စွန် ဂိုင်း ပတာနီတွင် မြန်မာအလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးနေသည့်အခြေအနေဖြင့် တွေ့ရှိ ပြီးတဲ့နောက်
အတူအခန်းဖော် ထွက် ပြေး သွား လို့ ကျန်တဲ့အဆောင်ကနေတဲ့သူအကုန် ၂၂ ဦးကို ဖမ်းဆီးထားတယ်လို့သိရပါတယ်
သတင်းရင်းမြစ်- ဘာနားမား
စွန် ဂိုင်း ပတာနီ ၊ ကဒါး – ဘန်ဒါးအူတာမာအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ယ နေ့တနင်္ဂနွေနေ့က နိုင်ငံခြားသားတစ်ဦး ဝမ်းဗိုက်နှင့် လည်ပင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့်ဟု သတင်းပေးပို့လက်ခံရရှိပြီးနောက်စုံစမ်းစစ်ဆေးမူများ စတင်နေပါပြီ
“ သေဆုံးတဲ့ သူ မှာ အသက် ၃၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သူ၏ အခန်းဖော် (မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ) နှင့် စကားများရန် ဖြစ်ပွားခဲ့သည်ဟု ကနဦးစုံစမ်းစစ်ဆေးမှုများအရ သိရှိရပါသည်။
“…အတူ နေတဲ့ သူငယ်ချင်း အခန်းဖော်ကတော့ အသက် ၅၀ ဝန်းကျင်ရှိသူဖြစ်ပြီး အမူဖြစ်ပွားပြီးတဲ့နောက် ဘေး ပတ်ဝန်း ကျင်မှာ ရှိ တဲ့
တော ထဲသို့ ထွက်ပြေးသွားခဲ့သည်ဟု ယူဆထားပါတယ်” ဟု ယနေ့ထုတ်ပြန်ချက်တွင် အသိပေးထားပါတယ်
ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှုနှင့်သက်ဆိုင်တယ်လို့ ယူဆရတဲ့ အဆောင်မှာရှိတဲ့ လူ ၂၂ ဦးကို ဖမ်းဆီးထားပြီး၊ လူသတ်မှုဖြစ်စဉ်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၀၂ အရ စစ်ဆေးလျက်ရှိသည်။
“အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမားအားလုံးသည် တရားဝင်အထောက်အထာူ စာရွက်စာတမ်းများ မရှိကြပါဖူးတဲ့”
ဒါကြောင့်ထိန်းသိမ်းစစ်ဆေးဖမ်းဆီးထားလိုက်တာပါ