရသည်။ “နေ့ခင်းဘက်ကြီး သုံးယောက်လောက် အိမ်ရှေ့ ရောက်လာတာ။ဘာကိစ္စလဲမေးတော့ ဒီအိမ်မှာ ၁၈ နှစ် ပြည့်ခါစ တွေရှိသလား။မရှိဘူး လို့ပြောတော့ အိမ် ထောင်စုစာရင်းစာရွက်တောင်းတယ်။ပြီးတော့ ဓာတ်ပုံ ရိုက်ပြီး ပြန်သွားတယ်”ဟု ရွှေပြည်သာမြို့နယ် နေသူ တစ်ဦးက ပြောသည်။ အင်းစိန်၊မရမ်းကုန်း၊မြောက်ဒဂုံ အရှေ့ဒဂုံ ၊ကမာရွတ်မြို့နယ်တို့တွင်လည်း အလားတူဖြစ်စဥ်မျိုးရှိနေသည်ဟု ဒေသခံများက ပြောသည်။ “အိမ်ထောင်စုစာရင်းတွေ…
-
မုတ်သုံလေနှင့် လေပွေလှိုင်းအရှိန်ကြောင့် လာမည့် တစ်ပတ်အတွင်း ရက်ရှည်ထစ်ချုန်းမိုးရွာကာ မိုးကြီးမည်
မုတ်သုံလေနှင့် လေပွေလှိုင်းအရှိန်ကြောင့် လာမည့် တစ်ပတ်အတွင်း ရက်ရှည်ထစ်ချုန်းမိုးရွာကာ မိုးကြီးမည် ဧရာဝတီတိုင်းမ် ဇွန် ၈ ရက် မုတ်သုံလေနှင့်လေပွေလှိုင်းအရှိန်ကြောင့် လာမည့်တစ်ပတ် ဇွန် ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းမိုးကြီးပြီး ရေကြီးရေလျှံနိုင်ကြောင်းစစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာမှုနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကရင် ၊ ကရင်နီ (ကယား)၊ ချင်း၊ မွန်၊ ရခိုင် ၊ ရှမ်းပြည်နယ်( တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်…
-
နှစ်ဖက်အကျိုးရှိမယ့် ဆက်ဆံရေးဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့အနီးကပ်ပူးပေါင်းမယ်လို့ စစ်ခေါင်းဆောင်ဆို
နှစ်ဖက်အကျိုးရှိမယ့် ဆက်ဆံရေးဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့အနီးကပ်ပူးပေါင်းမယ်လို့ စစ်ခေါင်းဆောင်ဆို ဇွန် – ၈ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring မြန်မာ – တရုတ် နှစ်နိုင်ငံ ကြား နောက်လာမယ့် ဆယ်စုနှစ်တွေအထိ အပြန်အလှန်အကျိုးရှိမယ့် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ဒီနေ့ (ဇွန်လ ၈ ) ရက်မှာ ကျရောက်တဲ့ မြန်မာ – တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ် မြောက် အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ တရုတ်နဲ့အနီးကပ် ပူးပေါင်းဆောင်ရွက်လိုတာကို စစ်ကောင်စီခေါင်းဆောင်က ထည့်သွင်းရေးသားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့…
-
AA ထိန်းချုပ်ထားသော သံတွဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်မကြာခဏပစ်ပြီး ဗုံးကြဲ
AA ထိန်းချုပ်ထားသော သံတွဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်မကြာခဏပစ်ပြီး ဗုံးကြဲ ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်သံတွဲမြို့ကို ဇွန်လဆန်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီက ယမန်နေ့ (ဇွန်လ ၇ရက်)ညတွင်လေကြောင်းမှဗုံးကြဲခဲ့သည်။ သံတွဲမြို့၊စစ်သားစုဆောင်းရေးတပ်ကိုဇွန် ၇ ရက် ည ၁၀ နာရီ မိနစ် ၄၀မိနစ်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။ “လူအထိအခိုက်မရှိခဲ့ဘူးလို့သိရတယ်။ ထူးခြားမှုအနေနဲ့ကတော့ သံတွဲမြို့ကို ဒီရက်ပိုင်းမှာပင်လယ် ထဲကနေ လက်နက်ကြီးနဲ့လှမ်းလှမ်းပစ်တယ်။သူတို့မထိန်းချုပ်နိုင်တဲ့နေရာကိုအနှောက်အယှက် ပေးနေတဲ့သဘောပဲ”ဟု ၎င်းကပြောသည်။ စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် သံတွဲမြို့နှင့် ဂွမြို့ကို ဇွန်လ၃ရက်နေ့ညမှစ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်။ပင်လယ်ပြင်၌ ရှိနေသည့် စစ်ရေယာဉ် ၃ စီးက ပစ်ခတ်ခြင်းဖြစ်ပြီးဒေသခံများသည် ယခုရက်ပိုင်း ပင်လယ်ပြင်၌ငါဖမ်းမထွက်ကြကြောင်း သတင်းရရှိသည်။ သံတွဲမြို့သည် စစ်ကောင်စီ၏ မောင်ရွှေလေးရေ တပ်စခန်းရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက် တင်ဘာလ…
-
တောင်ဒဂုံတရားရုံးတပ်စွဲထားသော စစ်တပ်ကို ၇၉ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို
တောင်ဒဂုံတရားရုံးတပ်စွဲထားသော စစ်တပ်ကို ၇၉ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို ရန်ကုန် ၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံး၌ တပ်စွဲထားသော စစ်တပ်ကို ၇၉ မမ လောင် ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိရောက်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၇ ရက် ည ၁၀ နာရီ ၃၅ မိနစ်က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ အကြမ်းဖက် စစ် တပ်လက် အောက်ခံ မြို့နယ်တရားရုံး၌ တပ်စွဲကာ လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သား များကို ၇၉ မမ လောင်ချာဖြင့် ၄၀ မမ…
-
စစ်သင်တန်းဆင်းပြီး ၁ ရက်အကြာ စစ်မှုထမ်းအပတ်စဉ် ၁၁ မှ တပ်သားသစ်များကို နိုင်ငံတစ်ဝန်း ရှေ့တန်းစစ်မြေပြင်များသို့ စတင်ပို့ဆောင်၊ တပ်သားသစ်များ၏ ဖုန်းများ အသိမ်းခံရပြီး မိသားစုများနှင့်အဆက်အသွယ်များ ပြတ်တောက်
စစ်သင်တန်းဆင်းပြီး ၁ ရက်အကြာ စစ်မှုထမ်းအပတ်စဉ် ၁၁ မှ တပ်သားသစ်များကို နိုင်ငံတစ်ဝန်း ရှေ့တန်းစစ်မြေပြင်များသို့ စတင်ပို့ဆောင်၊ တပ်သားသစ်များ၏ ဖုန်းများ အသိမ်းခံရပြီး မိသားစုများနှင့်အဆက်အသွယ်များ ပြတ်တောက် ရန်ကုန်၊ ဇွန် ၈ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း တပ်သားသစ်များကို မကွေး၊ ရခိုင်၊ စစ်ကိုင်း၊ ကရင်နီ အပါအဝင် ရှေ့တန်းစစ်မြေပြင်များသို့ စတင်ပို့ဆောင်၊ ဖုန်းများ အသိမ်းခံရပြီး မိသားစုများနှင့်အဆက် အသွယ်များ ပြတ်တောက်သွားကြောင်း စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း တပ်သားသစ်တချို့၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၆ ရက်နေ့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(ဂျိုးဖြူ) တွင် စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း၊…